မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 5 juli 2011

ဗုံးခွဲ တိုက်ခိုက်မှုများမလုပ်ရန်KIAခေါင်းဆောင်များညွန်ကြား

သန်းထိုက်ဦး Tuesday, 05 July 2011 16:55
.အစိုးရဌာနဆိုင်ရာအဆောက်အအုံအပါအ၀င်တံတားနှင့်တပ်စခန်းများကိုဗုံးခွဲတိုက်ခိုက်မှုများမပြုလုပ်ရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ရှေ့တန်း တပ်ဖွဲ့ဝင်များအားတနင်္ဂနွေနေ့က ညွန်ကြားထားကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။
ကချင်ပြည်နယ်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသန်းအောင်ဦးဆောင်သည့်အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIOကိုယ်စားလှယ်များဇွန်လ၃၀ရက်နေ့ကကချင်ပြည်နယ်လဂျားယံတွင်တွေ့ဆုံဆွေးနွေးနေစဉ်(ဓာတ်ပုံ-ဧရာဝတီ)
အစိုးရတပ်များက KIAနယ်မြေအတွင်းသို့ ချဉ်းကပ်လာပါကခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊ယခုညွန် ကြားထားခြင်း သည် အပစ်အခတ်ရပ်စဲရေး သဘော မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“အခိုင်အမာချထားတဲ့အစိုးရတပ်စခန်းကိုကျနော်တို့သွားပြီးတော့တိုက်ခိုက်တာမျိုးတော့လုပ်မှာမဟုတ်ဘူး”ဟု ဦးလနန်က ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လ၃ ရက်နေ့ကအစိုးရတာဝန်ရှိသူများနှင့်ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် တချို့ အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်၍တွေ့ဆုံဆွေးနွေးပြီးနောက်ပိုင်းယခုကဲ့သို့ ညွန်ကြားထားကြောင်း သိရသည်။
အစိုးရ အာဏာပိုင်များဘက်ကအပစ်အခတ်ရပ်စဲရေးအတွက်ထပ်မံဆွေးနွေးရန်ယခုအချိန်အထိ အကြောင်းပြန်ကြားခြင်းမရှိသောကြောင့်KIAဘက်ကစစ်ဆင်ရေးကို ခေတ္တရပ်ဆိုင်းထားရန် ဖြစ်နိုင်ကြောင်း စစ်ရေးလေ့လာသူ တဦးက ပြောသည်။
အပစ်အခတ်ရပ်စဲရေးနှင့်ပတ်သက်ပြီးတရားဝင်အထောက်အထားခိုင်ခိုင်မာမာပြရန်KIOဘက်က တောင်းဆိုခဲ့ရာ အစိုးရ ဘက်က အထက်ကိုတင်ပြမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ယင်း ဆွေးနွေးပွဲကို အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်၍ ကချင်ပြည် နယ် အမျိုးသားလွှတ်တော် အမတ် ဦးခက်ထိန်နန်၊ KIO က ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သော ကိုယ် စားလှယ် အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြသည်။
ပြီးခဲ့သည့် တပတ် စနေနေ့က ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် လှုပ်ရှားနေသော အစိုးရတပ် ခြေလျင်တပ်ရင်း ၂၉၀ မှ တပ်ကြပ်ကြီး အောင်ဇော်မိုး အပါအ၀င် တပ်သား ၅ ဦး KIA ထိန်းချုပ် နယ်မြေသို့ ၀င်ရောက်လာသောကြောင့်KIAတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး နောက်တနေ့ ပြန်လွှတ်ပေးခဲ့ကြောင်း ဦးလနန်က ပြောပြသည်။
မြစ်ကြီးနားမြို့မှ ဗန်းမော်မြို့သို့ ခရီးသည် ကားများ ပုံမှန် ပြန်လည် ပြေးဆွဲနေပြီး တချို့ကုန်သည်များက လိုင်ဇာမြို့အထိကုန် ပစ္စည်းများ လာတင်ကြောင်း သိရှိရသည်။
အစိုးရက ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA တပ်များအား လုံခြုံရေး အရ စိတ်မချရဟု အကြောင်းပြကာ ထွက်ခွာရန်ပြောဆိုခဲ့ပြီး ဇွန် ၉ ရက်နေ့က စတင်၍ တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားခဲ့ကြ သည်။
ယင်းတိုက်ပွဲများကြောင့် ဒေသခံ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်ခဲ့ကြပြီး KIA ထိန်းချုပ်ဒေသများတွင် နေထိုင်းလျက်ရှိ ကြောင်း သိရသည်။
ယခင် စစ်အစိုးရနှင့် KIOသည် ၁၉၉၄ ခုနှစ်က စတင်၍ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ ယမန်နှစ် အောက်တိုဘာလ အတွင်းက အစိုးရ သတင်းစာများ၌ KIAကို “သောင်းကျန်းသူ”ဟု ပြန်လည်သုံးနှုန်းခဲ့ ပြီးနောက် အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြယ်ခဲ့သည်။

Geen opmerkingen: