မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 8 juli 2011

KIAဘက်မှအပစ်ရပ်ရန်အစိုးရတောင်းဆို

ရန်ပိုင် Friday, 08 July 2011 18:03
ငြိမ်းချမ်းရေးဆွေးနွေးမှုကာလအတွင်းပစ်ခတ်တိုက်ခိုက်ခြင်း၊မိုင်းခွဲခြင်း၊အစိုးရအဆောက်အအုံများသိမ်းပိုက်ခြင်း တို့ကိုမပြုလုပ်ရန်၊ဖမ်းဆီးထားသူများကိုပြန်လွှတ်ပေးရန်မြန်မာအာဏာပိုင်တို့ကကချင်လွတ်လပ်ရေး တပ်မတော်(KIA)ကိုတနင်္လာနေ့တွင်စာရေးတောင်းဆိုလိုက်သည်။
ဇွန်လ၃၀ရက်နေ့ကKIAနှင့်ဗိုလ်မှူးကြီးသန်းအောင်ဦးဆောင်သည့်ညှိနှိုင်းရေးအဖွဲ့တို့အပစ်အခတ်ရပ်စဲရေး ဆွေးနွေးနေပုံ(ဓာတ်ပုံ-ဧရာဝတီ)
ထိုစာကိုဗိုလ်မှူးကြီးသန်းအောင်ဦးဆောင်သည့်ပြည်နယ်တည်ငြိမ်အေးချမ်းမှုညှိနှိုင်းရေးအဖွဲ့ကပေးပို့ခြင်း ဖြစ်ပြီး“ကချင်ပြည်နယ်အပါအ၀င်ပြည်ထောင်စု၏မငြိမ်းချမ်းသောအခြေအနေ”ကိုပြည်ထောင်စု လွှတ်တော်တွင်နိုင်ငံရေးနည်းအရဆွေးနွေးအဖြေရှာရန်တိုက်တွန်းထားသည်။
ညှိနှိုင်းရေးအဖွဲ့တွင်ကချင်ပြည်နယ်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးသန်းအောင်ကဦးဆောင်ပြီးအမျိုးသား လွှတ်တော်ကိုယ်စားလှယ်ဦးခက်ထိန်နန်၊ကချင်အမျိုးသားအတိုင်ပင်ခံအဖွဲ့ဥက္ကဋ္ဌဦးဆင်ဝါးနော်တို့ပါဝင်ကြောင်း ပေးစာတွင် ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့တွင် KIA ကလည်း ညှိနှိုင်းရေး အဖွဲ့သို့ စာရေးသား အကြောင်းပြန်လိုက်သည်။
နှစ်ဦးနှစ်ဘက်ဆွေးနွေးရာတွင်မြန်ဆန်လွယ်ကူစေရေးအတွက်တံတားတခုပြန်လည်ပြုပြင်မည့် အစီအစဉ်ကိုလက်ခံကြောင်း၊“အခြားကိစ္စရပ်များကိုမူနှစ်ဘက်သဘောတူညီချက်များရရှိပြီးသည့် နောက်တွင်ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားနိုင်မည်”ဖြစ်ကြောင်းKIAဒုစစ်ဦးစီးချုပ်ဗိုလ်မှူးချုပ်ဂွမ်မော် လက်မှတ်ရေးထိုး ပေးပို့သည့် စာတွင် ဖော်ပြထားသည်။
KIA၏ပြန်ကြားစာကိုတရုတ်နိုင်ငံယူနန်ပြည်နယ်အစိုးရသို့လည်းမိတ္တူပေးပို့ထားကြောင်း ဖော်ပြထားသည်။
KIAသည်ညှိနှိုင်းရေးအဖွဲ့နှင့်ဇွန်လ၃၀ရက်နေ့ကတကြိမ် တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး ဆွေးခဲ့သေးသည်။
ထိုသို့ဆွေးနွေးမှုများရှိနေစဉ်မှာပင်ဗုဒ္ဓဟူးနေ့ကကချင်ပြည်နယ်မိုးမောက်မြို့နယ်တွင်အစိုးရစစ်တပ်နှင့် KIA အကြားတိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု အတည် မပြုနိုင်သေးသောသတင်းများက ဆိုသည်။
ဗုဒ္ဓဟူးနေ့ထုတ်အစိုးရသတင်းစာတွင်KIAအဖွဲ့ကမန္တလေး-မြစ်ကြီးနားမီးရထားလမ်းကို မိုင်းထောင် ဖျက်ဆီးကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် လက မိုးမောက်မြို့နယ် အတွင်းရှိ တာပိန် ရေအားလျှပ်စစ် စီမံကိန်း အနီး KIA တပ်စခန်းအား အစိုးရက ဖယ်ရှားရန်ကြိုး စားရာမှ အစိုးရနှင့် KIA အကြား တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။

Geen opmerkingen: