မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 11 juli 2011

ရဲတံခွန်လုပ်ကွက်တွင်ရဟတ်ယာဉ်ပျက်ကျ၊လူ၃ဦးသေဆုံး

ရန်ပိုင် Monday, 11 July 2011 17:06
.တနင်္သာရီကမ်းလွန်ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းတွင်တူးဖော်နေသည့်မလေးရှားနိုင်ငံပိုင်ပက်ထ ရိုးနပ်စ်ကုမ္ပဏီမှသယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်တစီးယနေ့နံနက်ပိုင်းကပင်လယ်ပြင်အတွင်း ပျက်ကျသွားရာ လူ ၃ ဦး သေဆုံးသွားသည်။
              ရဲတံခွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှလုပ်ကွက်တခုမြင်ကွင်း(ဓာတ်ပုံ-3kachin.blogspot.com)
ရဟတ်ယာဉ်မှာမလေးရှားနိုင်ငံပိုင်ပက်ထရိုးနပ်စ်ရေနံကုမ္ပဏီကသယ်ယူပို့ဆောင်ရေးအတွက် ပြင်သစ်အခြေစိုက် ဟယ်လီ ယူနီယံ HeliUnionကုမ္ပဏီမှ ငှားရမ်းသုံးစွဲထားသည့် ရဟတ်ယာဉ်ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်တွင် လူ ၁၄ ယောက် လိုက်ပါ လာကြောင်း ပက်ထရိုနပ်စ်နှင့် နီးစပ်သူတဦးက ပြောသည်။
“တွင်းတူးစင်ကိုအသွား၃မိနစ်အတွင်းမှာပျက်ကျတာ၊ရေထဲရောက်တော့စောက်ထိုးဖြစ်နေတယ်၊ဒါပေမယ့် ဗော့တွေပါတော့ နစ်မသွားဘူး ပေါ်နေသေးတယ်” ဟု ၎င်းကဆိုသည်။
တွင်းတူးစင်တွင်အလုပ်လုပ်ကိုင်နေသူများနှင့်လူချင်းလဲလှယ်ရန်အသွားတွင်ပျက်ကျသွားခြင်းဖြစ်ပြီး ၁၁ ဦးကိုကယ်ဆယ်နိုင်ပြီးရဟတ်ယာဉ်မောင်းသူအပါအ၀င်မြန်မာ၃ဦးသေဆုံးသွားခြင်းဖြစ်ကြောင်းသူက ဆက်ပြောသည်။
အဆိုပါ ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ HeliUnionရဟတ်ယာဉ် ကုမ္ပဏီသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ပျက်ကျမှုမှာမှန်ကန်ကြောင်း၊သေဆုံးသူများ၏ အမည်နှင့် အသေးစိတ် အချက်အလက်ကို စုံစမ်းဆဲ ဖြစ်ကြောင်း ကုမ္ပဏီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် Ms.Pasi က ဧရာဝတီသို့ ပြောသည်။
တနင်္သာရီကမ်းလွန်ရှိရေနံနှင့်သဘာဝဓာတ်ငွေ့ထုတ်လုပ်ရေးတွင်မလေးရှားနိုင်ငံပိုင်ပက်ထရိုးနပ်စ် ကုမ္ပဏီအပြင် ထိုင်းနိုင်ငံပိုင် Ptt စွမ်းအင်ကုမ္ပဏီ၊ ပြင်သစ်ပိုင် တိုတယ် ကုမ္ပဏီများ လုပ်ကိုင်နေသည်။

Geen opmerkingen: