မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 8 juli 2011

ပန်းချီဆရာကြီးဦးခင်မောင်ရင်နှင့်ဆုံဆည်းပွဲလုပ်မည်

သောကြာနေ့၊ ဇူလိုင်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၁ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်အရပန်းချီဆရာကြီး ဦးခင်မောင်ရင်၏ပန်းချီကားများ
အား ရန်ကုန်ရှိ ဗြိတိသျှ ကောင်စီတွင် ဇူလိုင်လ ၁၃ ရက် ညနေပိုင်း၌ ပြသသွားမည် ဖြစ်သည်။
အစီအစဉ်ကိုAnencounterwithKinMaungYinဟုအမည်ပေးထားပြီးဆရာကြီးဦးခင်မောင်ရင်၏ ပန်းချီကားများကိုပြသထားမည်ဖြစ်ကာဆရာကြီးအကြောင်းရိုက်ကူးထားသည့်AlettertoKinMaungYin ဗီဒီယိုဇာတ်လမ်းတိုလည်း ပြသရန် စီစဉ်ထားသည်။
“ပန်းချီနဲ့ပတ်သက်တဲ့ပွဲကဒါပထမဆုံးပါ။ဆရာကြီးရဲ့ပန်းချီကားတွေပြဖို့ပါ။ဆရာကြီးကအသက်လည်းကြီးနေပြီ။ လမ်းလည်းကောင်းကောင်းမလျှောက်နိုင်တော့ဘူး”ဟုဗြိတိသျှကောင်စီမှစာကြည့်တိုက် ပြန်ကြားရေးအရာရှိ မယမင်းညီညီက မဇ္ဈိမကို ပြောသည်။
ဤအစီအစဉ်ကိုပန်းဆိုးတန်းGalleryနှင့်ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး၊စာကြည့်တိုက်အသင်းဝင်များ၊ပညာသင် လူငယ်များနှင့် တွေ့ဆုံမေးမြန်းပွဲလည်း စီစဉ်ထားသည်။
အသက်၇၃နှစ်အရွယ်ဦးခင်မောင်ရင်အားရွေးချယ်ရသည့်အကြောင်းနှင့်ပတ်သက်၍ “လက်ရှိ ရှိတဲ့အထဲမှာ
မော်ဒန်ပန်းချီကိုရှေ့ဆုံးကလုပ်ခဲ့တဲ့သူ။စာအုပ်စာတမ်းတွေလည်းရေးခဲ့သူ။နောက်လူငယ်တွေလည်း သူရေးတဲ့စာတွေဖတ်၊သူ့လက်ရာတွေကြည့်ပြီးစိတ်ကူးစိတ်သန်းတွေရလာကြပါတယ်။ အသက်အရွယ်အရရော၊ပညာအရရော၊အင်မတန်လေးစားကြပါတယ်။ဒါကြောင့်ဆရာ့ကိုဦးစားပေး ရွေးလုပ်တာပါ” ဟု ပန်းဆိုးတန်း Gallery မှ ကိုအောင်စိုးမင်းက မဇ္ဈိမကို ပြောသည်။
ပြပွဲတွင်ဆရာ၏အကောင်းဆုံးလက်ရာများထဲမှပုံတူနှင့်စိတ္တဇပန်းချီ၁၅ကားခန့် ရွေးချယ်ပြသထားမည်ဖြစ်သည်။
မြန်မာ့ခေတ်သစ်ပန်းချီလှုပ်ရှားမှုတွင်အရေးပါဆုံး၃ဦးမှာဦးခင်မောင်ရင်၊ဗဂျီအောင်စိုးနှင့်ဦးခင်မောင် (ဘဏ်)တို့ဖြစ်ပြီး၊ဦးခင်မောင်ရင်၏ထူးခြားချက်မှာဒြပ်မဲ့ပန်းချီအားစိုက်လိုက်မတ်တက်ရေးဆွဲခြင်း ဖြစ်ကြောင်း ဗြိတိန်နိုင်ငံလန်ဒန်မြို့တွင်နေထိုင်သည့်ပန်းချီဆရာထိန်လင်းကပြောသည်။
“ဦးခင်မောင်ရင်ရဲ့ထူးခြားချက်ကဒြပ်မဲ့ပန်းချီလမ်းကြောင်းကိုအရသာရှိရှိတစိုက်မတ်မတ်အခုချိန်ထိ
တောက်လျှောက်ရေးဆွဲဖန်တီးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အနုပညာလုပ်ငန်းကိုတောက်လျှောက် စိုက်လိုက်မတ်တတ်လုပ်တဲ့ သူထဲမှာသူတယောက်ပဲကျန်တော့တာ” ဟု သူကဆိုသည်။
ထို့အပြင်ဦးခင်မောင်ရင်မှာလွတ်လပ်စွာရေးဆွဲတတ်သူ၊လွတ်လပ်စွာနေထိုင်တတ်သူ၊အကြောက်တရား ကင်းသူတဦးအဖြစ် ကိုထိန်လင်းက ရှုမြင်သည်။
“အနုပညာရှင်တယောက်ယောက်ဟာတခုခုမှာတွယ်ငြိနေတတ်ပေမယ့်သူကတော့ငွေကြေးအပေါ်ရော၊အောင်မြင်မှု အပေါ်မှာရောတွယ်ငြိမနေဘူး။အကြောက်တရားထဲမှာလည်းနစ်မြုပ်မနေဘူး။ ဥပမာဒေါ်အောင်ဆန်းစုကြည် ဆီးရီးတွေဆို သူဘယ်လောက် လွတ်လပ်တယ်ဆိုတာ ဖော်ပြတာပဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူကို အများဆုံးဆွဲတဲ့ ပန်းချီဆရာထဲမှာ သူပါမယ်” ဟု သူက ပြောသည်။
ဦးခင်မောင်ရင်မှာကမ္ဘာကျော်ပန်းချီဆရာမိုဒီကလျာနီကိုအလွန်နှစ်သက်သူဖြစ်ရာသူ၏ ဒေါ်အောင်ဆန်းစုကြည်ပုံတူကားအချို့မှာလည်းမိုဒီကလျာနီ၏လက်ရာများကဲ့သို့လည်တိုင်ရှည်မျော၊ မျက်လုံး ဗာဒံသီးကဲ့သို့ရေးဆွဲတတ်ကြောင်း ကိုထိန်လင်းက ဆက်ပြောသည်။
သို့သော် ယခုအစီအစဉ်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူများ ပါဝင်ပြသမည် မဟုတ်ပေ။
“(ဒေါ်စုကားတွေ) ပြဖို့တော့ အစီအစဉ် မရှိပါဘူး။ ဒါမျိုးတွေက သိပ်ပြလို့ မကောင်းဘူးဆိုတော့ ပြဖြစ်မှာ
မဟုတ်ပါဘူး” ဟု ကိုအောင်စိုးမင်းက ပြောသည်။
ဦးခင်မောင်ရင်မှာစွယ်စုံအနုပညာရှင်တဦးဖြစ်ပြီးစာအုပ်များလည်းရေးသားပြုစုခဲ့ရာကျော်ကြားသော စာအုပ်တအုပ်မှာKoobOneဟုအမည်ရပြီး KoobမှာBookကိုဗြောင်းပြန်လုပ်ထားခြင်းဖြစ်ကြောင်း ကိုအောင်စိုးမင်းက “မော်ဒန် စကားပြေတခု စမ်းသပ်တာပေါ့။ တခြားစာအုပ်တွေကတော့ ‘အနုပညာစာ’၊
‘အနုပညာစံ’(ဇော်ဇော်အောင်နှင့်တွဲဖက်၍)၊‘ပေါ်ဦးသက်အလည်လာခြင်း’။နောက်ဆုံးထွက်တာဆို ‘ခင်မောင်ရင် ၇၂’ ပေါ့” ဟု ပြောသည်။
ထို့အပြင် မြန်မာ့ရုပ်ရှင်လောကတွင်လည်း မော်ဒန်ရုပ်ရှင် ကားတကား ‘နှမလက်လျှော့ နေလေတော့’ ကို ၁၉၆ဝ ပြည့်လွန်နှစ်များတွင် ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့သေးကြောင်း သိရသည်။
“အဲဒီဇာတ်ကားအရမ်းထူးခြားတယ်။ရုပ်ရှင်မင်းသားကိုရိုက်တာမဟုတ်ဘူး။ကင်မရာရှေ့တခါမှမဖြတ်ဖူးတဲ့သူ၊ ဂျာနယ်ကျော်မမလေးရဲ့သားသိန်းတန်ကဇာတ်လိုက်။ဇာတ်လမ်းအားဖြင့်လည်းဘာမှမပါဘူး”ဟု ကိုထိန်လင်းကပြောသည်။
ထိုမော်ဒန်ရုပ်ရှင်ကားမှာပရိသတ်ကလက်မခံ၍တပတ်ပြည့်အောင်ပင်ရုံမတင်ခဲ့ရသော်လည်း ဦးခင်မောင်ရင်ကကျေနပ်ခဲ့သည်ဟု ဆိုသည်။
ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်နေဆရာကြီးခင်မောင်ရင်၏ဘဝနှင့်လက်ရာများအကြောင်း ‘ThisIs KinMaungYin’ စာအုပ်ကို၂ဝ၁ဝနှစ်ကုန်ပိုင်းကအင်္ဂလိပ်ဘာသာဖြင့်မသိင်္ဂီကရေးသား ထုတ်ဝေခဲ့ဖူးပြီး ယခု တွေ့ဆုံပွဲတွင် ရောင်းချရန်လည်း စီစဉ်ထားသည်။





Geen opmerkingen: