မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 13 juli 2011

ကြံ့ဖွံ့ခေါင်းဆောင်များကချင်အရေးအတွက်မြစ်ကြီးနားသွား

ဖနိဒါ ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၁၁ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။ကချင်လွတ်မြောက်ရေးအဖွဲ့နှင့်အပစ်ခတ်ရပ်စဲရေးမရနိုင်ဘဲဖြစ်နေချိန်တွင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး၁ဦးအောင်သောင်းခေါင်းဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ကချင်ပြည်နယ်ဝန်ကြီးချုပ်ကဖွဲ့စည်းထားသောငြိမ်းချမ်းတည်ငြိမ်ရေးနှင့်ညှိနှိုင်းရေးအဖွဲ့ဝင်များနှင့် ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ကြာသပတေးနေ့တွင် တွေ့ဆုံဆွေးနွေးမှာဖြစ်သည်။
အာဏာရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏အတွင်းရေးမှူး၁နှင့်၂ဖြစ်သောဦးအောင်သောင်းနှင့်ဦးသိန်းဇော်တို့က ငြိမ်းတည်ညှိနှိုင်းအဖွဲ့ဝင် ၅ ဦးနှင့် မြစ်ကြီးနားမြို့သို့ လာရောက်၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး၌ မွန်းလွဲ ၂ နာရီတွင်
ဆွေးနွေးမှာ ဖြစ်သည်။
“သမ္မတဆီတိုက်ရိုက်ရောက်ဖို့သူတို့(ကြံ့ခိုင်ဖွံ့ဖြိုးရေးခေါင်းဆောင်များ)နဲ့စကားပါးရမယ်”ဟုငြိမ်းတည် ညှိနှိုင်း အဖွဲ့ဝင် ဦးဆင်ဝါးနော်က မဇ္ဈိမကို ပြောသည်။
နယ်စပ်မြို့လိုင်ဇာတွင်KIO၏ နှစ်ရက်ကြာလူထုဆန္ဒခံယူပွဲကိုဗုဒ္ဓဟူးနေ့တွင်ဆက်လုပ်ရာကိုယ်စားလှယ် ၁၃ဝ ခန့်အနက်အများစုကအစိုးရဘက်ကအပစ်ခတ်ရပ်ဆိုင်းကြောင်းခိုင်လုံသည့် သက်သေအထောက်အထား မပြနိုင်လျှင် ဆက်လက်တိုက်ခိုက်ရန် ဆန္ဒပြုခဲ့ကြသည်ဟု ဆွေးနွေးပွဲတက်ရောက်သူတဦးက ပြောသည်။
“တိုက်မယ်ဆိုတဲ့လူတွေက ၉ဝရာခိုင်နှုန်း ရှိတယ်။ ဒါပေမဲ့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက တိုက်နေလို့လည်း ငြိမ်းချမ်းရေး ရဖို့ ခက်တယ်။ အစိုးရဘက်က နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် လက်ခံသင့်တယ်ဆိုတာမျိုး
ပြောတယ်။အခုတော့တရားဝင်အစိုးရဖြစ်တဲ့အတွက်ဆွေးနွေးမယ်လို့ပြောတယ်”ဟုသူကမဇ္စျိမကို ပြောသည်။
“အမျိုးသားရေးအတွက်အခုကRightTimeအချိန်ကျပြီ။အချိန်တန်ပြီဆိုတော့မိမိတို့ကျရာကဏ္ဍကနေ လူငယ်တွေအားလုံးက ဘာကိုလိုချင်တယ်ဆိုတာတွေ သိနေတဲ့အတွက် လက်နက်ကိုင်တဲ့ စစ်တပ်ကလည်း စစ်တပ်ရဲ့တာဝန်ဆက်သွားမယ်။နိုင်ငံရေးဆွေးနွေးတဲ့လူတွေကလည်းနိုင်ငံရေးဆက်သွားမယ်။ ကျနော်တို့ လူငယ်တွေကလည်းကိုယ့်လူငယ်တွေရဲ့နေရာကနေကျရာကဏ္ဍကနေပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်ဆိုတဲ့သဘောတူညီကြတယ်”ဟုရန်ကုန်မြို့မှနေ၍လာရောက်သော ကချင်ကိုယ်စားလှယ်တဦးက မဇ္စျိမကို ပြောသည်။





Geen opmerkingen: