မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 8 juli 2011

ယာယီနိုင်ငံကူးလက်မှတ်သစ်များ၆နှစ်အထိသက်တမ်းတိုးပေး

သန်းထိုက်ဦး Friday, 08 July 2011 17:08
.ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်မည့်မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက်ဇူလိုင်လ၁ရက်နေ့မှစ၍ ယာယီနိုင်ငံကူးလက်မှတ်အသစ်လျှောက်ထားသူများကိုသက်တမ်း၆နှစ်အထိစတင်ပေးနေပြီဖြစ်ကြောင်း သိရသည်။
      ထိုင်းနိုင်ငံရနောင်းမြို့တွင်ဖွင့်လှစ်ထားသောယာယီနိုင်ငံကူးလက်မှတ်ရုံးဆိုင်းဘုတ်(ဓာတ်ပုံ-ဧရာဝတီ)
ထိုင်း-မြန်မာနယ်စပ်ရှိတာချီလိတ်၊ကော့သောင်းနှင့်မြဝတီတို့ရှိရုံးများတွင်ထိုင်းနိုင်ငံ၌ စိစစ်ထုတ်ပေးနေကြောင်း ယာယီ နိုင်ငံကူးလက်မှတ် သွားရောက်ပြုလုပ်သူများက ပြောသည်။
ရနောင်းမြို့မှယာယီနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူကိုကျော်ဇေယျက“အရင်ပတ်စပို့တွေကတော့ ပြီးခဲ့တဲ့လကုန်အထိ၃နှစ်ပဲရခဲ့တယ်။အခုပတ်စပို့လုပ်ချင်တဲ့သူတွေကပွဲစားတွေနဲ့ချိတ်လုပ်ရတယ်”ဟု ပြောသည်။
ယာယီနိုင်ငံကူးလက်မှတ်များကိုဘန်ကောက်ရှိ မြန်မာသံရုံးတွင်လည်းပြုလုပ်ပေးနေကြောင်း၊သို့သော် ယာယီ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမှုများကို ပွဲစားများမှတဆင့် ဈေးပိုပေးရကြောင်း သိရသည်။
ကိုကျော်ဇေယျက“အရင်ကဆို၂နှစ်သက်တမ်းတိုးဖို့ဘတ်၅၀၀(ကျပ်၁၃၀၀၀ခန့်)ပေးရတယ်။အခုဆို ဘတ် ၁၉၀၀(၄၉၄၀၀ကျပ်ခန့်)အထိပေးရတယ်”ဟုပြောသည်။ထိုသို့ပေးပြီးလုပ်ကြသည်မှာသက်တမ်းတိုးရန် နယ်စပ်သို့ ပြန်သွားရခြင်း၊ ထိုင်းဘက် ပြန်ဝင်ရခြင်း စသည်တို့ကို မလုပ်လိုသောကြောင့် ဖြစ်ကြောင်း သိရှိရသည်။
ထိုင်းနိုင်ငံတွင်အလုပ်လုပ်ခွင့်သက်တမ်း၎နှစ်ပေးထားသော်လည်းယာယီနိုင်ငံကူးလက်မှတ်က၃ နှစ်သက်တမ်းသာရှိသဖြင့်အခက်အခဲများရှိကြောင်း၊ထို့ကြောင့်ထိုင်းအစိုးရနှင့်ညှိနှိုင်း၍၆နှစ်အထိ သက်တမ်းတိုးပေးခြင်းဖြစ်ကြောင်းပြည်ပလုပ်သားရေးရာနှင့်လူကုန်ကူးမှုဆိုင်ရာသုတေသီစာရေးဆရာဝင်းနိုင်ထွန်းကို ကိုးကား၍ Eleven Media Group က သတင်းတွင် ဖော်ပြထားသည်။
ယာယီနိုင်ငံကူးလက်မှတ်သက်တမ်းများတိုးမြှင့်ပေးခြင်းနှင့်အတူပွဲစားများကလည်း မြန်မာအလုပ်သမားများထံမှငွေပိုတောင်းပြီးအမြတ်ထုတ်မှုများများပြားလာမည်ဟုထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ အတိုင်ပင်ခံ အန်ဒီ ဟောလ်က ပြောသည်။
မြန်မာသံရုံးကပွဲစားများဆောင်ရွက်ခြင်းကိုလက်ခံပေးခြင်းများရှိပြီးယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စိစစ်မှုတွင် လာဘ်ပေးလာဘ်ယူမှုများ ရှိနေသည်ဟုလည်း အန်ဒီ ဟောလ်က ထောက်ပြသည်။
၂၀၀၉ ခုနှစ် ဇူလိုင်လအတွင်းယာယီ နိုင်ငံကူးလက်မှတ်များကိုထိုင်း-မြန်မာနယ်စပ်ဒေသများ၌ ရုံးများ ဖွင့်လှစ်၍ ထုတ်ပေးခဲ့ပြီး မြန်မာရွှေ့ပြောင်း အလုပ်သမား၅သိန်းခန့်ယာယီနိုင်ငံကူးလက်မှတ်များ ပြုလုပ်ပြီး ဖြစ်သည်ဟု သိရသည်။
ထိုင်းနိုင်ငံအနှံ့တွင် မြန်မာပြည်သား စုစုပေါင်း ၂ သန်းမှ ၄ သန်း အထိရှိသည်ဟု အလုပ်သမားအဖွဲ့များက ခန့်မှန်း ထားကြသည်။

Geen opmerkingen: