မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 30 juli 2011

ခုံရုံးကြောင့်NLDအာဏာနှင့်လွဲဟုကော်မရှင်ပြော

လင်းသန့် Friday, 29 July 2011 18:02
.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သည်၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော်လည်းစစ်ခေါင်း ဆောင်များကိုနိုင်ငံတကာနျူရင်ဘတ်ခုံရုံးတင်ကာအရေးယူရန်ပြောဆိုခဲ့သဖြင့်အာဏာအလွှဲမခံရခြင်း ဖြစ်သည်ဟုနေပြည်တော်အစိုးရ၏ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသစ် ဦးတင်အေးက ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးကြည်မောင်ကို၁၉၉၅ခုနှစ်ကတွေ့ရပုံ။“နျူရင်ဘတ်လိုခုံရုံးမျိုးမလိုပါ”ဟူသော ဦးကြည်မောင်၏ပြောဆိုချက်ကိုအာဏာပိုင်တို့ကခြိမ်းခြောက်မှုတခုအဖြစ်သဘောထားခဲ့ကြသည်။ (ဓာတ်ပုံ - Nic Dunlop)
ဗုဒ္ဓဟူးနေ့ကနေပြည်တော်တွင်ရွေးကောက်ပွဲကော်မရှင်နှင့်နိုင်ငံရေးပါတီ၃၇ခု၏ခေါင်းဆောင်များ တွေ့ဆုံစဉ် ဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
“သူတို့အာဏာလွှဲမပေးခဲ့တာအဲဒါကြောင့်လို့ကော်မရှင်ဥက္ကဋ္ဌက မိန့်ခွန်းမှာ ထည့်ပြောတာ” ဟု အစည်းအဝေးတက်ရောက်ခဲ့သူ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီကို ပြောပြသည်။
နျူရင်ဘတ် ခုံရုံးဟူသောအသုံးအနှုန်းကို ၁၉၉၀ရွေးကောက်ပွဲကာလNLDကို ခေါင်းဆောင်ခဲ့သူ တဦး ဖြစ်သည့် ဦးကြည်မောင်က သုံးစွဲခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်က ဟောင်ကောင်အခြေစိုက်Asiaweekမဂ္ဂဇင်းမှ နိုင်ငံခြား သတင်းထောက်တဦး၏ “စစ်တပ်က စစ်ရာဇ၀တ်မှုတွေကျူးလွန်ခဲ့တာတွေကိုNLDက တရားစွဲဖို့လိုအပ်သလား”ဟူသော မေးမြန်းချက်ကို ဦးကြည်မောင်က “တို့ မြန်မာပြည်မှာ နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါဘူးကွာ”(“Here in Burma We do not need any Nuremberg-style tribunal”) ဟု ပြန်လည်ပြောဆိုခဲ့သည်။ ထိုအကြောင်း ၁၉၉၀ ဇူလိုင်လက Asiaweek တွင် ဖော်ပြခဲ့သည်။
နောက်ပိုင်းတွင်စစ်ထောက်လှမ်းရေးဒုတိယဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ကလည်း သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်စဉ် ဦးကြည်မောင်၏ ပြောဆိုချက်ကို မှားယွင်းကိုးကားခဲ့သည်ဟု ဦးသုဝေက ထောက်ပြသည်။
“အဲဒီတုန်းကဦးကြည်မောင်ပြောတာလည်းအဲဒီလိုမဟုတ်ဘဲနဲ့ဗိုလ်ချုပ်ခင်ညွန့်ကသတင်းစာရှင်းလင်းပွဲမှာ ဦးကြည်မောင်ကအဲဒီလိုပြောခဲ့တယ်ဆိုပြီးအဓိကပြောခဲ့တာ။မဟုတ်မှမဟုတ်တာ”ဟု ဦးသုဝေက ဆိုသည်။
ဦးကြည်မောင်သည်၂၀၀၄ခုနှစ်က ကွယ်လွန်ခဲ့သည်။
သူ၏ပြောဆိုချက်တွင်ပါဝင်သောနျူရင်ဘတ်သည်ဒုတိယကမ္ဘာစစ်ကာလ အတွင်း စစ်ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သော ဂျာမန်တို့ကို အပြစ်ပေး အရေးယူသည့် နိုင်ငံတကာ ခုံရုံးတခု ဖြစ်သည်။
မြန်မာဗိုလ်ချုပ်ကြီးများက ဦးကြည်မောင်၏ပြောဆိုချက်ကို နားလည်မှုလွဲခြင်း ဖြစ်သည်ဟု လက်ရှိ NLD ခေါင်းဆောင်များက ဆိုသည်။
“ကျနော်တို့NLDမှာ အဲဒီလိုသဘောထားလုံးဝမရှိဘူး”ဟုNLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ဧရာဝတီကို ရှင်းပြသည်။
NLD ခေါင်းဆောင်တဦးဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းကလည်း“NLDဟာ ဒီလိုမျိုး သဘောထား မရှိခဲ့ဘူး။ ဦးကြည်မောင်ကလည်း အဲဒီလို ပြောခဲ့တာ မဟုတ်ဘူး” ဟု ဆိုသည်။
မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ကုလသမဂ္ဂ၏ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းရေးကိုNLDကထောက်ခံကြောင်း၊ထိုကော်မရှင်သည်ခုံရုံး မဟုတ်ကြောင်း၊ အချက်အလက် ပြည့်စုံအောင် စုံစမ်းမည့် အဖွဲ့သာ ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
သို့သော်လည်းလူ့အခွင့်အရေးချိုးဖောက်သူများဖြစ်သည်ဟုနှစ်ပေါင်းများစွာဝေဖန်ခံခဲ့ရသည့် ဗိုလ်ချုပ်ကြီးများက နိုင်ငံတကာခုံရုံးနှင့် ပတ်သက်ပြီး လိုလားခြင်း မရှိကြောင်း ထင်ထင်ရှားရှား ပြသခဲ့ပြီး ဖြစ်သည်။
၁၉၉၀ပြည့်နှစ်ကဦးကြည်မောင်၏“နျူရင်ဘတ်လိုခုံရုံးမျိုးမလိုပါ”ဟူသောပြောဆိုချက်အပြီးတွင် အာဏာပိုင်တို့ကသူ့ကို ထိန်းသိမ်းလိုက်သည်။
ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ကလည်းဒု-ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးက နေပြည်တော်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံစဉ် ၎င်းတို့၏ စိုးရိမ်မှုနှင့် ပတ်သက်ပြီး ထပ်မံ ပြောကြားလိုက်ပြန်သည်။
ထိုစိုးရိမ်ချက်ကြောင့် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီNLDကို စစ်တပ်က အာဏာမလွှဲရခြင်း ဖြစ်ကြောင်း အရပ်သား အစိုးရ ထိပ်တန်းခေါင်းဆောင်ပိုင်းက ပထမဆုံး အကြိမ် တရားဝင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဦးတင်အေးကဆက်လက်ပြောသည်မှာတပ်မတော်အစိုးရကလွတ်လပ်ပြီး တရားမျှတစွာ ကျင်းပပေးခဲ့သည့် ၁၉၉၀ ရွေးကောက်ပွဲတွင် NLD အနိုင်ရခဲ့သည်ဟူ၍ ဖြစ်သည်။
အာဏာကိုဆက်လက်ချုပ်ကိုင်ခဲ့သည့်ဗိုလ်ချုပ်ကြီးတို့ကထိုရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကိုအမျိုးသားညီလာခံ(၁၉၉၃-၂၀၀၇)သို့တက်စေပြီးအခြေခံဥပဒေရေးဆွဲရန် စီစဉ်ခဲ့သည်။
ပြီးခဲ့သည့်နှစ်က၁၉၉၀ရွေးကောက်ပွဲရလဒ်ကိုဖျက်သိမ်းကြောင်းအာဏာပိုင်တို့ကကြေညာပြီး ရွေးကောက်ပွဲတခုကို ထပ်မံကျင်းပခဲ့သည်။

Geen opmerkingen: