မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 6 juli 2011

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်နိမိတ်ကောင်းဟုအမေရိကန်ပြော

ရန်ပိုင် Wednesday, 06 July 2011 12:02
.ဒေါ်အောင်ဆန်းစုကြည်နိုင်ငံအတွင်းလွတ်လပ်စွာသွားလာနိုင်ပြီးပြည်သူများနှင့်တွေ့ဆုံနိုင်ခြင်းသည် သတင်းကောင်းဖြစ်ကြောင်းအမေရိကန်အစိုးရကပြောဆိုလိုက်သည်။
ယမန်နေ့ကအာနန္ဒာစေတီအနီးတွင်ရဟန်းသံဃာများကိုဝတ်ပြုနှုတ်ဆက်နေသောဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-AP)
“အကျယ်ချုပ်မဟုတ်တော့တာ၊နိုင်ငံတဝန်းကသူ့ကိုထောက်ခံသူတွေနဲ့တွေ့ဆုံနိုင်တာတွေဟာသတင်းကောင်းပါပဲ။ မြန်မာနိုင်ငံအတွက်ရှေ့ပြေးနိမိတ်ကောင်းဖြစ်တယ်လို့ကျမတို့မျှော်လင့်ပါတယ်”ဟုနိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရအမျိုးသမီးဗစ်တိုရီးယားနုလန်းကယမန်နေ့ကပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ပုဂံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် သားဖြစ်သူ ကိုထိန်လင်းနှင့် အတူ ယနေ့ခရီးစဉ် အဖြစ် ယနေ့နံနက် ၉ နာရီက ပုပ္ပားတောင်သို့ သွားရောက်ရာ ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် ရောက်ရှိကြောင်း အတူ လိုက်ပါသွားသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ လူငယ်တဦးက ပြောသည်။
“အခုဒေါ်အောင်ဆန်းစုကြည်တို့ဗျတ္တပန်းဆက်လမ်းခွဲကစပျစ်ခြံတခြံမှာရောက်နေပါတယ်”ဟုယနေ့နံနက်တွင် ၎င်းကဆိုသည်။
ယမန်နေ့နံနက်ပိုင်းကလည်းပုဂံမြို့ရှိအာနန္ဒာ၊သဗ္ဗေညု၊မနူဟာ၊မြစေတီကျောက်စာစသည့် ရှေးဟောင်းအမွေအနှစ် စေတီများကို သွားရောက်ခဲ့သည်။
ဇွန်လ၄ရက်နေ့မှစတင်ကာဒေါ်အောင်ဆန်းစုကြည်နှင့်သားဖြစ်သူကိုထိန်လင်း မိသားစုခရီးစဉ်ထွက်ခြင်းဖြစ်ပြီးနေအိမ်အကျယ်ချုပ်မှလွတ်မြောက်ပြီးနောက်ပထမဆုံးအကြိမ် ရန်ကုန်ပြင်ပခရီးစဉ်ဖြစ်သည်။

Geen opmerkingen: