မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 23 juli 2011

ဦးဝင်းတင်ကိုဒေါ်အောင်ဆန်းစုကြည်အားပေး

မျိုးသိဏ်း စနေနေ့၊ ဇူလိုင်လ ၂၃ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၁၉ မိနစ် .
(ရန်ကုန်၊မဇ္ဈိမ)။။ရန်ကုန်မြို့အာရှတော်ဝင်ဆေးရုံတွင်တက်ရောက်ဆေးကုသမှုခံယူနေသည့်အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဦးဝင်းတင်ထံသို့အဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ယမန်နေ့ညနေ ၅ နာရီအချိန်ကလာရောက်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ဇူလိုင်လ၁၆ရက်တည်းကခြေထောက်နာကျင်ကိုက်ခဲမှုဝေဒနာကြောင့်အာရှတော်ဝင်ဆေးရုံတွင်ကုသမှု ခံယူနေခဲ့ရသည့်ဦးဝင်းတင်ကဒေါ်အောင်ဆန်းစုကြည်အနေဖြင့်အလုပ်တာဝန်များပြားနေသည့်ကြားမှ ယခုကဲ့သို့ လာရောက်အားပေးကြည့်ရှုသဖြင့် အားတက်မိသည်ဟု မဇ္ဈိမကို ပြောသည်။
                                     အာရှတော်ဝင်ဆေးရုံတွင်ကုသမှုခံယူနေခဲ့ရသည့်ဦးဝင်းတင်။ဓာတ်ပုံ-မဇ္ဈိမ
"လာကြည့်တဲ့အတွက်တော့အများကြီးအားတက်တာပေါ့။အားတက်တယ်ဆိုတာကအလုပ်အလွန်များတဲ့ အနေအထားမှာကနေပြီးတော့အခုလိုကျန်းမာရေးအတွက်လာပြီးအားပေးတယ်ဆိုတာကတော့ တို့ဆိုတာကတော့အားတက်တာပေါ့။သို့သော်တခုရှိတာကသူ့အတွက်လဲနိုင်ငံရေးလုပ်ငန်းတွေက၊ အလုပ်တွေကအများကြီးရှိတဲ့အခါကြတော့အဲ့တာတွေအတွက်လဲအနှောင့်အယှက်မဖြစ်စေချင်ဘူး။တို့က သူ့ကိုအကူအညီသာပေးချင်တယ်အနှောင့်အယှက်တော့ဘာမှမဖြစ်စေချင်ဘူး။သူ့အတွက်လဲ အဟန့်အတား အပိတ်အဆို့ မဖြစ်စေချင်ဘူး" ဟု ဦးဝင်းတင်ကပြောသည်။
ဦးဝင်းတင်အားမိနစ်နှစ်ဆယ်ခန့်စကားပြောဆိုအားပေးခဲ့ပြီးနောက်ဒေါ်အောင်ဆန်းစုကြည်သည် ဦးဝင်းတင်အားကုသပေးနေသည့်ဆရာဝန်ကြီးနှင့်လည်းတွေ့ဆုံခဲ့ကြောင်းသိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင်ဇူလိုင်လ၁၉ရက်ကပြုလုပ်ခဲ့သည့်၆၄နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ဆေးရုံမှခေတ္တခွင့်ပန်ကာသွားရောက်ခဲ့သူဦးဝင်းတင်သည် ခြေထောက်နာကျင်ကိုက်ခဲမှုဝေဒနာအတွက်ခါးရိုးအတွင်းသို့ဆေးထိုးသွင်းကုသနေရဆဲဖြစ်ပြီးနောက်ထပ် ၅ရက်၆ရက်ခန့် ဆေးရုံတွင် ဆက်လက် ကုသမှုခံယူရဦးမည်ဟု သိရသည်။
အသက်အရွယ်အရကျန်းမာရေးပြဿနာမှာရှောင်လွှဲမရနိုင်သည့်အနေအထားဖြစ်သော်လည်း ဒီမိုကရေစီရေးလှုပ်ရှားမှုများအတွက်အဟန့်အတားဟုမထင်ကြောင်းနိုင်ငံရေးသမား ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က မဇ္ဈိမကိုပြောသည်။
"ကျန်းမာရေးနဲ့ပတ်သတ်တဲ့ချို့ယွင်းချက်ကတော့တို့မှာတော့ပေါ်နေပြီ။အသက်ကလဲ၈၂နှစ်ဆိုတော့ ရှောင်လွှဲလို့လဲမရတော့ဘူး။ဒီဟာကပေါ်ကိုနေတော့တာ။အဲ့တော့အခုဒီကျန်းမာရေးကိစ္စ ပေါ်လာတဲ့အတွက်တော့ဒီမိုကရေစီရေးလှုပ်ရှားမှုလုပ်ငန်းတွေအတွက်ဘာမှထူးထူးခြားခြားအဟန့်အတား အနှောက်အယှက်ဖြစ်တယ်လို့မယူဆတော့ပါဘူး။ဘာလို့လဲဆိုတော့ရှေ့လျှောက်လဲဒါတွေ ဖြစ်နေတော့မှာပဲအသက်အရွယ်ကိုလိုက်လို့လေ။အဲ့တော့ဒီဟာအတွက်အရေးမကြီးတော့ဘူးလို့တို့က ယူဆပါတယ်"
ယခုကဲ့သို့ကျန်းမာရေးချို့တဲ့သည့်အနေအထားအပေါ်စိတ်ပူပန်ခြင်းမရှိစေလိုကြောင်း၊ လူတဦးတယောက်အနေဖြင့်အို၊နာ၊သေကိစ္စများရှောင်လွှဲမရသော်လည်းဒီမိုကရေစီရေး ကြိုးပမ်းမှုများတွင်မူမည်သည့်အကြောင်းနှင့်မှအားထုတ်မှုလျော့မသွားရန်လိုကြောင်းသူ့အား စိုးရိမ်ပူပန်နေသူများနှင့်မိတ်ဆွေများအားဦးဝင်းတင်ကမဇ္ဈိမမေးမြန်းခန်းတွင်ဖြည့်စွက် ပြောဆိုသွားခဲ့သည်။



Geen opmerkingen: