မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 15 juli 2011

စေ့စပ်ရေးအဖွဲ့တင်ပြချက်ဦးသိန်းစိန်အတွက်အသံသွင်းယူ

ဖနိဒါ သောကြာနေ့၊ ဇူလိုင်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၄၁ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။ကချင်ပြည်နယ်အစိုးရကဖွဲ့စည်းထားသောစေ့စပ်ရေးအဖွဲ့ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် ညှိနှိုင်းရေးအဖွဲ့ဝင်များ၏တင်ပြဆွေးနွေးချက်များကိုအသံသွင်းယူသွားပြီးနေပြည်တော်ရှိသမ္မတ ဦးသိန်းစိန်ထံပြန်လည်ဖွင့်ပြမည်ဟုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး၁ဦးအောင်သောင်းက ပြောဆိုခဲ့သည်။
ကချင်လွတ်မြောက်ရေးအဖွဲ့KIOနှင့်အစိုးရတပ်များတိုက်ခိုက်မှုများပြန်ဖြစ်နေသည့်အရေးကြောင့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှူး၁နှင့်၂ဖြစ်သောဦးအောင်သောင်းနှင့်ဦးသိန်းဇော်တို့နှင့် ငြိမ်းတည်ညှိနှိုင်းအဖွဲ့မှကိုယ်စားလှယ်၅ဦးတို့မြစ်ကြီးနားမြို့ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံး၌သောကြာနှင့် ကြာသပတေးနေ့တွင်နှစ်ကြိမ်ဆွေးနွေးခဲ့ကြသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့KIOနှင့်ငြိမ်းတည်ညှိနှိုင်းအဖွဲ့မှကိုယ်စားလှယ်၅ဦးတို့မြစ်ကြီးနားမြို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးတွင်ဆွေးနွေး(ဓါတ်ပုံမဇ္ဈိမ)
“ခင်ဗျားတို့ပြောတဲ့စကားတွေအားလုံးကက်စက်ထဲမှာဖမ်းထားတယ်။သမ္မတဦးသိန်းစိန်ကိုဖွင့်ပြမယ်လို့ ပြောတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်သူ တဦးက မဇ္စျိမကို ပြောသည်။
KIOကစေ့စပ်ရေးအဖွဲ့မှတဆင့်မေးစေလိုသော၁၉၄၇ခုနှစ်ပင်လုံစာချုပ်မှာအတည်ဖြစ်နေသေးလား ဆိုသောမေးခွန်းကိုဦးအောင်သောင်းကဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဟုပင်
ရေးသားထားပြီး ဖြစ်သည့်အတွက် ပြည်ထောင်စုစနစ်ကျင့်သုံးနေပြီး ဖြစ်သည်ဟု ပြန်လည် ဖြေကြားသွား
ခဲ့သည်ဟု ဆိုသည်။
သို့သော်လည်းနိုင်ငံရေးဆွေးနွေးမှုလမ်းစပွင့်နေကြောင်းဦးအောင်သောင်းကထည့်သွင်း ပြောကြားသွားသည်ဟု ဆိုသည်။
“ထာဝရငြိမ်းချမ်းရေးသို့မရောက်ရောက်အောင်သွားရမယ်လို့ဦးအောင်သောင်းကပြောတယ်”ဟုအခြားသော
ဆွေးနွေးပွဲတက်သူ တဦးကလည်း ပြောပြသည်။
အငြိမ်းစားယူသွားသောအာဏာရှင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏လူယုံတော်အနည်းငယ်တွင်ပါဝင်သူတဦး ဖြစ်သည့်ဦးသောင်းမှာကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွင်းသဘောထားတင်းမာသူအဖြစ်နှင့် စစ်တပ်ထိန်းချုပ်မှုရှိသော ပါလီမန်စနစ်ကို ဖော်ဆောင်ရေးတွင် အခရာကျသူ တဦးအဖြစ် ထင်ရှားသည်။
ဖေဖော်ဝါရီလလယ်တွင်ဖွဲ့စည်းခဲ့သောညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီUNFC၏ အဖွဲ့ဝင်ဖြစ်သောKIOကတနိုင်ငံလုံးအတိုင်းအတာဖြင့်အပစ်ခတ်ရပ်စဲရေးအတွက် ဆွေးနွေးလိုနေသော်လည်း အစိုးရဘက်က ကချင်နှင့်သာ သီးသန့် ဆွေးနွေးလိုနေသည်။
ထိုစဉ်တွင် KIO နှင့် အစိုးရတပ်တို့ တိုက်ခိုက်မှုများ ဖြစ်ပွားနေပြန်သလို တရုတ်နိုင်ငံဘက်မှ မြန်မာဘက်သို့ စစ်လက်နက် ပစ္စည်းကို စစ်ထရပ်ကားများဖြင့် တင်ပို့မှုများ ဇူလိုင်၁၂ရက်မှ၁၄ရက်အထိ ရှိနေသည်။
တရုတ်နိုင်ငံရွှေလီဘက်မှရှမ်းပြည်နယ်မူဆယ်နယ်စပ်ဂိတ်အတိုင်းလက်နက်သယ်စစ်ကားပေါင်း၃၀၀ နီးပါးအထိ ဖြတ်သန်းသွားပြီး ဖြစ်သည်ဟု နယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူများက ပြောသည်။
                        လူထုအစည်းအဝေးပွဲ၌တက်ရောက်လာသောရပ်မိရပ်ဖများ(ဓါတ်ပုံCitizenJournalist)
“စစ်ကားတွေကိုလာရှိုးကနေဂျယ်ဂေါင်မှာပို့တယ်။အဲဒီဂျယ်ဂေါင်ကနေ စစ်လက်နက်ပစ္စည်းတွေကို သယ်ပြီး မိုးကာနဲ့အုပ်ပြီးတော့မြန်မာပြည်မူဆယ်၁ဝ၅မိုင်ဘက်ကနေပြန်သယ်သွားတယ်။အခု၂ဝဝကျော်၊၃ဝဝနီးပါး ရှိသွားပြီ။ သံချပ်ကာ ကားတွေကိုလည်း
ဖြုတ်ပြီးတော့ ပြန်သယ်သွား တယ်လို့ ပြောတယ်” ဟု သတင်းရပ်ကွက်က ပြောသည်။
လက်နက်အမျိုးအစားများနှင့် သံချပ်ကာကား ပါဝင်မှုကို သီးခြား အတည်ပြုချက် မရနိုင်ပါ။
သောကြာနေ့တွင်ထုတ်ပြန်သောKIOဗဟိုကော်မတီ၏ကြေညာချက်တွင်ဌာနချုပ်လိုင်ဇာမြို့၌ဇူလိုင်၁၂ ရက်နှင့်၁၃ရက်တွင်ပြုလုပ်သောလူထုအစည်းအဝေးပွဲ၌ရပ်မိရပ်ဖကိုယ်စားလှယ်များ၏ အကြံပေးချက်တွင် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲကာနိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ပါရန်နှင့်ခိုင်လုံသောသက်သေ၊ခိုင်လုံသော ကတိကဝတ်များဖြင့် အပစ်ခတ်ရပ်ဆိုင်းရန် အကြံပေးသွားခဲ့သည်ဟု ပါရှိသည်။
ကြံ့ဖွံ့ခေါင်းဆောင်ဦးအောင်သောင်းနှင့်ဦးသိန်းဇော်တို့သည်သောကြာနေ့တွင်နေပြည်တော်သို့ ပြန်သွားသည်။
UNFCတွင်KIO၊ကရင်အမျိုးသားအစည်းအရုံး၊မွန်ပြည်သစ်ပါတီ၊ကရင်နီတိုးတက်ရေးပါတီ၊ရှမ်းပြည်တိုး တက်ရေးပါတီ၊ချင်းအမျိုးသားတပ်ဦးတို့ ပါဝင်သည်။



Geen opmerkingen: