မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 6 juli 2011

မဇ္စျိမဝံသမြန်မာရဟန်းတော်များအဖွဲ့ ဖွဲ့စည်း

ဟိန်းဇော် Wednesday, 06 July 2011 11:56
အိန္ဒိယနိုင်ငံရှိတက္ကသိုလ်များတွင်ပညာသင်ကြားခဲ့သည့်သံဃာတော်များသည်မြန်မာနိုင်ငံတွင်ပြန်လည်အခြေချကာ သာသနာပြု လုပ်ငန်းများစုပေါင်း ပြုလုပ်ရန် အတွက် မဇ္ဈိမဝံသ မြန်မာရဟန်းတော်များ အဖွဲ့ (MMSS) ဟူ၍ ဇူလိုင် ၃ ရက်နေ့က စတင် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
                                        မဇ္ဈိမဝံသမြန်မာရဟန်းတော်များအဖွဲ့တွေ့ဆုံပွဲ(ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါMMSSကိုအကူအညီလိုအပ်နေသောအဖွဲ့ဝင်ရဟန်းတော်များ၏ပရိယတ္တိ/ပဋိပတ္တိ သာသနာပြုလုပ်ငန်းများနှင့်အများအကျိုးပြုပရဟိတလုပ်ငန်းများကိုအားဖြည့်ပံ့ပိုးပေးကြရန်၊ အဖွဲ့ဝင်များထံမှရရှိသော ရန်ပုံငွေများကို စုဆောင်း ထားရှိကာ လေဘေး၊ရေဘေး၊ မီးဘေး၊ ငလျင် စသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားပါကအကူအညီအမှန်တကယ်လိုအပ်သူများအားကူညီရန်စသော ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းခြင်းဖြစ်ကြောင်း အလုပ်အမှုဆောင်အဖွဲ့တွင် ပါဝင်သည့် ဆရာတော် ဦးကုသလက မိန့်ကြားသည်။
လက်ရှိတွင်MMSS၏ဌာနချုပ်ကိုရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ ညောင်ကန်အေးကွင်း ကျောင်းတိုက်တွင် ဖွင့်လှစ် ထားပြီး အလုပ်အမှုဆောင်အဖွဲ့ကို ဆရာတော် ၁၁ ပါးဖြင့် ဖွဲ့စည်းထားသည်။
အလုပ်အမှုဆောင်အဖွဲ့တွင်ပါဝင်သည့်ဆရာတော်တပါးကMMSSဖွဲ့စည်းခွင့်ရရန် ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်မည် ဖြစ်ကြောင်း၊ ခွင့်ပြု၊ မပြုကိုမူ မသိသေးကြောင်း၊ လတ်တလောတွင် အဖွဲ့ဝင် သံဃာတော် ၅၀ ခန့် ရှိကြောင်း မိန့်ကြားသည်။
ယင်းအဖွဲ့အနေဖြင့်အိန္ဒိယနိုင်ငံတွင်ပညာသင်ကြားလိုသောမြန်မာရဟန်းတော်များကိုလည်း ကူညီပေးမည်ဖြစ်ပြီးအဖွဲ့ဝင်ရဟန်းများ၏ဒေသများတွင်အဖွဲ့ဝင်ဓမ္မကထိကဆရာတော်များက အထူးတရားပွဲများ ကျင်းပရန်လည်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားစဉ်က အဖွဲ့အစည်းတခု ဖွဲ့စည်း၍ ပညာရေး၊ ကျန်းမာရေး စသော ကိစ္စရပ်များ ဆောင်ရွက်ရာ အောင်မြင်ခဲ့သည့် အတွက် မြန်မာနိုင်ငံတွင် ပြန်လည် အခြေချနေထိုင်သော မိတ်ဆွေရဟန်းတော်များအချင်းချင်းအကူအညီပေးနိုင်ရန်အဖွဲ့အစည်း(ကွန်ယက်)တခု တည်ထောင်သင့်သည်ဆိုသောဆုံးဖြတ်ချက်ချခဲ့ခြင်း ဖြစ်ကြောင်းယင်းအဖွဲ့တွင်ပါဝင်သည့်မဇ္ဈိမဂုဏ်ရည် ဆရာတော် ဒေါက်တာကောဝိဒက မိန့်ကြားသည်။
အိန္ဒိယနိုင်ငံတွင်၁၉၉၉ ခုနှစ်မှစတင်၍ပညာသင်ကြားနေသောမြန်မာရဟန်းတော်များပူးပေါင်းကာ “အိန္ဒိယ နိုင်ငံဆိုင်ရာ မြန်မာကျောင်သားရဟန်းတော်များသာယာဖွံ့ဖြိုးရေးအဖွဲ့”ကို ဖွဲ့စည်းတည်ထောင်ထားကြောင်းလည်း သိရသည်။
မဇ္ဈိမဝံသမြန်မာရဟန်းတော်အဖွဲ့သည်အမှတ်တံဆိပ်အဖြစ်ဆီမီးခွက်အလင်းရောင် ဖြန့်ဝေကမ်းလှမ်းနေသည့် ပုံကို အသုံးပြုမည် ဖြစ်သည်။
မဇ္ဈိမဝံသ မြန်မာရဟန်းတော် အဖွဲ့မှ အဖွဲ့ဝင်များ၏ စာပေများကို စုဆောင်းကာ ဓမ္မစာပေများ၊ စာစောင်များကိုလည်း ထုတ်ဝေ ဖြန့်ချိရန် စီစဉ်နေကြောင်း သိရသည်။

Geen opmerkingen: