မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 13 juli 2011

ရှမ်းတပ်ဗုံးကြဲတိုက်ခိုက်ခံရဟုSSAတောင်ပိုင်းပြော

ထွန်းထွန်း ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၃ ရက် ၂၀၁၁ ခုနှစ် ၂၁ နာရီ ၀၇ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မြန်မာအစိုးရတပ်ကရှမ်းပြည်တပ်မတော်မြောက်ပိုင်းနှင့်တောင်ပိုင်းပူးပေါင်း တပ်ဖွဲ့ဝင်များအား ဗုဒ္ဓဟူးနေ့တွင် စစ်လေယာဉ်နှစ်စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရှမ်းပြည်တပ်မတော်
တောင်ပိုင်း SSA-S ပြောခွင့်ရ ဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြောသည်။
“ဝမ်ဆိုင်းတောင်မှာစစ်အစိုးရတပ်တွေကကျနော်တို့SSAတပ်တွေကဝိုင်းပြီး ပိတ်ဆို့ထားတဲ့ အတွက်ကြောင့်
ဝေဟင်ကနေMiG26လို့ ယူဆလို့တဲ့လေယာဉ်၂စီးနဲ့ကျနော်တို့SSAတွေကိုလာပြီးတော့ဗုံး ၈၊ ၉ လုံးလောက် ကြဲသွားတယ်လို့ ရှေ့တန်းတပ်တွေက အဲဒီလို အစီရင်ခံထားပါတယ်”ဟု ဗိုလ်မှူးစိုင်းလောင်ဆိုင်းက မဇ္ဈိမကို ပြောသည်။
ရှမ်းပြည်အရှေ့မြောက်ပိုင်းမိုင်းရယ်မြို့နယ်အတွင်းဝမ်ကိုင်ဖရွာအနီးရှိဝမ်ဆိုင်းတောင်တွင်တပ်စွဲထားသည့် အစိုးရတပ်များကို SSA ပူးပေါင်းတပ်များက ဝိုင်းဝန်းပိတ်ဆို့ထားစဉ် မွန်းလွဲ ၁နာရီကျော်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ရှမ်းတပ်မှတပ်သားနှစ်ဦး ဒဏ်ရာရသွားခဲ့ပြီး စစ်လေယာဉ် ၂ စင်းက တပြိုင်နက်တည်း ပျံဝဲကာ ဗုံးကြဲခဲ့ခြင်း
ဖြစ်သည်ဟု ဗိုလ်မှူးလောင်ဆိုင်းကပြောသည်။
“တော်တော်လေး ပြင်းထန်ပါတယ်လို့ ပြောပါတယ်။ သစ်ပင်တွေကတော့ ပြိုလဲကုန်တယ်။ တပြိုင်တည်း ၂ စင်းလာတာ” ဟု သူက ဆိုသည်။
သို့သော် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။
ရှမ်းပြည်တပ်မတော်တွင် တောင်ပိုင်း၊ မြောက်ပိုင်းဟူ၍ မရှိတော့ဘဲ တပေါင်းတည်း ဖြစ်သွားပြီဖြစ်ကြောင်း ၂ဝ၁၁မေ၂၁ ရက်တွင် ပြုလုပ်ခဲ့သည့် ၅၃ နှစ်မြောက် ရှမ်းပြည်တော်လှန်ရေးနေ့ အထိမ်းအမှတ်ပွဲ၌ SSA-S ၏ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီး စဝ်ရွက်စစ်က မီဒီယာများကို ပြောဆိုခဲ့သည်။
သို့သော် ပူးပေါင်းလိုက်သော ရှမ်းပြည်တပ်မတော်၏ ခေါင်းဆောင်မှုဖွဲ့စည်းပုံသစ်ကိုမထုတ်ပြန်ခဲ့သလို အင်္ဂါနေ့ကပြုလုပ်သောမဇ္ဈိမနှင့်အင်တာဗျူးတွင်ဗိုလ်မှူးစိုင်းလောင်ဆိုင်းကပေါင်းစည်းရန် သဘောတူညီချက် ရရှိထားသော်လည်း ဆွေးနွေးမှု ဆက်လုပ်နေဆဲ ဖြစ်သည်ဟု ပြောသည်။
“မူအရတော့ပေါင်းစည်းဖို့သဘောတူညီချက်တွေ ရသွားပြီ။ ဘယ်ပုံဘယ်နည်းနဲ့ ပေါင်းစည်းကြမလည်းဆိုတဲ့
ပေါင်းစည်းပုံပေါင်းစည်းနည်းကိုဆက်လက်ဆွေးနွေးနေတုန်းဖြစ်ပါတယ်။သဘောတူညီချက်တွေ၊ အမြင်ချင်း တူညီတာတွေသဘောထားတူညီတာတွေရထားပြီးပြီ။လက်နက်ကိုင်တပ်တွေရောနိုင်ငံရေးအပိုင်းမှာလည်း သက်ဆိုင်တာကိုး။နိုင်ငံရေးအပိုင်းမှာဘယ်လိုစုပေါင်းကြမလည်း။လက်နက်ကိုင်တပ်မှာဘယ်လို ပေါင်းစည်းကြမလည်း။နယ်မြေခွဲဝေမှုတွေ၊လှုပ်ရှားဖို့အတွက်ဘယ်လိုသွားကြမလည်းဆိုတဲ့ အသေးစိတ်တွေ ဆက်လက်ဆွေးနွေးနေတုန်းဖြစ်ပါတယ်” ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ပြောသည်။
ဇူလိုင်၁၁ရက်နေ့ကစ၍ ဖြစ်ပွားနေခဲ့သောSSA-Nဌာနချုပ်ရှိရာဝမ်ဟိုင်းအနီးရှိဝမ်လုတိုက်ပွဲတွင် ရှမ်းတပ်ကပြန်လည် အသာစီးရချိန်တွင် အစိုးရတပ်က ဗုံးကြဲတိုက်ခိုင်းခြင်း ဖြစ်သည်ဟု ဆိုသည်။
တိုက်ပွဲတွင်အစိုးရတပ်ဘက်မှတပ်သားတဦးကိုအရှင်ဖမ်းမိထားကြောင်းဗိုလ်မှူးစိုင်းလောင်ဆိုင်းက ပြောသည်။
ဝမ်ဟိုင်းဌာနချုပ်မှာရှမ်းပြည်နယ်မိုင်းရယ်နှင့်ချေးတီးမြို့ကြားတွင်တည်ရှိကာယခုတိုက်ပွဲနေရာသည် ချေးတီးမြို့ အရှေ့မြောက်ဘက် မိုင် ၂ဝ ကျော်တွင် တည်ရှိသည်။
ရှမ်းပြည်နယ်အတွင်းဖြစ်ပေါ်နေသည့်သတင်းများကိုအနီးကပ်စောင့်ကြည့်တင်ပြနေသည့် ထိုင်းနိုင်ငံအခြေစိုက်ရှမ်းသံတော်ဆင့်သတင်းဌာနအယ်ဒီတာဦးစိန်ကြည်ကဗုံးကြဲတိုက်ခိုက်မှုကို အတည်မပြုနိုင်သေးကြောင်းနှင့်လေယာဉ်များ လာရောက်ခဲ့သည်မှာ မှန်ကန်ကြောင်း ပြောသည်။
“အတည်မပြုနိုင်သေးဘူး။သိထားတာကတော့ ဗုံးကြဲတာက မကြဲသေးဘူး။ ဒါပေမဲ့ ဂျက်တိုက်လေယာဉ်ပဲလို့
ပြောတယ်။ တစီးပဲ၊၃ခါလာဝဲပြီးပြီတဲ့။၂နာရီကျော်၊၃နာရီကျော်၊၄နာရီကျော်။သုံးခါလာဝဲပြီးပြီ”ဟုသူက ဆိုသည်။
အစိုးရတပ်ဘက်မှ အင်အားများ ဆက်လက်ဖြည့်တင်းနေသည်ဟု ဦးစိန်ကြည်က ဆက်ပြောသည်။



Geen opmerkingen: