မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 11 juli 2011

KIAစခန်းများလက်နက်ကြီးဒဏ်ခံရ

သန်းထိုက်ဦး Monday, 11 July 2011 18:03
.အစိုးရတပ်ကကချင်လက်နက်ကိုင်အဖွဲ့၏စခန်းများကိုလက်နက်ကြီးဖြင့်တိုက်ခိုက်နေသည်မှာ၂ရက်ရှိပြီ ဖြစ်ကြောင်းကချင်လွတ်မြောက်ရေးအဖွဲ့KIOတွဲဖက်အထွေထွေအတွင်းရေးမှူးဦးလနန်ကယနေ့ ပြောလိုက်သည်။
                          ပြီးခဲ့သည့်လကလိုင်ဇာမြို့အနီးတွေ့ရသောKIAခေါင်းဆောင်တချို့(ဓာတ်ပုံ-ဧရာဝတီ)
ပစ်မှတ်ထားခံနေရသည့်စခန်းများမှာကချင်ပြည်နယ်မိုးမောက်မြို့နယ်အတွင်းရှိကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်စခန်း ၂ ခု ဖြစ်သည်ဟု ဆိုသည်။
“သူတို့ကိုပြန်ပစ်မယ်ဆိုရင်တော့သူတို့ရဲ့ရေအားလျှပ်စစ်စီမံကိန်းအဆောက်အအုံ၊စက်ရုံတွေကိုထိနိုင်တယ်၊ အဲဒါကိုသူတို့ကအကာအကွယ်ယူပြီးတော့စက်ရုံဝန်းထဲကနေကျနော်တို့ကိုလက်နက်ကြီးတွေနဲ့ လှမ်းပစ်တယ်” ဟု ဦးလနန်ကပြောသည်။
လက်နက်ကြီးကျည်တချို့KIAတပ်စခန်းအနီးတွင်ကျခဲ့သော်လည်းစခန်းကိုထိခိုက်မှုမရှိကြောင်း၊ အခြေအနေကို စောင့်ကြည့်လေ့လာပြီး ခုခံ တိုက်ခိုက်မည် ဖြစ်ကြောင်း ဦးလနန်ကဧရာဝတီကို ပြောသည်။
ပြီးခဲ့သည့် တပတ်ကလည်း လိုင်ဇာမြို့နယ် အတွင်းရှိ KIA ရှေ့တန်း တပ်စခန်းတခု လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ဆိုသည်။
ကျည်ဆံတချို့တရုတ်နိုင်ငံဘက်သို့ကျခဲ့ရာတရုတ်အာဏာပိုင်များကကျည်ကျသည့်နေရာများကို သွားရောက်စစ်ဆေးသော်လည်းထိုဖြစ်ရပ်နှင့်ပတ်သက်ပြီးတရားဝင်ထုတ်ဖော်ပြောဆိုခြင်းမရှိဟုဆိုသည်။
မြန်မာအစိုးရကလည်း တိုက်ပွဲသတင်းများကို အမှောင်ချထားသည်။၁၉၆၁ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့သည့် KIA သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။
သို့သော်လည်းပြီးခဲ့သည့်လတွင်တိုက်ပွဲများပြန်လည် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများကြောင့် ထောင်နှင့်ချီသော ဒေသခံများ KIA ထိန်းချုပ်ရာ ဒေသသို့ သွားရောက် ခိုလှုံနေကြသည်။
ကချင်ပြည်နယ်အတွင်းနှစ်ဘက်အပစ်ရပ်ရန်တွေ့ဆုံညှိနှိုင်းမှု၊ အပြန်အလှန် စာရေးသား ဆက်သွယ်မှုတချို့ ရှိသော်လည်း ပစ်ခတ်မှုများ နေ့စဉ် ဖြစ်ပွားလျက်ရှိသည်။
အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်၍ ကချင် ဒေသခံများ၏ ဆန္ဒခံယူပွဲကိုKIAထိန်းချုပ်ရာ လိုင်ဇာမြို့တွင် အင်္ဂါနေ့၌ ပြုလုပ်မည် ဖြစ်ကြောင်း KIA တပ်မှူးတဦးက ဧရာဝတီကို ပြောသည်။

Geen opmerkingen: