မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 12 juli 2011

အဆိုတော်ရသလူမှုရေးအဖွဲ့တည်ထောင်

ထွန်းထွန်း အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၁ နာရီ ၂၄ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။ပညာရေးနှင့်ကျန်းမာရေးလိုအပ်ချက်များကူညီပေးရန်ရည်ရွယ်ပြီးHipHopအဆိုတော် ရသနှင့်လူငယ်ကဗျာဆရာအချို့စုကာ“ကုသလပရဟိတသမဂ္ဂ”အမည်ဖြင့်အစိုးရနှင့်မပတ်သက်သည့် လူမှုရေးအဖွဲ့တခုကို ရန်ကုန်မြို့၌ တနင်္ဂနွေနေ့တွင် ဖွဲ့စည်းခဲ့သည်။
“ကုသလပရဟိတသမဂ္ဂ"အဖွဲ့တွင်ကဗျာဆရာသစ္စာနီကနာယက၊ကိုရသကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ကာ အမာခံအဖွဲ့ဝင်၁၃ဦးဖြင့်ဖွဲ့စည်းခြင်းဖြစ်သည်။ဦးဆောင်သူများထဲတွင်လူငယ်ကဗျာဆရာများဖြစ်သည့် သားဇော်၊လောက၊ဖြိုးဝေ၊ယူကိုလတ်နှင့်အဆိပ်ဝိုင်တို့လည်းပါဝင်သည်။
“အခုကရုံးအဖွဲ့လေးအနေနဲ့နောင်အနာဂတ်အတွက်ရည်ရွယ်ချက်နဲ့အခြေခံမူဝါဒတွေချမယ်ပေါ့။နောင် ဘာလုပ်မယ်ဆိုတဲ့အခြေခံမူဝါဒလေးတွေချမှတ်တဲ့အဆင့်ပဲရှိပါသေးတယ်”ဟုအဆိုတော်(ကို)ရသက မဇ္ဈိမကို ပြောသည်။
(ကို)ရသမှာ“ကိစ္စမရှိဘူး”၊“မြန်မာပြည်တွင်လုပ်သည်”စသည့်တကိုယ်တော်စီးရီးခွေများအပြင်အခြား ပူးတွဲအခွေများသီဆိုခဲ့သူဖြစ်သည်။နာယကဖြစ်သူကဗျာဆရာသစ္စာနီမှာစာပေဝေဖန်ရေးနှင့် မော်ဒန်ကဗျာဆရာတဦးဖြစ်ကာ“နိုင်ငံရေးဝေါဟာရအဘိဓာန်”နှင့်“ကမ္ဘာ့နိုင်ငံရေးအတွေးအမြင်သမိုင်း” စာအုပ်များကိုလည်းရေးသားခဲ့သည်။
အဖွဲ့အနေဖြင့်ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများ၌ခက်ခဲနေသူများအားတတ်နိုင်သမျှကူညီသွားရန် ရည်ရွယ်ထားပြီး လူငယ်အများအပြားလည်း ပါဝင်နိုင်ရန် စည်းရုံးသွားမည်ဟု သိရသည်။
“HIVရောဂါရှင်တွေတို့ဘာတို့ကိုမထားချင်တာတို့၊ဘယ်မှာနေလို့နေရမှန်းမသိတာတို့။အဲဒီလိုပြဿနာ မျိုးတွေ၊ပညာရေးပြဿနာမျိုးတွေ။အဲဒါတွေကိုတဖွဲ့ထဲလုပ်ရင်တော့အဆင်ပြေမှာမဟုတ်ဘူး။ လက်တံအများကြီး ခွဲထွက်ပြီးတော့ ဒီမိုကရေစီထုံးစံအတိုင်း ဖြန့်ကျက်ပြီး လုပ်သွားရင်တော့ ပိုပြီး နှံ့နှံ့စပ်စပ် ဖြစ်မယ်” ဟု ကိုရသက ဆိုသည်။
အဖွဲ့ရန်ပုံငွေအဖြစ်အဖွဲ့ဝင်တဦးလျှင်တလကြေးကျပ်၂ဝဝဝစီထည့်ဝင်ထားပြီးဈေးရောင်းပွဲများဖြင့် ရံပုံငွေရှာရန်စီစဉ်ထားသည်။အဖွဲ့တည်ထောင်ခွင့်နှင့်ပတ်သက်၍လည်းလာမည့်အပတ်အတွင်း သက်ဆိုင်ရာသို့လျှောက်ထားမည်ဟု သိရသည်။
အဖွဲ့ဝင်များအနေဖြင့်ဖွဲ့စည်းပုံစည်းမျဉ်းအရအဖွဲ့တွင်းနိုင်ငံရေးမလုပ်ဆောင်ရန်နှင့်နိုင်ငံရေးအရ အသင်းအား အသုံးချခြင်း မပြုရန် တားမြစ်ထားသည်။
“ကျနော်တို့မူဝါဒမှာတော့နိုင်ငံရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကို“ကုသလပရဟိတသမဂ္ဂ”ကနေပြီးတော့ လက်ဖျားနဲ့တောင်မတို့ပါဘူး။အကယ်၍နိုင်ငံရေးလုပ်ချင်လည်းမလုပ်နဲ့လို့မပြောထားပါဘူး။အကုန်လုံး နိုင်ငံရေးလုပ်လို့ရပါတယ်။အဖွဲ့ထဲမှာတော့နိုင်ငံရေးပြဿနာတွေ၊ကိစ္စတွေကိုလုံးဝသယ်မလာရပါဘူး။ ပရဟိတအဖွဲ့စစ်စစ်လေးဖြစ်သွားစေချင်လို့ပါ”ကိုရသကဆိုသည်။
သို့သော်အဆိုတော်ကိုရသမှာမူNDFခေါင်းဆောင်ဟောင်းဦးသိန်းညွန့်(သင်္ဃန်းကျွန်း)ခွဲထွက်များဖြစ်သည့် အမျိုးသားဒီမိုကရေစီ ပါတီသစ်တွင်မူ ပါတီအဖွဲ့ဝင်တဦး ဖြစ်သည်။





Geen opmerkingen: