မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 11 juli 2011

ဒေါ်အောင်ဆန်းစုကြည်သတင်းများထည့်ခွင့်ပြန်ပိတ်

ဧရာဝတီ Monday, 11 July 2011 12:08
.ဒေါ်အောင်ဆန်းစုကြည်ထံပြည်ထဲရေးဝန်ကြီးဌာနမှပေးစာအစိုးရသတင်းစာများတွင်ဖော်ပြပြီးနောက်ပိုင်း ၎င်းနှင့်သက်ဆိုင်သောသတင်းများကို ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့် မပြုတော့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏သတင်းများကိုပြည်တွင်းဂျာနယ်များတွင်ဖော်ပြခွင့်ပြန်လည်ပိတ်ပင်လိုက်ပြီ ဖြစ်သည်(ဓာတ်ပုံ-ဧရာဝတီ)
ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးကိုကိုကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)သည်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က၂၀၁၀ပြည့်နှစ်စက်တင်ဘာ၁၄ရက်နေ့တွင် ကြေညာချက်အမှတ်(၉၇/၂၀၁၀)ဖြင့်နိုင်ငံရေးပါတီိအဖြစ်မှဖျက်သိမ်းထားပြီးဖြစ်ကြောင်းနှင့် ထိုသို့ဖျက်သိမ်းထားသည့်အတွက်နိုင်ငံရေးလှုပ်ရှားမှုများမပြုလုပ်ရန်၊လူမှုရေးလုပ်လိုပါကအစိုးရထံတွင် လူမှုရေးအသင်းဖွဲ့ခွင့်လျှောက်ရန်NLDဥက္ကဋ္ဌဦးအောင်ရွှေနှင့်ဒေါ်အောင်ဆန်းစုကြည်ကိုဇွန်လ၂၈ ရက်နေ့တွင် တရားဝင်စာပေးပို့ခဲ့သည့်အပြင် အစိုးရသတင်းစာများတွင်လည်း ၎င်းစာကို ဖော်ပြခဲ့သည်။
သတင်းစာတွင် အထက်ပါစာ ပါလာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ သတင်းများ ဂျာနယ်တွင် ထည့်ခွင့် မရတော့ ကြောင်း၊ ယခင်က ဒေါ်အောင်ဆန်းစုကြည်၏ လူမှုရေးလှုပ်ရှားမှု သတင်းများ၊ သူ့သား အလည်လာသည့်သတင်းများကိုဂျာနယ်တွင်ထည့်ခွင့်ပြုသော်လည်းဒေါ်အောင်ဆန်းစုကြည်က ပြည်ထဲရေးဝန်ကြီးထံပြန်စာ၊၎င်း၏ပုဂံဘုရားဖူးခရီးစဉ် စသည့် သတင်းများ ဖြုတ်ပယ်ခံနေရကြောင်း ရန်ကုန်အခြေစိုက် အယ်ဒီတာတဦးက ပြောသည်။
စာပေစိစစ်ရေးဌာနသည်ဒေါ်အောင်ဆန်းစုကြည်၏သတင်းမှန်သမျှကိုဖြုတ်ပယ်သော်လည်း သတင်းဂျာနယ်များသို့ ၎င်း၏သတင်းများ ရေးသားခြင်းမပြုရန် တရားဝင် အကြောင်းကြားခြင်းမျိုး မရှိကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ NLDသည် နိုင်ငံရေးပါတီအဖြစ် ဥပဒေအရ ဆက်လက် ရပ်တည်ဆဲဖြစ်သည် ဆိုသောပြန်စာတစောင်ကိုပြည်ထဲရေးဝန်ကြီးထံပေးပို့ခဲ့ကြောင်း၊အဆိုပါပြန်စာကိုပြည်တွင်း မီဒီယာများတွင် ဖော်ပြခွင့် မပြုခြင်းသည် မြန်မာပြည်၌ သတင်းလွတ်လပ်ခွင့် မရှိသော အခြေအနေကို သိသာစေကြောင်း ဇွန်လ ၅ ရက်နေ့က ၎င်း၏ ပုဂံဘုရားဖူး ခရီးစဉ်အတွင်း သတင်းထောက်များကို ပြောခဲ့သည်။
ဝါရင့်သတင်းစာဆရာကြီး တဦးက “ဒီမိုကရေစီနိုင်ငံကို တကယ်ပြောင်းပြီဆိုရင်တော့ သတင်းလွတ်လပ်ခွင့် ပေးရမယ်။စာပေစိစစ်ရေးဌာနဆိုတာကြီးကိုဖျက်ပစ်ရမယ်။နေ့စဉ်ထုတ်ပုဂ္ဂလိကသတင်းစာတွေ၊ ရုပ်မြင်သံကြား သတင်းလိုင်းတွေ၊ ရေဒီယို သတင်းလိုင်းတွေ၊ ပုဂ္ဂလိကမီဒီယာတွေအားလုံးကို လွတ်လပ်ခွင့် ပေးရမယ်။ ဒါတွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှာလည်း တရားဝင် ပြဌာန်းထားပြီးသားပဲ။ သူတို့ပြဋ္ဌာန်းတဲ့ ဥပဒေကို သူတို့ မလိုက်နာတာ၊ ချိုးဖောက်တာ ဒီမိုကရေစီစနစ်ကို တကယ်မပြောင်းသေး ဘူးဆိုတာကို ပြတာပဲ” ဟု ဆိုသည်။
၇ ရက်နေ့က ဖြန့်ချိသည့် အစိုးရထုတ် မြန်မာ့အလင်းသတင်းစာ ဆောင်းပါးတွင် အစိုးရသစ်သက် သက်တမ်း ရက် ၁၀၀ မပြည့်ခင် ကာလ၌ စတုတ္ထမဏ္ဍိုင်ဖြစ်သော စာနယ်ဇင်းအခန်းကဏ္ဍကို အလေးထားသည့်အနေဖြင့် ပြည်သူများ သိသင့်သည့် သတင်းများကို စာနယ်ဇင်းများမှ လျင်မြန်စွာ အသိပေးနိုင်ရန်အတွက် ယခင်က စာပေစိစစ်ရေးမူ ၂၁ ချက်၊ အသေးစိတ် အခြေရမည့်မူ အချက် ၇၀ ရှိရာမှ ယခု စာပေစိစစ်ရေးမူ ၁၂ ချက်၊ အသေးစိတ်အခြေခံရမည့်မူ ၁၆ အထိ လျှော့ချပေးခဲ့ကြောင်း၊ စာပေ အမျိုးအစား ၅ မျိုးကိုလည်း ထုတ်တင်စနစ် ခွင့်ပြုပေးခဲ့ကြောင်း ရေးသားထားသည်။
စာပေစိစစ်ရေးဌာနတွင် ဇွန်လဆန်းပိုင်းက ကျင်းပခဲ့သော စာပေစိစစ်ရေး မူဝါဒဆိုင်ရာ ရှင်းလင်းပွဲ၌မူ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဗိုလ်မှူးတင့်ဆွေက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သတင်း လွတ်လပ်ခွင့်ကို ယခုအချိန်တွင် မပေးနိုင် သေးကြောင်း၊ သတင်းဂျာနယ်များအားလုံး စာပေစိစစ် ရေးဌာနစိစစ် တည်းဖြတ်မှုအောက်တွင်သာ ဆက်လက်ထုတ်ဝေ ရဦးမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Geen opmerkingen: