မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 22 juli 2011

စစ်လက်နက်မကူရန်အိန္ဒိယကိုတောင်းဆို

ထွန်းထွန်း သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၀၆ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။မြန်မာအစိုးရသစ်က ကချင်နှင့်တိုင်းပြည်အရှေ့ပိုင်းတိုင်းရင်းသားဒေသများ၌ထိုးစစ် ဆင်နေသဖြင့်အိန္ဒိယအစိုးရအနေနှင့်စစ်လက်နက်မကူညီရန်အိန္ဒိယရှိလူမှုအဖွဲ့အစည်းများနှင့် မြန်မာ့အရေး လှုပ်ရှားသူများက တောင်းဆိုလိုက်သည်။
မြို့တော်နယူးဒေလီရှိဂျန်တားမန်တားအရပ်၌သောကြာနေ့ နေ့လယ်ပိုင်းတွင်ဆန္ဒပြတောင်းဆိုရာအိန္ဒိယ လူမှုအဖွဲ့အစည်း၄၆ဖွဲ့၊တသီးပုဂ္ဂလ၄၉ဦးနှင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု၂၄ဖွဲ့အပါအဝင်လူဦးရေ၁ဝဝကျော် ပါဝင်ခဲ့သည်။
                                   နယူးဒေလီဂျန်တားမန်တားအရပ်တွင်ကန့်ကွက်ဆန္ဒပြနေသူများ(ဓါတ်ပုံBCD)
“အိန္ဒိယအစိုးရအနေနဲ့မြန်မာနိုင်ငံကိုစစ်လက်နက်ထောက်ပံ့တာကို ကျမတို့ မလိုချင်ဘူး။ဘာ့လို့လဲဆိုတော့
ဒါကအပြစ်မဲ့တဲ့သူတွေကိုသတ်နေတာ။ဒါကြောင့်မလိုချင်တာ။ဒါကလည်းကျမတို့အိန္ဒိယအစိုးရကိုပေးချင် တဲ့သတင်းစကားပါပဲ”ဟုဆန္ဒပြပွဲကိုဦးဆောင်စီစဉ်ခဲ့သည့်BurmaCentre(Delhi)မှဆက်သွယ် ညှိနှိုင်းရေးမှူး မစ္စစ် Alana Golmei က မဇ္ဈိမကို ပြောသည်။
အိန္ဒိယအစိုးရက စစ်လက်နက် ထောက်ပံ့ခြင်းနှင့် ပူးတွဲစစ်ရေးလေ့ကျင့်ခြင်းသည် မြန်မာတိုင်းရင်းသား
ဒေသများတွင် စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်ခြင်းနှင့် ထိုးစစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်ရန်အတွက် အားပေးအားမြှောက် ဖြစ်နေသည်ကို မလိုလားကြောင်း စုပေါင်းကြေညာချက်တွင် ရေးသားထားသည်။
ထို့အပြင်နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊သတင်းထောက်များနှင့်ပြည်သူများအပေါ်လူ့အခွင့်အရေး ချိုးဖောက် မှုနှင့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်ဟုလည်း ဆိုသည်။
“သူတို့(အိန္ဒိယ)အမျိုးသားအကျိုးစီးပွားကာကွယ်ရေးနဲ့ရရှိရေးအတွက်အုပ်ချုပ်နေတဲ့သူတွေနဲ့ဆက်ပြီးတော့ လိုချင်တာတွေပေး၊ဝယ်ချင်တာတွေရောင်းမယ့်အနေအထား။နောက်တခါဆိုးတာကတော့နိုင်ငံတကာ စင်မြင့်မှာမြန်မာအုပ်ချုပ်သူများအလွန်လိုချင်နေတဲ့နိုင်ငံရေးအရကာကွယ်မှု၊သံတမန်ရေးအရ ကာကွယ်မှု တွေကိုအိန္ဒိယအစိုးရကတောက်လျှောက်လုပ်လာတော့ဒါလည်းပဲဆက်လုပ်နေမယ်လို့ကျနော်က ထင်တယ်”ဟုNCGUB ညွန့်ပေါင်းအစိုးရ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက မဇ္ဈိမကို ပြောဆိုသည်။
အိန္ဒိယဘက်မှစစ်လက်နက်များတင်ဆောင်ထားသည့်မြန်မာစစ်ကား၅၂စီးဇူလိုင်၇ရက်တွင် မြန်မာပြည်တွင်းဝင်ရောက်ခဲ့သည့်အပေါ်ယနေ့ဆန္ဒပြပွဲကကန့်ကွက်ခဲ့သေးသည်။မဏိပူရပြည်နယ် မိုးရေးမြို့မှ စစ်ကိုင်းတိုင်း တမူးမြို့မှတဆင့် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“ကျမတို့အနေနဲ့အိန္ဒိယဘက်ကနေမြန်မာဘက်ကိုစစ်ကား၅၂စီးပို့ခဲ့တယ်ဆိုတာကိုပဲသိရတယ်။ အသေးစိတ် မသိရသေးဘူး။ကျမတို့ဒီသတင်းတွေကိုနယ်စပ်မှာရှိတဲ့သတင်းအေဂျင်စီတွေကနေရတာပါ။ အခုကိစ္စကတော့ ကျမတို့ ဆန္ဒပြတဲ့ထဲမှာပါတဲ့ ကိစ္စရပ်တခုပါ။ ဒါက အိန္ဒိယက မြန်မာနိုင်ငံကို စစ်လက်နက် ထောက်ပံ့နေတဲ့အထဲက အစိတ်အပိုင်းတခုပါ” ဟု မစ္စစ် Alana Golmei က ပြောသည်။
အဆိုပါ စစ်ကား ၅၂ စီးကိစ္စနှင့် ပတ်သက်၍ မဇ္ဈိမကလည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

                              နယူးဒေလီ ဂျန်တားမန်တား အရပ်တွင် ကန့်ကွက်ဆန္ဒပြနေသူများ (ဓါတ်ပုံ BCD)
“အိန္ဒိယကဒီလိုအချိန်မျိုးမှာပေါ့လေ။လက်နက်ပစ္စည်းတွေ မြန်မာပြည်ပို့တယ်ဆိုတဲ့ သတင်းက မှန်ခဲ့လို့ရှိရင်
တော့ဒီဟာဟာမဖြစ်သင့်တဲ့ ကိစ္စဖြစ်တယ်။ အချိန်ရွေးမှုလည်း အင်မတန်မှ လွဲမှားတယ်။ ဘာကြောင့်လဲဆို
တော့ သိတဲ့အတိုင်း မြန်မာပြည်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ တိုက်ပွဲတွေက အနည်းဆုံး ပြည်နယ် ၃ ခုမှာတောင် ဖြစ်နေတဲ့ အချိန်မှာ လက်နက်တွေ ပေးတယ်ဆိုတော့ ဒါဟာ မှားယွင်းတဲ့ အချိန်ရွေးချယ်မှု” ဟု ဒေါက်တာတင့်ဆွေက ဆိုသည်။
အိန္ဒိယအနေဖြင့်၎င်းတို့အကျိုးစီးပွားအတွက်လက်နက်နှင့်ချဉ်းကပ်ခြင်းမှာမှားယွင်းကြောင်းနှင့် ကမ္ဘာ့အကြီးဆုံးဒီမိုကရေစီနှင့်အကြမ်းမဖက်မှုကိုင်စွဲခဲ့ခြင်း၊ဗုဒ္ဓဘာသာ ထွန်းကားရာ ဒေသဖြစ်သည့်အတွက် နဂိုရှိရင်းစွဲ အရည်အချင်းများနှင့်သာ ချဉ်းကပ်သင့်သည်ဟု သူက ဆက်ပြောသည်။
“လက်နက်ရောင်းတာကတော့ဘယ်နေရာရောင်းရောင်းရတယ်။ခုနပြောတဲ့အကြမ်းဖက်မှုနဲ့ဘာသာရေး အဆုံးအမတွေကို တခြားနိုင်ငံတွေ လုပ်မရဘူး။ ဆိုလိုချင်တာက အိန္ဒိယဟာသူ့ရဲ့ကိုယ်ပိုင်အရည်အသွေး
တွေကိုသုံးပြီးတော့ နိုင်ငံတကာဆက်ဆံရေး၊သူ့အကျိုးစီးပွား ဖြည့်ဆည်းအောင် လုပ်သင့်တယ်လို့ ယူဆပါ
တယ်” ဟု သူက ဆိုသည်။
မြန်မာ့မြေပေါ်တွင်အခြေချလှုပ်ရှားနေသည့်အိန္ဒိယအရှေ့မြောက်ပြည်နယ်ခွဲထွက်ရေးသူပုန်များအား နှိမ်နင်းရန်အတွက်အိန္ဒိယအစိုးရကမြန်မာစစ်အစိုးရကိုလက်နက်များဈေးပေါပေါနှင့်ယခင်က ထုတ်ရောင်းခဲ့စဉ် ကလည်းမြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူများက ကန့်ကွက်ခဲ့ကြသေးသည်။ သို့သော် ၂ဝဝ၈ ခုနှစ်မတ်လထဲတွင်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးပရာနတ်ဘ်မူကာဂျီးက၎င်းတို့အစိုးရအနေဖြင့် မြန်မာနိုင်ငံကိုလက်နက်ထောက်ပံ့ခဲ့သည်မှာမဟုတ်မှန်ကြောင်းအမေရိကန်ဝါရှင်မြို့တော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ငြင်းဆိုခဲ့သည်။
ဆွီဒင်နိုင်ငံStockholmအပြည်ပြည်ဆိုင်ရာဌာန-SIPRI မှသုတေသနပညာရှင် SiemonWezeman
အဆိုအရ၂ဝဝ၆အောက်တိုဘာလထဲတွင်၇၅နှင့်၁ဝ၅မီလီမီတာသေနတ်များတင်ပို့ခဲ့ပြီး T-55 တင့်ကားများ၊ သံချပ်ကာကားများ၊ မော်တော်ကားများနှင့် ရဟတ်ယာဉ်များလည်း ပို့ဆောင်ခဲ့ကြောင်း ဝီကီလိခ်ကြေးနန်း များတွင်ဖော်ပြပါရှိသော်လည်း သီးခြား အတည်ပြုချက် မရရှိသေးပေ။
ယင်းအပြင်၂ဝ၁ဝနှစ်ကုန်ပိုင်းက အိန္ဒိယ-မြန်မာ သဘောတူညီချက်တွင် ရိုင်ဖယ်သေနတ်များ၊ သံချပ်ကာ
ကားများနှင့်ကင်းလှည့်လေယာဉ်များထောက်ပံ့ရန်လက်မှတ်ရေးထိုးခဲ့ကြေင်းမစ္စတာWezemanက ဝီကီလိခ်တွင် ပြောကြားထားသည်။
ယနေ့ဆန္ဒပြပွဲအပြီးတွင်အိန္ဒိယအဖွဲ့များနှင့်မြန်မာ့အရေး လှုပ်ရှားသူများက လက်မှတ်ရေးထိုး ကန့်ကွက်လွှာ ၂ စောင်အား ဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းထံ ပေးပို့ခဲ့ကြသည်။





Geen opmerkingen: