မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 12 juli 2011

အမတ်နှင့် ဥပဒေ

မျိုးသန့် အင်္ဂါနေ့၊ ဇူလိုင်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။လွှတ်တော်အမတ်များအနေဖြင့်မြန်မာနိုင်ငံတွင်ပြဋ္ဌာန်းကျင့်သုံးနေသည့်ဥပဒေများနှင့် ပတ်သက်၍ မည်သည့် ဥပဒေကို ပယ်ဖျက်သင့်သည်၊ မည်သည့် ဥပဒေကိုပြင်ဆင်သင့်သည် စသည်များကို လွှတ်တော် ဆွေးနွေးပွဲများအတွင်း တင်ပြနိုင်ရမှာ ဖြစ်သော်လည်း အမတ်များ ကိုယ်တိုင်က သိနားလည်မှု အားနည်းနေကြသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းမှ ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ်များနှင့် ဇွန်လအတွင်း
တွေ့ဆုံမှုတွင် မြန်မာနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် ဥပဒေ ၄၀၀ ကျော်ရှိပြီး ထိုဥပဒေများမှ ပြန်လည်
ပြင်ဆင်သင့်သည့် ဥပဒေများကို လေ့လာထားရန်လိုကြောင်းလည်း လွှတ်တော်အမတ်များကို ပြောခဲ့သည်။

သို့သော်လည်းလက်ရှိယခုသတင်းဆောင်းပါးရေးသားချိန်အထိအမတ်အများစုမှာဥပဒေနှင့် အလှမ်းဝေးနေဆဲဖြစ်သည်။ အမတ်များဘက်မှ ခုခံပြောကြားကြသည်မှာ စာအုပ်စာတမ်းများ ရှားပါးမှုနှင့် မအားလပ်မှုများကြောင့်ဟု ဆိုကြသည်။
ဦးရွှေမန်းကထိုဥပဒေ၄၀၀ကျော်ကိုလွှတ်တော်အမတ်များလေ့လာနိုင်ရန်စာအုပ်ထုတ်ပေးမည် ဖြစ်သော်လည်း ထိုအစီအစဉ်မှာ ဖြစ်မလာသေးဟု ပြည်သူ့လွှတ်တော်အမတ်ဦးဖုန်းမြင့်အောင်က ဆိုသည်။
“သူတို့ပေးတော့မှကိုယ်ကလည်း လေ့လာရမှာ သူတို့ကိုယ်တိုင်ကလည်း အဲဒါတွေ ရှာဖွေနေရတယ်ပေါ့နော် ကျနော်တို့ကတချို့ဟာတွေတော့သိတယ်ဒါပေမယ့်အပြည့်အစုံမသိဘူးသူကတော့ ပြောပါတယ် ကျနော်တို့ အချိန်မီပေးဖို့ကြိုးစားနေသော်လည်းအခက်အခဲတွေရှိနေပါတယ်တဲ့အဲဒါကြောင့်မပေးဖြစ်တာ ပြောပါတယ်” ဟု ပြည်သူ့လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင်က မဇ္ဈိမကို ပြောသည်။
ပြည်သူ့ငွေစာရင်းကော်မတီဝင်ဒေါ်တင်နွယ်ဦးကမိမိတာဝန်ယူထားသည့်ကော်မတီနှင့် သက်ဆိုင်သည့် အခွန်ဥပဒေကိုသာလေ့လာထားသည်။အခက်အခဲက“ဥပဒေတွေကလည်းပါလီမန်ခေတ်က ဟာတွေဆိုတော့ ရှာရတာ တော်တော်ခက်တယ်” ဟုလည်း ဆိုသည်။
အစိုးရ၏ကတိကဝတ်များစိစစ်ရေးကော်မတီဝင်ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီမှဒေါက်တာအေးမောင်ကလည်းမတ်လလွှတ်တော်ဆွေးနွေးပွဲများအတွင်း ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၏ပြောကြားချက်ကတိများကိုစိစစ်နေဆဲ ဖြစ်ပြီးလက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ပတ်သက်၍ပြင်ဆင်ထားမှုများ မရှိသေးဟု ဆိုသည်။
“ကျနော်တို့ကအစိုးရကတိကဝတ်တွေကို စိစစ်ရတဲ့ ကော်မတီဆိုတော့ ကျနော်တို့ ကတိကဝတ်တွေကိုပဲ
ကျနော်တို့အာရုံစူးစိုက်နေရပါတယ်။ဒါပေမယ့်၅ညတို့ဘာတို့ဖျက်သင့်တယ်လို့လွှတ်တော်အမတ် တယောက်ယောက်ကတင်လာရင်တော့ကျနော်တို့ဆန္ဒနဲ့ကိုက်ညီရင် ကျနော်တို့ ထောက်ခံပေးရမှာပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီNDFမှ လွှတ်တော်အမတ် ဦးစိုးဝင်းကလည်း လက်ရှိပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် ပတ်သက်၍ လေ့လာနိုင်မှု မရှိသေးကြောင်း သူက ဆိုသည်။
“ လောလောဆယ်မှာ အဲဒီဟာတွေကို ကျနော်တို့က မလုပ်နိုင်သေးဘူးဗျကြားဖြတ်(ရွေးကောက်ပွဲ)တို့ ပါတီ ကိစ္စတို့ အဲဒီဟာတွေပဲ လုပ်နေရတာ ရှိတယ် ”
သို့သော်NDFခွဲထွက်တဦးဖြစ်သူရှေ့နေနှင့် လွှတ်တော်အမတ် ဦးသိန်းညွန့်က လွှတ်တော်အမတ် တဦးတွင် ဥပဒေပြုရေးတာဝန်ရှိပြီးပြင်ဆင်သင့်သည့်ဥပဒေများကို လေ့လာ ရှာဖွေထားသင့်ကြောင်း တိုက်တွန်းသည်။
ဦးသိန်းညွန့်က ဒီမိုကရေစီစနစ်နှင့် မကိုက်ညီသည့် ဥပဒေနှင့် ပြည်သူကို အကျိုးမပြုသည့် ဥပဒေများကို ပယ်ဖျက်သင့်ကြောင်းလည်း သုံးသပ်သည်။
“ ၁၉၇၅ ခုနှစ် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မှုမှ ကာကွယ်သည့် ဥပဒေ ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
အရေးယူတဲ့ဥပဒေရှိသလို၁၉၅ဝအရေးပေါ်စီမံမှု ဥပဒေ စတာတွေ၊ နိုင်ငံတော်ကို အကြည်ညိုပျက်စေသည့်
ဥပဒေ ၁၂၄ က တို့ရှိနေတယ် အဲဒါတွေကို ပယ်ဖျက် ပြင်ဆင်ပြောင်းလဲရမှာပေါ့” ဟု သူက ဆိုသည်။
လွှတ်တော်အမတ်မှဥပဒေများလေ့လာနိုင်ရန်ရှေ့နေချုပ်ရုံး၊တရားရုံးချုပ်တို့မှလည်း အကူအညီ ပေးသင့်ကြောင်း ဦးသိန်းညွန့်က ယူဆသည်ဟု မဇ္ဈိမကို ပြောသည်။
မဇ္ဈိမက စုံစမ်းခဲ့သည့် လွှတ်တော် အမတ်အများစုက ပြောနိုင်သည်မှာ ပြည်သူလူထုမှ တင်ပြလာသည့် ရပ်ကွက် အုပ်ချုပ်ရေးမှူး ပြဿနာများ၊ လျှပ်စစ်မီးကိစ္စ စသည့် လူထု၏ အခြေခံ ပြဿနာများကို လာမည့် လွှတ်တော်များ အတွင်း တင်ပြဆွေးနွေးနိုင်ရန် လေ့လာ မှတ်တမ်းယူနေကြပါသည် ဆိုခြင်းသာ ဖြစ်သည်။







Geen opmerkingen: