မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 8 juli 2011

အမေရိကန်အဖွဲ့အစည်းများကCoIအကောင်အထည်ဖော်ရေးတိုက်တွန်း

ဧရာဝတီ Friday, 08 July 2011 15:36
ကုလသမဂ္ဂတွင်မြန်မာအာဏာပိုင်များအတွက်စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့နိုင်ရန်အမေရိကန်ကတွန်းအားပေး သင့်ကြောင်းအမေရိကန်အခြေစိုက်နာမည်ကြီးအဖွဲ့အစည်းကြီး၂၂ခုကသမ္မတအိုဘားမားအား တိုက်တွန်းပြောဆိုလိုက်သည်။
၂၀၁၀ဒီဇင်ဘာ၂၄ရက်နေ့ကစစ်ဆေးတက္ကသိုလ်ဆင်းပွဲတွင်တွေ့ရသောဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ဓာတ်ပုံ-AP)
“မြန်မာအာဏာပိုင်များအတွက်ကုလသမဂ္ဂစစ်ရာဇ၀တ်မှုများနှင့်လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇ၀တ်မှုများဆိုင်ရာစုံစမ်းစစ်ဆေးရေးကော်မရှင်(CoI)ဖွဲ့ရေးအမေရိကန်ကစည်းရုံးဆော်သြသင့်ပါတယ်။ ကုလသမဂ္ဂအထူးကိုယ်စားလှယ်မစ္စတာတောမတ်ကင်တားနားကအဆိုပြုပြီးမြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကလည်းထောက်ခံပြီးဖြစ်ပါတယ်”ဟု အဆိုပါ အဖွဲ့အစည်းကြီး ၂၂ ခုမှ ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးပြီး သမ္မတ အိုဘားမားထံ ပေးပို့သည့် စာထဲတွင် ဖော်ပြထားသည်။
အဖွဲ့အစည်းကြီး၂၂ခုတွင်နိုင်ငံတကာအလုပ်သမားညီညွတ်ရေးဆိုင်ရာအမေရိကန်ဗဟိုဌာန(ACILS)၊ အမေရိကန်ကျောင်းဆရာများဖက်ဒရေးရှင်း၊FreedomHouse,လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၊ မျိုးဖြုတ်သတ်ဖြတ်မှုတားဆီးရေးကွန်ရက်/ဒါဖာကယ်ဆယ်ရေးညွန့်ပေါင်းအဖွဲ့၊ အာရှ ဒီမိုကရေစီရေးရာ အင်စတီကျု၊ကုလသမဂ္ဂရုံး-မြန်မာ့ရန်ပုံငွေအဖွဲ့၊ USCampaignforBurma စသည်တို့ ပါဝင်သည်။
ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ဟောင်း နန်စီ ဆိုဒါဘာ့ဂ်လည်း ဇူလိုင်လ ၇ ရက်နေ့စွဲဖြင့် ပေးပို့သည့်စာတွင် ပါဝင် လက်မှတ်ရေးထိုးသည်။
“ထိရောက်သည့်ပြည်တွင်းပြည်ပဖိအား၊သံတမန်ရေးရာများဖြင့်ပြောင်းလဲအောင်လုပ်နိုင်လိမ့်မည်ဆိုသည်ကို ယုံကြည်၍မရကြောင်းအမေရိကန်အစိုးရကို မြန်မာအစိုးရကသက်သေပြပြီး ဖြစ်ပါတယ်။အမေရိကန် အနေဖြင့်JADEACTတွင်ပြဌာန်းထားသည့်အတိုင်းဘဏ္ဍာရေးဆိုင်ရာအပြည့်အဝပိတ်ဆို့မှုကို အကောင်အထည်ဖော်ခြင်း၊ ဖိအားပေးမှုများ အရှိန်မြှင့်ခြင်းကို လုပ်ဆောင်ရန် အချိန်ကျပြီ ဖြစ်ပါတယ်” ဟု စာတွင် ဖော်ပြထားသည်။
သမ္မတအိုဘားမားထံပေးပို့သည့်ယခုစာကအမေရိကန်အစိုးရအနေဖြင့်မြန်မာအာဏာပိုင်များကို ညှိနှိုင်းဆွေးနွေးရေးမှုဝါဒဖြင့်စတင်ဆက်ဆံသည်မှာ၂နှစ်နီးပါးရှိပြီဖြစ်ကြောင်းကိုလည်း သတိပေးထားသည်။
အမေရိကန် အဆင့်မြင့် အရာရှိများသည် မြန်မာနိုင်ငံသို့ အကြိမ်ပေါင်းများစွာ လည်ပတ်ခဲ့ပြီး ခေါင်းဆောင် အသီးသီးနှင့်တွေ့ဆုံကာအပြုသဘောဆောင်သည့်ပြောင်းလဲမှုများပြုလုပ်ရေးအတွက် ကြိုးပမ်းခဲ့ကြပြီးဖြစ်ကြောင်း၊ သို့သော် ရလဒ်မယ်မယ်ရရမရရှိခဲ့ကြောင်းလည်း စာထဲတွင် ဖော်ပြထားသည်။
ယင်းပေးစာထဲတွင်အရပ်သားအစိုးရလက်ထက်ကရင်၊ ရှမ်းနှင့် ကချင်ပြည်နယ်များအတွင်း အစိုးတပ်များ၏ စစ်ဆင်မှုများ၊နယ်ခြားစောင့်တပ်ဖွဲ့ရေးအတွက်တိုင်းရင်းသားလက်နက်ကိုင်တပ်များက ငြင်းဆိုမှုများကိုလည်း ဖော်ပြထားသည်။

Geen opmerkingen: