မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 3 april 2010

သီရိမင်္ဂလာဈေး ပြောင်းရွှေ့မည်

နရီလင်းလက် Saturday, April 03, 2010
.ရန်ကုန်မြို့ရှိအကြီးဆုံးကုန်စိမ်းဈေးဖြစ်သောသီရိမင်္ဂလာဈေးကိုမကြာမီပြောင်းရွှေ့တော့မည်ဟု ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့်နီးစပ်သည့်အဆင့်မြင့်အရာရှိတဦးထံမှသိရသည်။
“မေလထဲမှာရန်ကုန်-အင်းစိန်ကားလမ်းမကြီးဘေးကလှိုင်မြို့နယ်ကိုပြောင်းဖို့အပြီးလုပ်မယ်”ဟု ယင်း အရာ ရှိကြီးက ပြောသည်။

                                             ရန်ကုန်မြို့ရှိ အကြီးဆုံးကုန်စိမ်းဈေးဖြစ်သော သီရိမင်္ဂလာဈေး
လှိုင်မြို့နယ်တွင်အသစ်တည်ဆောက်နေသည့်ဈေးအဆောက်အအုံမှာတထပ်ဟောခန်းဖြစ်ပြီးခန့်မှန်းခြေ ၁၀ဧကခန့်ကျယ်ဝန်းကြောင်းသိရသည်။
“ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကတော့ဒီဈေးအရွေှ့အပြောင်းကို ရေငုံနှုတ်ပိတ်နေပေမယ့် လှိုင်မြို့နယ်မှာဈေးသစ်ကြီးတခုဆောက်နေတယ်ဆိုတာကိုတော့အစည်းအဝေးတခုမှာ အတည်ပြုသွားပါတယ်”ဟု တာဝန်ရှိသူများနှင့် နီးစပ်သူ တဦးကပြောသည်။
ဈေးတည်ဆောက်နေသည့် အဆောက်အအုံ မပြီးသေးသည့်အတွက် ဈေးသူဈေးသားများအား အကြောင်းမကြားရ သေးကြောင်း ယင်းကပြောသည်။
“အရင်တုန်းက ရွေးကောက်ပွဲရှိနေလို့ မလုပ်ဘဲ နေပါဦးလို့ တားထားတဲ့ စီမံကိန်းတွေကို ခုရက်ပိုင်းမှာ ကက (ကြည်း)- (ကာကွယ်ရေးဝန်ကြီးဌာန တပ်မတော်ကြည်း) က ပြန်အကောင်အထည်ဖော်ခိုင်းနေတာ အံ့သြစရာပဲ ''ဟု ရန်ကုန်မြို့မှ တပ်မတော်အရာရှိကြီး တဦးကပြောသည်။
ယင်းစီမံကိန်းများထဲတွင် လမ်းချဲ့ခြင်း၊ ဈေးပြောင်းခြင်း၊ ရပ်ကွက်ရွှေ့ပြောင်းခြင်းတို့ပါဝင်ကြောင်း ၎င်းက ဆိုသည်။
ဈေးသစ်သို့ပြောင်းရွှေ့မည့်ထဲတွင် မြေညီထပ်နှင့် ပထမထပ်ရှိ ဈေးဆိုင်ခန်းများသာပါဝင်ပြီး အပေါ်ပိုင်းတွင်ရှသည့် တည်းခို ခန်း များ၊ ဟက်ပီးဝေါလ် အပန်းဖြေစခန်းနှင့် တခြား စီးပွားရေးလုပ်ငန်းများ မပါဝင်ကြောင်းသိရသည်။
ယင်းသို့ပြောင်းရွှေ့ပါက အသားကျနေသည့် ဈေးသည်များအနေနှင့် စရိတ်စက ပိုမိုကုန်ကျမည်ဖြစ်ပြီး သယ်ယူ ပို့ဆောင်ရေး နှောင့်နှေးသွားနိုင်ကာ လက်ရှိတွင်လည်း ဈေးသည်များအရောင်းအ၀ယ် ထိခိုက်နစ်နာနိုင်ကြောင်း အလုံမြို့နယ်ရှိ စည်ပင် အရာရှိတဦးက ပြောသည်။
“တမြို့လုံးကကုန်စိမ်းရောင်းသူတွေလာဝယ်ကြသလိုပဲခူး၊ဧရာဝတီနဲ့ရှမ်းပြည်ကကုန်တွေဝင်ပြီး အရောင်းအ၀ယ်လုပ်နေတာ၊အပြောင်းအရွှေ့လုပ်ရင်ဘယ်လိုပဲဖြစ်ဖြစ်နေ့စဉ်ရောင်းနေ၀ယ်နေတဲ့သူတွေ၊နောက် စားသုံးသူတွေပါ အခက်အခဲတွေရှိလာမယ် ''ဟု သူက ဆိုသည်။
သီရိမင်္ဂလာကုန်စိမ်းဈေးသည်၁၉၈၈မတိုင်မီကကီလီဈေးဟုနာမည်ကြီးခဲ့ပြီးယင်းနောက်ပိုင်းတွက်တော့ အလုံအမှိုက်ပုံအနီးသို့ယာယီကီလီဈေးအနေဖြင့်ပြောင်းရွှေ့ရခဲ့သည်။
အထပ်ပေါင်း(၅)ထပ်မြင့်သည့်သီရိမင်္ဂလာဈေးကိုလွန်ခဲ့သည့်၁၉၉၈ခုနှစ်ကဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြေညီထပ်နှင့်ပထမထပ်တွင်ဆိုင်ခန်းပေါင်း(၂,၅၀၀)ခန့်ရှိကြောင်းသိရသည်။

Geen opmerkingen: