ကိုထွေး Thursday, April 01, 2010
.နိုင်ငံတကာကို ပစ်မှတ်ထားသည့် Myanmar International အမည်ရှိ ရုပ်သံလိုင်းသစ်ကို အစိုးရက ဗုဒ္ဓဟူးနေ့တွင် စတင် ထုတ်လွှင့် လိုက်သည်။
Myanmar International ၏ အစီအစဉ် များကြောင့် “မြန်မာကို ပြင်ပ ကမ္ဘာနှင့် ပိုမို ချိတ်ဆက်စေမည် ဖြစ်ပြီး ပြင်ပကမ္ဘာ အနေဖြင့်လည်း မြန်မာကို ပိုမို နားလည် လာနိုင်မည်”ဟု ပြန်ကြားရေး ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းက နေပြည်တော်တွင် ပြုလုပ်သည့် ရုပ်သံ လိုင်းသစ် မိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားလိုက်သည်။
နေပြည်တော်ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန ၀န်ထမ်းများ (ဓာတ်ပုံ - MNA)
Myanmar International တွင် သတင်း၊ မှတ်တမ်း ရုပ်ရှင်၊ ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်ကာ မြန်မာ့ ရုပ်ရှင်နှင့် ဗီဒီယိုများကို အင်္ဂလိပ် စာတန်းထိုးပြီး ထုတ်လွှင့် သွားမည်ဟု ဆိုသည်။ ကချင် ပြည်နယ် ရေခဲတောင် ဒေသတွင် ရိုက်ကူးခဲ့သော“လျှို့ဝှက်သော နှင်း”ရုပ်ရှင်ကားကို ပထမနေ့ အစီအစဉ်တွင် ထုတ်လွှင့် သွားကြောင်း တွေ့ရသည်။
ရုပ်သံ လိုင်းသစ်ကို မြောက်အမေရိက၊ ဥရောပ၊ သြစတြေးလျနှင့် နယူးဇီလန် ဒေသ၊ တရုတ်နှင့် အိန္ဒိယ ဒေသ၊ အင်ဒိုချိုင်းနား ဒေသ တို့တွင်၂၄ နာရီလုံး ဖမ်းယူ ကြည့်ရှုနိုင်မည် ဖြစ်သည်။ မြန်မာ ပြည်တွင်း၌ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ထုတ်လွှင့် သွားမည် ဖြစ်ကြောင်း သိရသည်။
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဌာန၊ ရွှေသံလွင် မီဒီယာ ကုမ္ပဏီတို့ ပူးပေါင်းစီစဉ်သည့် Myanmar Internationalတွင်သတင်းတင်ဆက်ရန်အင်္ဂလိပ်စကားပြောနိုင်ငံခြားသားတချို့ကိုငှားရမ်းထားကြောင်း သိရသည်။
“အရင်က MRTV-3 အစီအစဉ်တွေနဲ့ သိပ်မကွာပါဘူး၊ နည်းနည်း ထူးခြားတာက နိုင်ငံခြားသား တဦးက အင်္ဂလိပ်လို သတင်း ဖတ်တာပါပဲ” ဟု Myanmar International၏ ပထမနေ့ အစီအစဉ်ကို ကြည့်ရှုခဲ့သူ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရောက် မြန်မာပြည်သား တဦး ဖြစ်သည့် မအေးအေးက ပြောသည်။
Myanmar Internationalသည် မြန်မာ့ရုပ်မြင်သံကြား၏ MRTV-3 အစီအစဉ်များကို အသွင် သဏ္ဍာန် သာမက အနှစ်သာရပါ ပြောင်းလဲထားခြင်း ဖြစ်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ရေးသားသည်။
MyanmarInternationalအစီအစဉ်များကို၂၄နာရီထုတ်လွှင့်နိုင်ရန်ပြင်ဆင်နေစဉ်လွန်ခဲ့သည့်၁လကျော်မှ စတင်ပြီး နေ့စဉ် စမ်းသပ် ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။
Geen opmerkingen:
Een reactie posten