မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 20 juni 2011

ဒေါ်အောင်ဆန်းစုကြည်သတင်းပါသည့်BangkokPostအချပ်ပိုဖြန့်ခွင့်မရ

နရီလင်းလက် Monday, 20 June 2011 17:02
.မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့်ဆောင်းပါးနှင့်ဓာတ်ပုံများပါဝင်သောထိုင်းနိုင်ငံအခြေစိုက်BangkokPostနေ့စဉ်သတင်းစာ၏ယမန်နေ့ထုတ်အပတ်စဉ်အချပ်ပိုကို ရန်ကုန်မြို့တွင် ဖြန့်ချိခွင့် မရခဲ့ကြောင်း သိရသည်။
                                                                       ဇွန်လ၁၉ရက်နေ့ထုတ်BangkokPostအချပ်ပို
အဆိုပါအချပ်ပိုစာစောင်တွင်ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဓာတ်ပုံများ၊ ရွှေဝါရောင်တော်လှန်ရေးကာလဓာတ်ပုံများအပြင်ဒေါ်အောင်ဆန်းစုကြည်၏ရှေ့လာမည့် ခရီးစဉ်နှင့်ပတ်သက်၍ စာမျက်နှာ ၄ မျက်နှာခန့် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
“လေဆိပ်ကိုသတင်းစာရောက်ပြီဆိုတာနဲ့သံရုံးနဲ့အစိုးရအဖွဲ့အစည်းတွေကိုအရင်ဝေပြီးရင် စာပေစိစစ်ရေးကိုသွားရတယ်။စာပေစိစစ်ရေးကခွင့်ပြုတယ်ဆိုမှကျန်တဲ့ဟိုတယ်တွေ၊စာဖတ်ပရိသတ်တွေ ဆီကို ရောက်တာ” ဟု Bangkok Post ကိုယ်စားလှယ် ဦးမျိုးအောင်က ဧရာဝတီကို ပြောသည်။
မြန်မာပြည်တွင်ဇွန်လ၁ရက်နေ့မှစတင်၍ ထိုင်းနိုင်ငံထုတ်BangkokPostနှင့်TheNationသတင်းစာများကို Success International Publisher’sDistributorကုမ္ပဏီမှကိုယ်စားလှယ်အနေဖြင့် ဖြန့်ချိခွင့် ရထားသည်။
“လေဆိပ်မှာသွားထုတ်လာကတည်းကဖတ်ကြည့်တော့ခွင့်မပြုလောက်ဘူးဆိုတာသိတယ်။စာပေ စိစစ်ရေးကိုရောက်တော့ကျနော်တို့ဘက်ကဒီလိုအကြောင်းအရာတော့ပါနေတယ်၊ခွင့်ပြုနိုင်လား မေးလိုက်တော့ပြဿနာရှိတယ်၊ဖြုတ်လိုက်ဆိုတာနဲ့ဖြန့်တဲ့အချိန်မှာအချပ်ပိုစာစောင်တခုလုံး ဖြုတ်သိမ်းလိုက်တာ” ဟု ဦးမျိုးအောင်က ပြောသည်။
ယမန်နေ့ထုတ်BangkokPostအချပ်ပိုစာစောင်များကိုဖြန့်ချိခြင်းမပြုကြောင်းသက်သေပြသည့်အနေဖြင့် မြန်မာပြည်တွင်ဖြန့်ချိမည့်သတင်းစာများတွင်ပါရှိသောအချပ်ပိုစာစောင်အရေအတွက်အားလုံးကို စာပေစိစစ်ရေးသို့ ပေးပို့ရကြောင်း ၎င်းက ဆိုသည်။
စာပေစိစစ်ရေးသို့ဖြတ်သန်းပြီးသောထိုင်းနိုင်ငံအခြေစိုက်သတင်းစာများသည်စာဖတ်ပရိသတ်လက်ထဲသို့ နေ့လယ် ၁ နာရီ ခန့်တွင် ရောက်ရှိသည်။
လက်ရှိစာပေစိစစ်ရေး၏ အနေအထားသည်ယခင်ကထက်ဆင်ဆာကင်းလွတ်ခွင့်များရလာသည်ဟု ပြောနိုင်ပြီးတဖြည်းဖြည်းနှင့်ဆင်ဆာတင်းကျပ်မှုများလျော့နည်းလာမည်ဟုမျှော်လင့်ကြောင်း ဦးမျိုးအောင်က ဆက်ပြောသည်။
“ဆင်ဆာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးဖြည်းဖြည်းပဲသွားလို့ရမယ်ထင်တယ်။ချက်ခြင်းကြီး ဆင်ဆာတွေ လုံးဝ လွတ်သွားတာမျိုးကတော့ဖြစ်လာဦးမှာမဟုတ်သေးဘူး။အရင်တုန်းကအခြေအနေကစာအုပ်တိုက်နဲ့ အယ်ဒီတာတွေမှာတာဝန်မရှိဘူး။စာပေစိစစ်ရေးကဖြုတ်ခိုင်းရင်ဖြုတ်လိုက်ခပ်ပေါ့ပေါ့ပဲ၊တာဝန်သိပ်မရှိဘူး။ အခုက ကိုယ့်ဘာသာကိုယ် ဆင်ဆာ လုပ်ရမယ့် အပိုင်းတွေပါလာပြီ” ဟု သူက ဆိုသည်။
BangkokPostသတင်းစာကိုမြန်မာပြည်အတွင်း၌တစောင်လျှင်ကျပ်၂၁၀၀ဖြင့်၁လ၊၃လ၊၆လ၊၁နှစ် သတ်မှတ်ကာ လပေးစနစ်ဖြင့် ရောင်းချနေသည်။
အိမ်နီးချင်းထိုင်းနိုင်ငံနှင့်စီးပွားရေးဆက်သွယ်လုပ်ကိုင်နေသည့်လုပ်ငန်းရှင်များမြန်မာနိုင်ငံတွင် များပြားလာကြောင်း၊ BangkokPostသတင်းစာကို ၀ယ်ယူဖတ်ရှုသူ အများစုမှာ လုပ်ငန်းရှင်များဖြစ်ကြောင်း သိရသည်။
မြန်မာပြည်တွင်း၌လက်ရှိတွင်Times၊Newsweek၊ Reader’sDigest၊TheEconomicအပါအ၀င် နိုင်ငံတကာ စာစောင် ၆ မျိုးကို ဖြန့်ချိလျှက်ရှိသည်။
မြန်မာနိုင်ငံစာပေစိစစ်နှင့်မှတ်ပုံတင်ဌာနကအားကစား၊နည်းပညာ၊ကျန်းမာရေး၊ အနုပညာနှင့် ကလေးစာပေစသည့်စာပေအမျိုးအစား၅မျိုးကိုစာပေစိစစ်ရေးသို့တင်ရန်မလိုဘဲ(ထုတ်တင်စနစ်ဖြင့်) ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ ထုတ်ဝေ ခွင့် ပြုထားသည်။

Geen opmerkingen: