မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 10 juni 2011

ကချင်လက်နက်ကိုင်အဖွဲ့နှင့်အစိုးရတပ်စစ်ရေးဆက်တင်းမာ

နရီလင်းလက် Friday, 10 June 2011 16:28
.ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့်မြန်မာအစိုးရတပ်အကြားကချင်ပြည်နယ်အတွင်းယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့်စစ်ရေးအရတင်းမာမှုများဆက်လက်ရှိနေသည်ဟု သိရသည်။
ယမန်နှစ်ဧပြီလအတွင်းကတွေ့ရသည့်စစ်ရေးလေ့ကျင့်နေသောKIAတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ-James Robert Fuller)
မိုးမောက်မြို့နယ်တွင်KIAတပ်မဟာ၃လက်အောက်ရှိတပ်ရင်း၁၅နှင့်အစိုးရတပ်များသည်လအတန်ကြာ စစ်ရေးတင်းမာပြီးနောက်ယမန်နေ့ကတိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲကြောင့် နှစ်ဘက်စလုံး စစ်ရေးအရ ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု သိရသည်။
KIAနယ်မြေအတွင်းရှိမိုင်ဂျားရားကျေးရွာမှဒေသခံတဦးကလည်းကျေးရွာများတွင်နေထိုင်သည့် အမျိုးသားများသည်တိုက်ပွဲဖြစ်ပွားသည့်ဒေသများသို့သွားရောက်၍စစ်တိုက်ခိုက်ရေးတွင်မပါဝင်နိုင်သော်လည်းရိက္ခာသယ်ဆောင်ရာတွင်ကူညီပေးကြသည်ဟုပြောသည်။
ယင်းကဲ့သို့တိုက်ပွဲဖြစ်ပွားသည့်နေ့ ညပိုင်းမှစတင်ကာမြန်မာစစ်တပ်ဘက်မှKIAဌာနချုပ်အနီးတ၀ိုက်တွင် တပ်အင်အားတိုးချဲ့ခြင်းများပြုလုပ်လာခြင်းရှိသော်လည်းအရေအတွက်မည်မျှတိုးချဲ့သည်ကို တိတိကျကျမသိရဟုတရုတ်-မြန်မာနယ်စပ်ရှိKIAဗဟိုဌာနချုပ်ရှိရာလိုင်ဇာမြို့မှ ဒေသခံကိုဆိုင်းအောင် က ပြောသည်။
“မြစ်ကြီးနားနဲ့ဗန်းမော်လမ်းဘက်ပေါ့။မနေ့ကတိုက်ပွဲဖြစ်တဲ့လမ်းဘက်မှာရော၊ဗန်းမော်လမ်းဘက်မှာရော၊ လိုင်ဇာနဲ့ နီးတဲ့နေရာ မြန်မာစစ်တပ်ဘက်က အင်အားထပ်တိုးချထားတယ်”ဟု သူက ဆိုသည်။
၂၀၁၀ပြည့်နှစ်ကတည်းကKIAတပ်များကိုနယ်ခြားစောင့်တပ်အသွင်ပြောင်းရေးအတွက်စစ်အစိုးရက ဖိအားပေးခဲ့ရာမှဆက်ဆံရေးတင်းမာနေခဲ့သည်။
ယမန်နေ့တိုက်ပွဲတွင်မြန်မာအစိုးရတပ်မှစစ်သား၃ဦးကျဆုံးကာ၆ဦးဒဏ်ရာရရှိပြီးKIAတပ်မှစစ်သား၂ဦး ဒဏ်ရာရရှိခဲ့ကြောင်းKIA၏ ပြောကြားချက်ကို ယမန်နေ့က ကချင်သတင်းဌာနတွင် ဖော်ပြထားသည်။
ယခင်လကတည်းကKIAက၎င်းတို့ထိန်းချုပ်သည့်နယ်မြေထဲသို့မ၀င်ရောက်ရန်သတိပေးခဲ့သော်လည်းKIA တပ်မဟာ၃ထိန်းချုပ်သည့်နယ်မြေထဲသို့အစိုးရတပ်များဝင်ရောက်ခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊KIAတပ်မဟာ၃ထိန်းချုပ်သည့်နယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက အစိုးရတပ်များနှင့် စစ်ရေးတင်းမာနေကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ကချင်သတင်းဌာနမှအယ်ဒီတာကိုနော်ဒင်းက“ဗန်းမော်ခရိုင်ထဲမှာရှိတဲ့မြန်မာတပ်တွေထဲက စစ်သားအင်အား၅၀၀လောက်တော့ရှိတယ်။သူတို့ကKIAနယ်မြေထဲကိုဝင်လာလို့အဖမ်းခံထားရတဲ့ မြန်မာစစ်သားတွေကိုလွှတ်ပေးဖို့အင်အားနဲ့လာခြိမ်းခြောက်သလို၊ဖိအားပေးသလို ပုံစံမျိုးလုပ်တယ်လို့သိရတယ်။ အဲဒီမှာ ညှိကြရင်းနဲ့ နှစ်ဘက် တင်းမာကုန်ပြီး မြန်မာ စစ်တပ်က စပစ်တာကို KIA ကလည်း ပြန်ပစ်ကြရင်း တိုက်ပွဲဖြစ်ကုန်တာ”ဟု ပြောသည်။
KIOသည် ယခင်စစ်အစိုးရ ကမ်းလှမ်းထားသောနယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံဟု ၂၀၁၀စက်တင်ဘာလ၁ရက်နေ့ကငြင်းဆိုခဲ့ပြီးနောက်၎င်းတို့ထိန်းချုပ်ရာနယ်မြေအတွင်း နအဖတပ်များ မကျူးကျော်ရန်လည်း သတိပေး ထားသည်။
ကိုဆိုင်းအောင်က“ထိုးစစ်အနေနဲ့KIAနယ်မြေထဲကိုထပ်တိုးဝင်လာရင်တော့စစ်ပွဲကြီးတွေ ဖြစ်လာနိုင်တာပေါ့။မနေ့ကတိုက်ပွဲကလည်းလူသေတဲ့အထိရှိသွားတော့တိုက်ပွဲကပြင်းထန်တယ် ပြောရမယ်”ဟု ပြောသည်။
၂၀၁၀ပြည့်နှစ် အောက်တိုဘာ၁၈ရက်တွင်KIA၏နိုင်ငံရေးအဖွဲ့ဖြစ်သောကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆက်ဆံရေး ရုံးကို အစိုးရတပ်များက ဝင်ရောက်စီးနင်းပြီး KIO အရာရှိ နှစ်ဦးကို ဖမ်းဆီးခဲ့သည်။
၁၉၉၄ခုနှစ်မှစတင်ပြီးKIAသည်စစ်အစိုးရနှင့်အပစ်အခတ်ရပ်စဲခဲ့သည်။သို့သော် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနယ်ခြားစောင့်တပ်များအဖြစ်အသွင်ပြောင်းရေးအစီအစဉ်ကိုKIAက လက်မခံသဖြင့်အစိုးရနှင့်ဆက်ဆံရေးပျက်ပြားလျက်ရှိသည်။နှစ်ဘက်စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

Geen opmerkingen: