မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 28 juni 2011

အပစ်ရပ်အဖွဲ့များလက်နက်အပ်ရန်နောက်ဆုံးအချိန်သတ်မှတ်

ခင်ဦးသာ Tuesday, 28 June 2011 17:39
.မွန်ပြည်နယ်အတွင်းရှိအစိုးရနှင့်အပစ်အခတ်ရပ်စဲထားသောတပ်ဖွဲ့ဝင်များအားဇွန်လ၃၀ရက်နေ့ နောက်ဆုံးထားကာလက်နက်များကိုသက်ဆိုင်ရာရဲတပ်ဖွဲ့ထံလာရောက်အပ်နှံရမည်ဟု အမိန့်ထုတ်ထားကြောင်း သိရသည်။
                                                                    မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ(ဓာတ်ပုံ-NMSP)
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏အမိန့်ဖြင့်ထုတ်ပြန်ကာမွန်ပြည်နယ်၏မြို့နယ်များ၌ယခုလဆန်းပိုင်းမှ စတင်၍လုပ်ဆောင်နေကြောင်း၊မုဒုံမြို့နယ်၊သံဖြူဇရပ်မြို့နယ်များ၏အစိုးရရုံးများ၌ဇွန်လ၂၆ရက်ခန့်မှစ၍ ကြေညာထားကြောင်းမုဒုံဒေသခံနှင့်မွန်ပြည်သစ်ပါတီ(NMSP)အဖွဲ့ဝင်ဟောင်းဖြစ်သူနိုင်မွန်ချမ်းက ပြောသည်။
“ထုတ်ပြန်ချက်မှာတော့ဘယ်အဖွဲ့ဆိုတာရည်ညွှန်းမထားဘူး။လက်နက်တွေမအပ်ရင်ဘယ်လိုအရေးယူမယ်ဆိုတာလည်း ရေးမထားဘူး”ဟု၎င်းကဆိုသည်။
ထိုသို့လုပ်ဆောင်လာခြင်းသည်တိုင်းရင်းသားဒေသများ၌ဖြစ်ပွားနေသောတိုက်ပွဲများအပေါ်အခြေခံကာ မွန်လက်နက်ကိုင်တပ်ဖွဲ့များကတိုက်ခိုက်လာမည်ကိုစိုးရိမ်၍လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း၊သို့သော် မွန်ပြည်သစ်ပါတီဝင်ဟောင်းများအနေဖြင့်လက်နက်ရှိသော်လည်းပြန်အပ်လိမ့်မည်ဟုမထင်ကြောင်း အမည်မဖော်လိုသူ မော်လမြိုင်မြို့ခံ မွန်နိုင်ငံရေး သမားတဦးက ဧရာဝတီ ကိုပြောသည်။
“တချို့ကိစ္စတွေကစွပ်စွဲသလိုမျိုးဖြစ်နေတယ်။လက်နက်ဆောင်ထားရင်လည်းဘယ်သူကငါ့မှာလက်နက်ရှိတယ် ပြောမှာလဲ။ စစ်ပွဲတွေ စတိုက်ရင်လည်းပဲ အစိုးရတပ်ကပဲ စတိုက်တာပါ” ဟု ၎င်းက ဆိုသည်။
မွန်ပြည်သစ်ပါတီ၏တပ်ဖွဲ့ဝင်ဟောင်းတို့သည်မြို့ပေါ်နှင့်ကျေးရွာတချို့၌နေထိုင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။
မွန်ပြည်နယ်နှင့်ထိစပ်နေသောကရင်ပြည်နယ်ကြာအင်းဆိပ်ကြီးမြို့နယ်ဒေသတ၀ိုက်၌ယခုလအတွင်း တိုက်ပွဲ၃ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းနှင့် ဆက်စပ်၍အတ္ထရံမြစ်ကြောင်း တလျှောက်ရှိ ကြာအင်းဆိပ်ကြီးမှမော်လမြိုင်သွားသည့်ရေလမ်းကြောင်းကိုKNU၏လက်အောက်ခံတပ်တချို့က ပိတ်ဆို့ထားကြောင်း ကြာအင်းဆိပ်ကြီး ဒေသခံ ကုန်သည်တဦးက ဆိုသည်။
“တိုက်ပွဲတွေဆက်တိုက်လိုဖြစ်နေတော့မြစ်ကြောင်းထဲကရေလမ်းကြောင်းတချို့ပိတ်ထားတာရက်၂၀ကျော်ပြီ။ ရေလမ်းက လုံးဝ သွားလို့မရ ဖြစ်နေတယ်” ဟု သူက ပြောသည်။
ကြာအင်းဆိပ်ကြီးဒေသတ၀ိုက်တွင်ကရင်အမျိုးသားအစည်းရုံး(KNU)လက်အောက်ခံတပ်မဟာ၆ အခြေစိုက် လှုပ်ရှားလျက်ရှိသည်။
KNUအတွင်းရေးမှူး၁ဗိုလ်မှူးဖဒိုစောလှငွေကမူသံလွင်မြစ်ကြောင်းတလျှောက်ရေလမ်းကြောင်းအားKNUက ပိတ်ဆို့ထားခြင်းသည် မဟုတ်မှန်ဟု ပြောသည်။
“KNUဌာနချုပ်နဲ့ဘာမှမပတ်သက်ပါဘူး။တကယ်ပိတ်ထားတယ် ဆိုရင်လည်း အဲဒီဒေသမှာ အခြေပြုထားတဲ့ တပ်တချို့က စစ်ရေးအရ ခဏ ပိတ်ထားတာလို့ပဲ ထင်တယ်” ဟု ၎င်းက ဆိုသည်။
ဘားအံ၊ ကော့ကရိတ်၊ မော်လမြိုင်၊ ကြာအင်းဆိပ်ကြီး ဒေသများ၌ KNU အနေဖြင့် လှုပ်ရှားမှု မရှိဟု ၎င်းက ဆက်ပြောသည်။
မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်နယ်စပ်ဒေသ၌ မကြာသေးခင်ကတိုက်ပွဲတချို့ဖြစ်ပြီးနောက်ပိုင်းအစိုးရ၏ တပ်မ၂၂လက်အောက်ခံဗျူဟာတခုသည်၎င်းဒေသအတွင်းစစ်ရေးအရ၀င်ရောက်လှုပ်ရှားနေကြောင်း သိရသည်။

Geen opmerkingen: