မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 29 juni 2011

တရားဝင်ပါတီဖြစ်ကြောင်းအန်အယ်ဒီတုံ့ပြန်

မျိုးသန့် ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၁၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တရားဝင် ရပ်တည်နေသော နိုင်ငံရေးပါတီ တခုဖြစ်ပြီး လွှတ်တော်အဆင့်ဆင့်နှင့်နိုင်ငံတော်အစိုးရကိုဆန့်ကျင်လိုခြင်းမရှိကြောင်းပြည်ထဲရေးဝန်ကြီးဌာနက ပါတီလုပ်ငန်းများလုပ်ဆောင်နေမှုနှင့်ပတ်သက်၍သတိပေးချက်ကို ဗုဒ္ဓဟူးနေ့တွင် ပြန်လည်တုံ့ပြန်လိုက်သည်။
ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဗိုလ်ချုပ်ကြီးကိုကိုသို့လိပ်မူ၍ဒေါ်အောင်ဆန်းစုကြည်လက်မှတ်ရေးထိုး ပေးပို့သောစာမိတ္တူကိုမဇ္ဈိမကလက်ခံရရှိထားရာအန်အယ်ဒီသည်ဥပဒေအရပျက်ပြယ်ခြင်းမရှိဟုပြန်လည် ငြင်းချက်ထုတ်မှု ပါရှိသည်။
၂ဝ၁ဝရွေးကောက်ပွဲဝင်ရန်မှတ်ပုံတင်ခြင်းမပြုသည့်အတွက်နိုင်ငံရေးပါတီအဖြစ်မှအလိုအလျောက် ပျက်ပြယ်သည် ဆိုသော အစိုးရ၏ စောဒကကို ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေ ကိုပင် ကိုးကား၍ ပြန်လည် ချေပလိုက်သည်။
“ပြည်ထောင်စုလွှတ်တော်သည်နိုင်ငံရေးပါတီများနှင့်စပ်လျဉ်းသည့်လိုအပ်သောဥပဒေများကို ပြဋ္ဌာန်းရမည်”ဟုဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၄ဝ၉ တွင်ပါရှိသောကြောင့် အဖွဲ့ချုပ်သည် ပျက်ပြယ်ခြင်းမရှိပါ ”ဟု အန်အယ်ဒီထိပ်တန်းခေါင်းဆောင်များအရေးပေါ် အစည်းအဝေးထိုင်ကာ ပေးပို့သော စာတွင်ပါရှိသည်။
“ဥပဒေတွေကပြောရရင်အများကြီးဗျအဲဒီတော့ခြုံပြီးတော့ပြောရရင် NLD ဟာ ပျက်မသွားဘူးလို့ ကျနော်တို့ ဥပဒေအရ အဲဒီလိုမြင်တယ်။ ဒါကြောင့် ကျနော်တို့ ဆိုင်းဘုတ်တွေ ချိတ်တာ၊ လှုပ်ရှားမှုတွေကလည်း NLD အနေနဲ့ပဲ လှုပ်ရှားနေတာပါ”ဟု အန်အယ်ဒီ ဗဟိုအလုပ်မှုဆောင် တဦး ဖြစ်သော ဦးဉာဏ်ဝင်းက မဇ္ဈိမသို့ ပြောသည်။
ဇူလိုင်၂၂ရက်နေ့တွင်ပြုလုပ်မည့်ဒေါ်အောင်ဆန်းစုကြည်နယ်လှည့်ခရီးစဉ်မတိုင်မီ ပြည်ထဲရေးဝန်ကြီးဌာနကနိုင်ငံရေးပါတီအနေဖြင့် လှုပ်ရှားမှု မလုပ်ရန် အစိုးရအာဘော် သတင်းစာများမှ တဆင့် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက် တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။
“ ဖွဲ့စည်းထားသော လွှတ်တော် အဆင့်ဆင့်နှင့် နိုင်ငံတော် အစိုးရကိုလည်း ဆန့်ကျင်လိုသည့် သဘောထား မဟုတ်ပါ။ တရားဥပဒေ စိုးမိုးရေးအတွက် ဥပဒေပါ ပြဋ္ဌာန်းချက်များကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အလေးထားလိုက်နာခြင်းသာ ဖြစ်ပါသည်”ဟု အန်အယ်ဒီ၏ပေးစာထဲတွင်ဖေါ်ပြထားပြီး ရွေးကောက်ပွဲ ကော်မရှင်ကပါတီအဖြစ်မှဖျက်သိမ်းခြင်းကိုတရားမဝင်ကြောင်းတရားရုံးချုပ်(ရန်ကုန်)သို့ လျှောက်ထားခဲ့မှုကို ရည်ညွှန်းထားသည်။
တရားဥပဒေစိုးမိုးရေးပိုမိုလုပ်ဆောင်နိုင်ရန်တွေ့ဆုံဆွေးနွေးမှုဖြစ်လာရေးစီစဉ်ပေးရန် ဒုတိယဗိုလ်ချုပ်ကြီးကိုကို ကိုမေတ္တာရပ်ခံကြောင်းလည်း ဦးဉာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။
“တရားဥပဒေ စိုးမိုးရေး အတွက် သဘောထား ဖလှယ်လိုက်ရင် ဒါတွေက ပြေလည်နိုင်စရာတွေ ချည်းပဲလို့ ကျနော်တို့မြင်တယ် ဒါ့ကြောင့်ကျနော်တို့စာမှာ တွေ့ဆုံညှိနှိုင်း ဆောင်ရွက်နိုင်ရေးအတွက် တရားဥပဒေ စိုးမိုးရေးကိစ္စ ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဖို့ စီစဉ်ပေးပါလို့ မေတ္တာရပ်ခံတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။





Geen opmerkingen: