မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 10 juni 2011

မလေးရှားရှိတရားမ၀င်မြန်မာများလက်မှတ်ရရေးဈေးကွက်ပေါ်နေ

ဟိန်းသူ Friday, 10 June 2011 18:32
.မလေးရှားနိုင်ငံတွင်တရားမ၀င်နေထိုင်သူများကိုတရားဝင်အဖြစ်ဆောင်ရွက်ပေးမည်ဟုမလေးရှား အစိုးရကကြေညာပြီးသည့်နောက်ပိုင်းမြန်မာများအတွက်ဝန်ဆောင်မှုပေးသည့်ဈေးကွက်တခု ပေါ်နေကြောင်းရွှေ့ပြောင်းအလုပ်သမားများကပြောသည်။
ယင်းအစီအစဉ်ကိုမလေးရှားအစိုးရကအတည်ပြုခြင်းမရှိသေးသော်လည်းတရားဝင်နေထိုင်ခွင့် ရရှိရန်အတွက်မလေးရှားရင်းဂစ်၃၀၀၀မှ၅၀၀၀(မြန်မာငွေကျပ်၇သိန်းခွဲမှ၁၃သိန်း)ကြား ကုန်ကျမည်ဖြစ်ကြောင်း အကျိုးဆောင်လုပ်ငန်းများက ဆိုသည်။
မလေးရှားနိုင်ငံရှိမြန်မာသံရုံးမှတာဝန်ရှိသူတဦးက“ဒီအစီအစဉ်မှာပါဝင်ဆောင်ရွက်နေပါတယ်။သံရုံးတာဝန်ရှိသူတွေအနေနဲ့ဆွေးနွေးနေဆဲဖြစ်တဲ့အတွက်အသေးစိတ်ကိုထုတ်ဖော်ပြောဆိုနိုင်ဖို့မဖြစ်သေးပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။
မှတ်ပုံတင်ခြင်း၊တရားဝင်အဖြစ်လုပ်ဆောင်ခြင်း၊လွတ်ငြိမ်းချမ်းသာခွင့်စီစဉ်ခြင်း၊စစ်ဆေးမှုများပြုလုပ်ခြင်း၊ အရေးယူခြင်းနှင့်နယ်နှင်ဒဏ်ပေးခြင်းစသည့်အဆင့်၆ဆင့်ကို၃ပတ်ကြာဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပထမဆုံးအဆင့်မှတ်ပုံတင်ခြင်းကိုစတင်ဆောင်ရွက်နေပြီဖြစ်သော်လည်းကျန်သည့်အဆင့်များကို လာမည့်လတွင် ဆောင်ရွက်သွားဖွယ်ရှိကြောင်း မလေးရှားအစိုးရက ဆိုသည်။
တရားမ၀င်နေထိုင်သူများမှာမည်ကဲ့သို့ဆောင်ရွက်ရမည်ကိုမသိသေးသည့်အချိန်တွင်မလေးရှားနိုင်ငံရှိ အကျိုးဆောင်ကုမ္ပဏီများက ၀န်ဆောင်မှုပေးရန်အတွက် စာရင်းများ ကောက်ခံလျက်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စအတွက်လုပ်ကိုင်နေသောမဟာနန်းကုမ္ပဏီမှတာဝန်ရှိသူတဦးကမြန်မာများအတွက်စာရင်းများ ကောက်ယူနေပြီဖြစ်ကြောင်း၊ရင်းဂစ် ၃၀၀၀မှ၅၀၀၀ကြားကုန်ကျနိုင်ကြောင်း ရှင်းပြသည်။
“မြန်မာသံရုံးဘက်ကဈေးနှုန်းကိုတရားဝင်မထုတ်ပြန်သေးဘူး။၁၅ရက်နေ့မှာတရားဝင်ဈေးနှုန်းတွေ ကြေညာပေးမယ်ပြောတယ်။အခုကျနော်တို့ဆောင်ရွက်ပေးနေတာဖောင်လက်ခံတဲ့ သဘောပဲရှိပါသေးတယ်”ဟု၎င်းကပြောသည်။
နိုင်ငံကူးလက်မှတ်ရှိပြီးရက်လွန်နေသူများမှာလက်မှတ်မိတ္တူတင်ပြရမည်ဖြစ်ပြီးမိတ္တူမတင်ပြနိုင်ပါကနံပါတ် ပြောပြနိုင်ရမည်ဖြစ်ကြောင်း၊တရားမ၀င်နည်းလမ်းဖြင့်ဝင်ရောက်သူများမှာမြန်မာမှတ်ပုံတင်၊ သန်းခေါင်စာရင်းနှင့်ရဲစခန်းထောက်ခံစာများလိုအပ်ကြောင်း၊လက်ရှိအချိန်တွင်စာရင်းပေးထားသူမှာ၄၀၀ ကျော်ခန့်သာရှိသေးကြောင်းမဟာနန်းကုမ္ပဏီကရှင်းပြသည်။
မလေးရှားနိုင်ငံတွင်၇နှစ်ခန့်နေထိုင်နေသောကိုယုပိုင်က“တကယ်ဟုတ်မဟုတ်ကိုစောင့်ကြည့်နေတာပေါ့။ စိတ်ချယုံကြည်ရတဲ့အခြေအနေရောက်မှလုပ်မယ်ဆိုပြီးဆုံးဖြတ်ထားတယ်။ပွဲစားကနေ မသွားချင်ဘူး။ ဖြစ်နိုင်ရင်တိုက်ရိုက်လုပ်ချင်တယ်။စုံစမ်းနေတယ်။တကယ်ပဲအပြင်ကုမ္ပဏီတွေလုပ်ပိုင်ခွင့်ရထားလား ဆိုတာကိုပါ”ဟုပြောသည်။
တရားဝင်အဖြစ်လုပ်ဆောင်နိုင်ရန်အခွင့်အရေးများရှိနေသော်လည်းငွေကြေးမတတ်နိုင်သည့်အတွက် မလုပ်နိုင်မည့်သူများလည်း ရှိနေသည်။
“လက်ရှိအချိန်မှာလုပ်ပေးမယ့်အေးဂျင့်တွေဆီကစုံစမ်းကြည့်တာဈေးကတော်တော်များတယ်။ကျနော့်အနေနဲ့က အဲဒီလောက်အထိအကုန်အကျမခံနိုင်ဘူး”ဟုဆောက်လုပ်ရေးလုပ်ငန်းတွင်နေ့စားလုပ်ကိုင်နေသူတဦးက ပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းအပါအ၀င်အခြားအခြေခံနေ့စားအလုပ်သမားများမှာတရက်လျှင်၃၅ရင်းဂစ်ဝန်းကျင်သာရရှိကြောင်း၊စက်ရုံအလုပ်ရုံများနှင့်စားသောက်ဆိုင်များတွင်လခစားများမှာရင်းဂစ်၈၀၀ ၀န်းကျင်သာ ရရှိကြောင်း သိရသည်။
စက်ရုံတွင်လခစားအလုပ်အဖြစ်ဝင်ရောက်လုပ်နေသောမဖြူဖြူဝင်းကလည်း“ငွေကြေးက အခက်အခဲရှိတယ်။ရရစားစားဆိုတော့၊လစာကလည်းသိပ်ကောင်းတာမဟုတ်တော့။လုပ်ခ အရမ်းများရင်တော့ မလုပ်နိုင်ဘူး”ဟု ပြောသည်။
မြန်မာ၊နီပေါ၊ဘင်္ဂလားဒေ့ရှ်၊ဖိလစ်ပိုင်၊အင်ဒိုနီးရှားစသည့်နိုင်ငံများမှမလေးရှားနိုင်ငံတွင်တရားမ၀င်နေထိုင်နေသူများ၂သန်းခန့်ရှိကြောင်းမလေးရှားသတင်းစာများတွင်ဖော်ပြထားသည်။
မလေးရှားတွင်တရားမ၀င်ရောက်ရှိနေသောမြန်မာအရေအတွက်မှာသိန်းနှင့်ချီရှိသော်လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR)တွင်ဒုက္ခသည်အဖြစ် စာရင်းပေးထားသည့် မြန်မာနိုင်ငံသား ၈၅၈၀၀ရှိကြောင်းUNHCR၀က်ဆိုဒ်မှ သိရသည်။

Geen opmerkingen: