မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 23 juni 2011

စစ်ဘေးရှောင်၁၃၀၀၀ကျော်KIOထံရောက်

သဲသဲ၊ ဖနိဒါ ကြာသပတေးနေ့၊ ဇွန်လ ၂၃ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၂ မိနစ် .
မဇ္ဈိမသတင်းဌာန။ ။ကချင်ပြည်နယ်တွင်အစိုးရတပ်နှင့်ကချင်တိုက်ပွဲများကြောင့်စစ်ဘေးပုန်းရှောင်လာသူ ဒုက္ခသည်၁၃ဝဝဝကျော်ရှိပြီဟုကချင်လွတ်မြောက်ရေးအဖွဲ့ကပြောသည်။
KIOဗဟိုကော်မတီဝင်ဖြစ်သူဒုက္ခသည်များကယ်ဆယ်ရေးကော်မတီတာဝန်ခံဦးဒွဲပီဆား၏ပြောဆိုချက်အရ KIOဌာနချုပ်တည်ရှိရာလိုင်ဇာဒေသတွင်၅ဝဝဝကျော်၊မိုးညှင်းခရိုင်တပ်ရင်း၅နယ်မြေတွင်၂၃ဝဝကျော်နှင့် တပ်ရင်း၃နယ်မြေလွယ်ဂျယ်ဒေသတွင်၆ဝဝဝကျော်ရှိသည်ဟုဆိုသည်။
“မြစ်ကြီးနား ဗန်မော်လမ်းမကြီးက လူတွေ အများစုပါတယ်” ဟု ဦးဒွဲပီဆားက ပြောသည်။
ဒုက္ခသည်များမှာခန်းမဆောင်များလိုင်ဇာမြို့တော်ခန်းမ၊အမှတ်(၃)ဈေး၊တိုက်ခန်းအလွတ်၊ဈေးဆိုင်ခန်း အလွတ်များတွင် စုပေါင်းထားရှိသည်။
KIOဗဟိုဌာနကဖွင့်လှစ်ထားသည့်လိုင်ဇာရှိဒုက္ခသည်စခန်းများတွင်ဆေးဝါးနှင့်ဆန်အကူအညီပေးနေပြီး၊ စစ်ပြေးဒုက္ခသည်များတွင်ကျောင်းနေသည့်ကလေး၇ဝဝကျော်ပါဝင်ကြောင်းKIOပြောခွင့်ရဦးလနန်က မဇ္ဈိမကို ပြောသည်။ အခြား မည်သည့်အဖွဲ့အစည်းထံမှ တစုံတရာ အကူအညီ မရဟု ဆိုသည်။
အစိုးရစစ်တပ်နှင့်KIAတပ်များအကြားဇွန်လ၉ရက်နေ့တွင်တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီးနောက် စစ်ပြေးဒုက္ခသည်များသည်KIOထိန်းချုပ်ဒေသတရုတ်-မြန်မာနယ်စပ်ဘက်သို့ဦးတည်ကာ ထွက်ပြေးနေကြသည်။
ထွက်ပြေးလာသူများတွင်ကလေးငယ်များ၊အမျိုးသမီးနှင့်သက်ကြီးရွယ်အိုများအများဆုံးပါဝင်ကာ၊ ဒုက္ခသည်များအတွက် စားရိက္ခာနှင့် အမိုအကာများ အဓိက လိုအပ်နေသည်ဟု KIO က ပြောသည်။
လိုင်ဇာမြို့ရှိဒုက္ခသည်စခန်းများတွင်စစ်ဘေးရှောင်ဒုက္ခသည်များ၏နေထိုင်မှု၊စားနပ်ရိက္ခာ၊ကျန်းမာရေး၊ကျောင်းသားများ ပညာရေးအကူအညီရရှိမှုနောက်ဆုံးအခြေအနေကိုဒုက္ခသည်စခန်းကျန်းမာရေးတာဝန်ခံ၏ ပြောဆိုချက်များကို တင်ပြလိုက်ပါသည်။
စားနပ်ရိက္ခာ အခြေအနေ
“အဓိကကုန်တာကသူတို့အတွက်ရိက္ခာပေါ့နော်၊ကျွေးမွေးတာကတော။ဗဟိုကော်မတီဝင်ကတရက်ကိုလူတယောက်ကို ဆန်နို့ဆီဗူး၂ခွက်ပေါ့၊ လူကြီးလူငယ်မခွဲဘဲ အဲလိုဝေပေးတယ်။ စားနပ်ရိက္ခာတွေ ဝေပေးပြီး၊
ဈေးထဲကဝယ်ပြီးသူတို့ဘာသာချက်စားကြတယ်ပေါ့။ကျနော်တို့ကရေတွေ၊ထင်းတွေစီစဉ်ပေးပါတယ်။ ပိုက်ဆံပါတဲ့သူတချို့ကတော့အပြင်ကနေဝယ်စားတာလည်းရှိတယ်။ပိုက်ဆံမပါတဲ့သူတွေကတော့ ကျနော်တို့ ဝေတဲ့ ဆန်ကိုပဲ ချွေတာပြီး စားရတာပေါ့။ လိုင်ဇာတဝိုက်တင်ပဲ စားနပ်ရိက္ခာအတွက် တရက်ကို သိန်း ၂ဝ ကျော်လောက် ကုန်တယ်”
နေထိုင်ရေး အခြေအနေ
‘‘အဆောက်အအုံကြီးတွေရဲ့ခန်းမတွေမှာ၊လိုင်ဇာမြို့တော်ခန်းမ၊ဈေးကြီးမှာ၊တိုက်ခန်းလွတ်တွေမှာနေရာ ချပေးထားတာပေါ့။တချို့ကအခင်းတွေ၊စောင်တွေ၊ခြင်ထောင်တွေလည်းမပါလာတော့တမံသလင်းမှာ အိပ်ကြတယ်။ကြာရင်သူတို့ကျန်းမာရေး ထိခိုက်မှာဆိုတော့ ဖျာတွေ၊အခင်းတွေစီစဉ်ပေးတယ်။ အခုဆိုရင် အများကြီး လိုလာတာပေါ့၊ လောက်တော့ ဘယ်လောက်မလဲ”
“တောထဲမှာပြေးရင်းရှောင်ရင်းတောထဲမှာပုန်းနေကြတဲ့သူတွေလည်းရှိသေးတယ်။ ကျနော်တို့ စာရင်းထဲမှာ အဲဒါတွေ မပါသေးဘူး။ သူတို့တွေပါ တက်လာရင် ပိုများလာမယ်လေ”
ကျန်းမာရေး အခြေအနေ
“ဒုက္ခသည်တော်တော်များများရောက်လာတဲ့အခါမှာကလေးတွေဖျားနာတာပိုများတယ်။ ဝမ်းလျှောတာရယ်၊
နောက်ပြီးငှက်ဖျားဖြစ်တာ၊အအေးပတ်ပြီးချောင်းဆိုတာများပါတယ်။အများအားဖြင့်သူတို့ဖြတ်လာတဲ့ ခရီးလမ်းကလည်းကြမ်းတယ်ဆိုတော့၃၊၄ရက်လာတာဆိုတော့တောထဲမှာနေပြီးဖြတ်လာကြတော့ ကလေးမှာဖျားတာပိုများတယ်။ကျနော်တို့စခန်း၅နေရာကျန်းမာရေးဌာနကနေတာဝန်ယူပြီး အခမဲ့ကုပေးနေပါတယ်’’
“အခုဝမ်းလျှောတဲ့ကလေး၈ဦးကိုဆေးရုံတင်ထားရတယ်။မျက်ခမ်းစပ်ရောဂါ၊ဝက်သက်လို အရည်ပြားရောဂါတွေကလေးတွေကိုကုပေးရတာများတယ်။စခန်းတွေမှာကစားနပ်ရိက္ခာပြီးရင် ဒုတိယ အကုန်ဆုံးကဆေးဝါးဖြစ်နေတာပေါ့။ လောလောဆယ် ကျနော်တို့ဌာနက ပေးတာ လောက်ပေမယ့် လူတွေ ဒီ့ထက်များလာရင်၊ ရာသီဥတုကလည်း ဆက်ပြီး မိုးရွာနေရင်တော့ ဆေးဝါးအတွက်လည်း အတော်လေး အားစိုက်ရမယ့် အခြေအနေ ဖြစ်နေတယ်”
ပညာရေး အခြေအနေ
“မူကြိုကအစအထက်တန်းအထိ ကလေးတွေကို စာရင်းကောက်ပြီး တတ်နိုင်သလောက် ပညာဆက်သင်လို့ ရအောင် စီစဉ်နေပါတယ်။လိုင်ဇာမှာဖွင့်ထားတဲ့ကျောင်းတချို့မှာလည်းသင်ခိုင်းမယ်ပေါ့၊နောက်ပြီး သင့်တော်တဲ့ နေရာမှာကျောင်းဆောက်ပြီး သင်ပေးနိုင်အောင် စီစဉ်နေပါတယ်’’
အကူအညီရရှိမှု
“အခုလောလောဆယ်လာကူတဲ့သူမရှိသေးဘူး။ကူမယ်လို့ပြောသံပဲကြားတယ်။ တကယ့်လက်တွေ့မှာ ဘာမှ မရောက်လာသေးပါဘူး။ဒေသခံအဖွဲ့အစည်းတွေ၊ပြည်ပကNGOတွေကိုအကူအညီတောင်းထားတာ ရှိပါတယ်။ရေရှည်အတွက်ကျနော်တို့လည်းဒီမှာရှိတာနဲ့ဘယ်လောက်အထိ ကူညီနိုင်မယ်ဆိုတာပြောရခက်ပါတယ်’’





Geen opmerkingen: