မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 juni 2011

ကြံ့ဖွံ့ကိုဘာကြောင့်ရှုံးလဲဒေါ်ချိုချိုကျော်ငြိမ်းရှင်းမည်

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၇ မိနစ် .
ရန်ကုန်(မဇ္ဈိမ)။ ။ကြံဖွံ့ပါတီဝင်နှင့်အမှုတွင်ရှုံးနိမ့်ခဲ့သည့်ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ ဒေါ်ချိုချိုကျော်ငြိမ်းက တရားရုံးဆုံးဖြတ်ချက်များအကြောင်းသတင်းစာရှင်းလင်းပွဲတခုကိုလာမည့်သောကြာနေ့မွန်းလွဲ၁နာရီတွင် ပါတီရုံးတည်ရာဗိုလ်တထောင်မြို့နယ်၅၂လမ်းတွင်ပြုလုပ်သွားမည်ဟုဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။
နေပြည်တော်တရားရုံးကဇွန်လ၂ဝရက်နေ့ကကြံ့ဖွံ့အမတ်ကိုအနိုင်ပေးဆုံးဖြတ်ခဲ့ခြင်းကိုမတရား ဆုံးဖြတ်ခဲ့ခြင်းဟုလည်း ဒေါ်ချိုချိုကျော်ငြိမ်းက စွပ်စွဲပြောဆိုသည်။
“မတရားသဖြင့်ဆုံးဖြတ်တယ်ဆိုတာကိုသိသိနဲ့ခံရတာပေါ့။အန်တီတို့နောက်ထပ်ဘာတွေဆက်လုပ်ဖြစ်မယ်ဆိုတာကို စဉ်းစားနေကြဆဲပါ။ဆုံးဖြတ်ချက်အပေါ်မှာတော့အံ့သြမိတယ်”ဟုသူကဆိုသည်။
၂ဝ၁ဝရွေးကောက်ပွဲကြို့ပင်ကောက်မြို့နယ်မှဝင်ရောက်ယှဉ်ပြိုင်ရာတွင်ပြိုင်ဖက်ကြံ့ဖွံ့ပါတီဦးသန့်ဇင်မှာ မဲမသမာမှုနှင့်အနိုင်ယူခဲ့ကြောင်းဒေါ်ချိုချိုကျော်ငြိမ်းကရွေးကောက်ပွဲကော်မရှင်တွင်တင်ပြခဲ့ရာကအမှု ရင်ဆိုင်ခဲ့ကြသည်။
အမှုရှုံးခြင်းကြောင့်ဦးသန့်ဇင်ဘက်မှကုန်ကျခဲ့သောတရားစရိတ်၅သိန်းကိုဒေါ်ချိုချိုကျော်ငြိမ်းက ပေးဆောင်ရမည်ဖြစ်ပြီး ဒေါ်ချိုချိုကျော်ငြိမ်းဘက်မှ ပြန်လည်ကာ တရားရုံးသို့ ပြင်ဆင်ခွင့် ပြန်တင်လိုပါက ရက် ၃ဝအတွင်း တင်နိုင်ပြီး ယင်းအတွက် ငွေကျပ် ၁ဝ သိန်းကို ပေးသွင်းရမည် ဖြစ်သည်။





Geen opmerkingen: