မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 22 juni 2011

မြို့ပြတိုက်ပွဲ KIA စတင်

ရန်ပိုင် Wednesday, 22 June 2011 12:27
.ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့်အစိုးရစစ်တပ်များအကြားရှိနယ်စပ်တိုက်ပွဲများ လျော့နည်းသွားသော်လည်းကချင်ပြည်နယ်၏မြို့တော်မြစ်ကြီးနားမြို့ပေါ်တွင်ဗုံးများဖောက်ခွဲခြင်းဖြင့်KIA ကမြို့ပြတိုက်ပွဲအဖြစ် ပြန်လည်စတင်လိုက်ကြောင်း သတင်းရရှိသည်။
ကချင်ပြည်နယ်မြစ်ကြီးနားမြို့အမှတ်၁ရဲစခန်းနှင့်လူဝင်မှုကြီးကြပ်ရေးရုံးတွင်ယမန်နေ့ည၁၁ နာရီကျော်ခန့်ကဗုံး၂လုံးဆက်တိုက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍KIAသို့ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းတို့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ သို့သော်လူထုကိုမထိခိုက်စေဘဲရည်ရွယ်ထားသည့်နေရာများတွင်သာဖောက်ခွဲခြင်းဖြစ်ကြောင်းKIAတွဲဖက် အတွင်းရေးမှူးဦးလနန်ကပြောသည်။


                                                               KIA၏စစ်ရေးဗျူဟာပြမြေပုံ(ဓာတ်ပုံ-RYANLIBRE)
မြစ်ကြီးနားမြို့မအမှတ် ၁ ရဲစခန်း ရှေ့တွင် တည်ဆောက်ထားသည့် ဖျက်သိမ်းထားသောဆိုင်ခန်းများတွင် ဗုံး၁လုံးပေါက်ကွဲခဲ့ပြီးနောက်ပြည်နယ်လူဝင်မှုကြီးကြပ်ရေးရုံးရှေ့တွင်လည်းဗုံး၁လုံးထပ်မံ ပေါက်ကွဲခဲ့သည်ဟု မြစ်ကြီးနား ဒေသခံတဦး၏ အဆိုအရ သိရသည်။
“လူမနေတော့တဲ့ ဆိုင်ခန်းတွေထဲမှာ ပေါက်တာ။ အထိအခိုက် မရှိဘူး” ဟု ၎င်းက ဆိုသည်။
ယနေ့နံနက်မြစ်ကြီးနားမြို့အခြေအနေမှာဈေးဆိုင်တချို့ပိတ်ထားပြီးခြောက်သွေ့နေကြောင်း၎င်းက ဆက်လက်ပြောသည်။
အဆိုပါဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍မြစ်ကြီးနားအမှတ်၁ရဲစခန်းနှင့်မြို့နယ်မှူးရုံးသို့ဧရာဝတီက ဆက်သွယ်မေးမြန်းရာပေါက်ကွဲမှုဟုတ်မှန်ကြောင်း၊စုံစမ်းအတည်ပြုနေဆဲဖြစ်ကြောင်း၊အသံမိုင်း အဆင့်သာရှိသည့်အတွက်အသေအပျောက်အထိအခိုက်မရှိကြောင်း တာဝန်ရှိသူတဦးက ရှင်းပြသည်။
ယခုဖောက်ခွဲမှုကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက မှတ်ချက်ပေး ပြောဆိုသည်။
ကချင်သတင်းစဉ်၏ ယနေ့ သတင်းထုတ်ပြန်ချက်အရ ယမန်နေ့ညပိုင်းက မြစ်ကြီးနား-မန္တလေး ရထားလမ်း ပေါ်ရှိ စစ်ရေးအရ အချက်အချာကျသော တံတားတစင်းကို KIA က ဖောက်ခွဲလိုက်သည်ဟု သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ နန်ဆန်ယန် ကျေးရွာ အခြေစိုက် စစ်ဘက်ဆိုင်ရာ လုံခြုံရေး (စရဖ) ရုံးကို စစ်ရေးဗျူဟာအရ KIA က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။
ပြီးခဲ့သည့်စနေနေ့ထုတ်အစိုးရသတင်းစာတွင်KIAအဖွဲ့သည်ကချင်ပြည်နယ်အတွင်းရှိဒေသဖွံဖြိုးရေး လုပ်ငန်းများကိုဟန့်တားနှောင့်ယှက်ခြင်း၊ရေအားလျှပ်စစ်စီမံကိန်းလုပ်ကိုင်နေသည့်တရုတ်ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ဗန်းမော်ခရိုင်သို့သွယ်တန်းထားသည့်လျှပ်စစ်တာဝါတိုင်ကိုမိုင်းထောင်ဖောက်ခွဲခြင်း၊ လူထုအတွက်အရေးပါသည့်တံတား၂၅စင်းကိုဖောက်ခွဲဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

Geen opmerkingen: