မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 23 juni 2011

တရားဝင်ကမ်းလှမ်းမှအပစ်ရပ်မည်ဟုKIAပြော

ရန်ပိုင် Thursday, 23 June 2011 18:45
.အစိုးရထံမှတရားဝင်ကမ်းလှမ်းချက် ရရှိမှသာ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) က ပြောသည်။
KIAအနေဖြင့်အပစ်အခတ် ရပ်စဲရေးတွင် အစိုးရအဖွဲ့ထံမှ တရားဝင်ကမ်းလှမ်းချက်ကိုသာ လိုလားကြောင်း၊ ပြင်ပအဖွဲ့အစည်းသို့မဟုတ်လူပုဂ္ဂိုလ်တဦးတယောက်ထံမှအပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုမျိုးကိုမူလက်မခံနိုင်ကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။
                  စစ်ရေးလေ့ကျင့်နေသည့် KIAအရာရှိလောင်းများကိုတွေ့ရစဉ်(ဓာတ်ပုံ-news.bbc.co.uk)
“အပစ်အခတ်ရပ်စဲဖို့အသင့်ပါ၊တကယ်အပစ်ရပ်ကြောင်းကိုအစိုးရအဖွဲ့အစည်းကတာဝန်ရှိပုဂ္ဂိုလ်ဒါမဟုတ် စစ်ဘက်ဆိုင်ရာအရာရှိတဦးက အာမခံချက်ပေးရမယ်”ဟု ၎င်းက ဆိုသည်။
အစိုးရတပ်များအနေဖြင့်လက်ရှိနှစ်ဘက်ရင်ဆိုင်ထားသည့်ရှေ့တန်းစခန်းများတွင် အပစ်အခတ်ရပ်စဲထားသည့်ဟုပြောဆိုမှုများရှိနေသော်လည်းတရားဝင်ပြုလုပ်ခြင်းမဟုတ်ကြောင်း ဦးလနန်က ပြောသည်။
နှစ်ဘက်တိုက်ပွဲများဖြစ်ပွားနေစဉ်ကမြစ်ကြီးနားမြို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဆက်သွယ်ရေးဝန်ကြီးဟောင်းဦးသိန်းဇော်ကအပစ်အခတ်ရပ်စဲရန်ကချင်အတိုင်ပင်ခံကောင်စီကိုစေလွှတ်ပြောဆိုမှုများ ပြုလုပ်ခဲ့သည်။
KIAအဖွဲ့သည်အနေဖြင့်၁၉၉၄ခုနှစ်ကအစိုးရနှင့်တရားဝင်အပစ်အခတ်ရပ်စဲရေးပြုလုပ်ခဲ့သော်လည်း အစိုးရတပ်များကကတိဖောက်ဖျက်ကာKIAတပ်သားများကိုဖမ်းဆီးခြင်း၊သတ်ဖြတ်ခြင်းများ အများအပြားရှိခဲ့ကြောင်း၊ ထို့ကြောင့် နောင်တွင်ထိုသို့မဖြစ် ရန်အတွက် တရားဝင် အပစ်အခတ်ရပ်စဲရေးကို တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးလနန်က ဆက်လက်ပြောသည်။
ပြီးခဲ့သည့်ဇွန်လ၉ရက်နေ့တရုတ်-မြန်မာနယ်စပ်မိုးမောက်ဒေသရှိတာပိန်ရေကာတာအနီး ဘွန်ဆွမ်တောင်ကုန်းတွင်တပ်စွဲထားသည့်KIAတပ်များကိုအစိုးရတပ်ကဖယ်ရှားရန်ကြိုးစားရာမှ အစိုးရတပ်နှင့် KIAတပ်များ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
အစိုးရတပ်အနေဖြင့်နိုင်ငံ၏အရေးကြီးသည့်လျှပ်စစ်စီမံကိန်းအားကာကွယ်စောင့်ရှောက်လိုသည့် ရည်ရွယ်ချက်ဖြစ်ပြီးဖိနှိပ်တိုက်ခိုက်လိုသည့်ရည်ရွယ်ချက်မရှိကြောင်းပြီးခဲ့သည့်ဇွန်လ၁၈ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ယနေ့တွင်တိုက်ပွဲကြီးများဖြစ်ပွားခြင်းမရှိတော့ဘဲပူတာအိုဒေသတွင်သာ တိုက်ပွဲငယ် ဖြစ်ပွားသည်ဟု ဦးလနန်က ပြောသည်။
ယင်းတိုက်ပွဲများကြောင့်ကချင်ဒေသခံ ပြည်သူ တသောင်းကျော် အိုးအိမ်စွန့်ခွာ၍ တရုတ်နိုင်ငံဘက် အပါအ၀င် တခြားဒေသများသို့ တိမ်းရှောင် ထွက်ပြေးခဲ့ရသည်။
တရုတ်ပြည်ဘက်သို့ထွက်ပြေးသည့်ဒုက္ခသည်များအနေဖြင့်ကျန်းမာရေးစောင့်ရှောက်မှု မရှိခြင်း၊ နေထိုင်မှု ခက်ခဲခြင်းများ၊စားနပ်ရိက္ခာအခက်အခဲများ၊ဒေသဆိုင်ရာတရုတ်အာဏာပိုင်များ၏ ခြိမ်းခြောက်မှုများကြောင့်မြန်မာနိုင်ငံဘက်မိုင်ဂျာယန်ဒေသ သို့ ပြန်လည်ဝင်ရောက်မှုများ ရှိနေကြောင်း တရုတ်-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များကို ကူညီနေသည့် ကချင်အမျိုးသမီး မိုင်းဂျာ က ပြောသည်။

Geen opmerkingen: