မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 15 juni 2011

ဇေကမ္ဘာနှင့်လယ်သမားများအငြင်းပွား

ဆလိုင်း ဟံသာစန်း ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၀ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။လွှတ်တော်အမတ်တဦးပိုင်ကုမ္ပဏီမှအငြင်းပွားဖွယ်ရာလျော်ကြေးပေးသိမ်းယူခဲ့သော ရန်ကုန်တိုင်းမင်္ဂလာဒုံမြို့နယ်ရှိလယ်ဧက၈ဝဝကျော်တွင်လယ်စိုက်ခွင့်ရှိ/မရှိနှင့်ပတ်သက်ပြီး ထပ်မံအငြင်းပွားမှု ဖြစ်ပွားနေသည်။
အာဏာရကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှအမျိုးသားလွှတ်တော်အမတ်ဦးခင်ရွှေပိုင်ဇေကမ္ဘာကုမ္ပဏီက မင်္ဂလာဒုံမြို့နယ်ပုလဲမြို့သစ်ရွှေနံ့သာကျေးရွာအုပ်စုရွှေနံ့သာနှင့်ပေါင်းကူရွာရှိလယ်သမား၇၁ဦးထံမှ လယ်မြေများကိုတဧကလျှင်၆သိန်းကျပ်ပေးကာ လယ်မြေများကို ယမန်နှစ်က သိမ်းယူခဲ့သည်။
ထိုလယ်မြေများပေါ်တွင်လယ်မစိုက်ရန်ဒေသအာဏာပိုင်များနှင့်ကုမ္ပဏီဝန်ထမ်းများကလက်ရှိတွင် တားမြစ်နေခြင်းကြောင့်ကုမ္ပဏီအနေဖြင့်ကတိဖောက်ဖျက်သည်ဟုလယ်သမားများဘက်က စွပ်စွဲပြောဆိုနေကြသည်။
“ဦးလေးတို့လယ်ထဲဆင်းသွားပြီးကန်သင်းရိုးတွေပေါက်၊လယ်ကွက်တွေပြင်ဆင်နေကြတဲ့အချိန်မှာသူတို့က လာတားတယ်။သီးစားခွင့်ခင်ဗျားတို့လက်ထဲမရောက်ခင်လယ်ကွက်ကိုမပြင်ကြနဲ့လို့လာတားတယ်။ မင်္ဂလာဒုံ အုပ်ချုပ်ရေးမှူးပါတယ်၊မယကနဲ့ ရယကတွေပါတယ်”ဟုလယ်ဧက ၅ဝ ကျော် သိမ်းယူခံခဲ့ရသည့်
ရွှေနံ့သာကျေးရွာမှ လယ်သမားကြီးတဦးက မဇ္ဈိမကို ပြောသည်။
ရွှေနံ့သာကျေးရွာမှ အမည်မဖော်လိုသူ လယ်သမားတဦးကလည်း “ဟိုတပတ်က လယ်ထွန်ဖို့ ပြင်နေတုန်း သီးစားမချခင် စိုက်လို့မရဘူးဆိုပြီး ကုမ္ပဏီလုံခြုံရေးတွေလာတားတယ်” ဟု ဆိုသည်။
လယ်မြေများပေါ်တွင် အဆောက်အဦများ မဆောက်လုပ်မီအထိ လယ်ပိုင်ရှင် ၇၁ဦး အနေဖြင့် ဆက်လက် လယ်စိုက်နိုင်သည်ဟု အစောပိုင်းတွင် ဦးခင်ရွှေက သဘောတူခွင့်ပြုချက် ပေးခဲ့သည်ဟု လယ်သမားများက
ပြောသည်။
“လယ်သမားတွေကလည်းသူပေးတဲ့ကတိအတိုင်းပဲစိုက်တာအခုမှ၂ဝ၁ဝတမိုးပဲရသေးတယ်။အခု၂ဝ၁၁ ကျတော့သူတို့ကအလုပ်လုပ်ချင်လို့ဖျက်တဲ့အခါကျတော့လယ်သမားတွေကစီးပွားရေးတွေ၊သားသမီးတွေ ပညာရေး အကုန်လုံး ပျက်စီးကုန်ပြီးဒုက္ခဖြစ်နေတယ်”ဟုအခင်းဖြစ်လယ်ဧက၅ဝပိုင်ဆိုင်ခဲ့သူ ဦးကျော်စိန်က
ပြောသည်။
ပြီးခဲ့သည့်နှစ်ဒီဇင်ဘာလတွင်ကုမ္ပဏီကတာတမံများကိုဘူဒိုဇာနှင့်ဖြိုဖျက်ခဲ့ခြင်းကြောင့်ရေဝင်၍ ပျက်စီးသောလယ်များအတွက်တဧကလျှင်ကျပ်၃သိန်းစီလျော်ကြေးပေးခဲ့သည်။
လက်ရှိတွင်ဇေကမ္ဘာကုမ္ပဏီကစက်မှုဇုန်စီမံကိန်းအတွက်သိမ်းယူထားသည့်လယ်မြေများပေါ်တွင် ကွန်ကရစ်လမ်းများ၊လမ်းမီးတိုင်များဆောက်လုပ်နေပြီးလျှပ်စစ်မီးကြိုးများလည်းသွယ်တန်းနေကြောင်း လယ်သမားများက ပြောသည်။
လယ်များကိုယမန်နှစ်ဧပြီလအတွင်းလျော်ကြေးပေးဝယ်ယူစဉ်ကပင်တဧကလျှင်ကျပ်သိန်း၂ဝအထိဈေးပေါက်ခဲ့သော်လည်းဈေးနှိမ်ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟုလယ်သမားများဘက်ကပြောသော်လည်း ကုမ္ပဏီဘက်ကတော့ ဂရုဏာကြေးဆောင်း၍ ပိုပိုသာသာပင် ပေးခဲ့သည်ဟု စောဒက တက်ခဲ့သည်။
“သူပြောတာကကျနော်ကခင်ဗျားတို့လယ်တွေကိုဝယ်တာမဟုတ်ဘူး၊ဇေကမ္ဘာကုမ္ပဏီကသိမ်းတာမဟုတ်ဘူး၊
နိုင်ငံတော်ကသိမ်းတာ။နိုင်ငံတော်ကသိမ်းရင်ငွေသောင်းဂဏန်းလောက်ပဲ ပြန်ရမယ်”ဟုကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေခေါ်ယူတွေ့ဆုံသောတွေ့ဆုံပွဲကိုတက်ရောက်ခဲ့သူ ရွှေနံ့သာရွာမှ လယ်သမားတဦးက ပြောသည်။
ဇေကမ္ဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေမှာယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏စစ်အစိုးရလက်ထက်နံပါတ်၃ ခေါင်းဆောင်ဗိုလ်ချုပ်ရွှေမန်း(လက်ရှိပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ)နှင့်ခမည်းခမက်တော်စပ်သူ ဖြစ်သည်။
မဇ္ဈိမကဦးခင်ရွှေကိုဆက်သွယ်မေးမြန်းရာ“အိုးအိမ်ဦးစီးဌာနကမြေစိုက်၊အန်ကယ်တို့ကDevelopment စိုက်ပြီးတော့လုပ်ကြတာပါ။အဲဒါကြီးကိုအန်ကယ်ကဒီလယ်ကိုဝယ်ပါတယ်တဲ့။အန်ကယ်က ဝယ်ပိုင်ခွင့်လည်း မရှိဘူး၊လုပ်ပိုင်ခွင့်လည်းမရှိဘူး။ဝယ်လို့မရဘူးလယ်ဆိုတာက။ နိုင်ငံတော်ပိုင်ပဲ ဖြစ်တယ်။ နိုင်ငံတော်လုပ်မှ ရမယ်။ အဲဒါကြီးကို လူတွေက အမြင်လွဲနေကြတာ” ဟုသူက ပြောသည်။
“တချို့ကမနှစ်ကလမ်းဖော်တဲ့အချိန်မှာစပါးစိုက်တယ်။စပါးစိုက်တော့အဲဒီစပါးတွေကမလွတ်တာတွေကော၊ အန်ကယ်တို့ရေမြောင်းတွေ၊လမ်းတွေလုပ်တဲ့အချိန်မှာထိခိုက်တာတွေရှိတယ်။တကယ်တမ်းကျတော့ အဲဒီမြေတွေကတဧကမှာမှ၅ဝလောက်ထွက်တာ။၅ဝဆိုရင် စပါးထွက်ပြီး ပြန်ရောင်းရင် တသိန်းခွဲလောက်ပဲ ရမယ့်ကိစ္စအတွက် ၃ သိန်း ပေးခဲ့တယ်။ နစ်နာမှစိုးလို့” ဟုသူက ဆက်ပြောသည်။





Geen opmerkingen: