မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 18 juni 2011

KIOကစတင်တိုက်ခိုက်ခဲ့ဟုအစိုးရပြော

မဇ္ဈိမသတင်းဌာန စနေနေ့၊ ဇွန်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၅၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ကချင်လွတ်မြောက်ရေးအဖွဲ့KIOနှင့်တိုက်ပွဲစတင်ဖြစ်ပွားပြီး၁၀ရက်အကြာကျမှမြန်မာအစိုးရက၎င်းတိုက်ပွဲသတင်းကိုနိုင်ငံပိုင်သတင်းစာများမှတဆင့်ပထမဆုံး ထုတ်ပြန်လိုက်သည်။
စနေနေ့ထုတ်မြန်မာ့အလင်းတွင်KIOကစတင်တိုက်ခိုက်သောကြောင့်တိုက်ပွဲဖြစ်ပွားရသည်ဟုအဓိက အပြစ်တင်ထားပြီး၊တာပိန်ရေအားလျှပ်စစ်စီမံကိန်းကိုအခြေပြု၍နှစ်ဖက်ပဋိပက္ခဖြစ်ပွားရကြောင်း ပါရှိသည်။
“အခြေချစစ်ဗျူဟာမှူးဦးစီးသည့်စစ်ကြောင်းသည်ဗန်းမော်မှတာပိန်စီမံကိန်းသို့ချီတက်လာစဉ်KIAဆက်ဆံရေးရုံး ဆန်ခါစခန်း၊ တာပိန် လျှပ်စစ်စက်ရုံအဝင် တောင်ကုန်းထိပ် ထုံးဘိုမှKIAအင်အားစုများက
စောင့်ကြိုပြီး စတင်တိုက်ခိုက်ခဲ့သည်” ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
လုံခြုံမှုမရှိတော့၍တရုတ်နိုင်ငံပိုင်Datang(Yunnan)UnitedhydropowerDeveloping(DUHD)က ဧရာဝတီမြစ်ဖျားပိုင်း တာပိန်တွင် တည်ဆောက်ဆဲ ရေအားလျှပ်စစ်ဓာတ်အားထုတ် စီမံကိန်းမှ တရုတ်လုပ်သား ၂၁၅ ဦး တရုတ်နိုင်ငံသို့ ပြန်သွားခဲ့ပြီဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အစောပိုင်းတွင်KIOဖမ်းဆီးခဲ့သောအစိုးရတပ်မှဗိုလ်ကြီးမြတ်ကိုကိုနှင့်ဗိုလ်ကိုကိုဝင်းတို့ကိုစစ်သုံ့ပန်း လဲလှယ်ရေးအစီအစဉ်အရလဲလှယ်ပေးခဲ့သည်ဟုဆိုသော်လည်းအစိုးရထုတ်ပြန်ချက်တွင်တိုက်ပွဲတွင် ဒဏ်ရာဖြင့်အစိုးရတပ်ကဖမ်းမိခဲ့သောKIOဒုတပ်ကြပ်ချန်ယိန်းကို နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့သည်ဆိုခြင်းအပေါ် ရှင်းလင်းထားခြင်း မရှိပေ။
ဒုတပ်ကြပ်ချိန်ယိန်းမှာလက်နက်နှင့်အတူ အဖမ်းခံရပြီး၊ အလောင်းကိုသာ ပြန်လည်လွှဲပြောင်းပေးခဲ့သည်ဟု KIO က မဇ္ဈိမကို ဇွန်လ ၁၁ ရက်နေ့တွင် ပြောကြားခဲ့သည်။
“ရဲဘော်ရဲ့ကိုယ်ခန္ဓာအနှံ့အထုအထောင်းရိုက်နှက်၊ဓားချွန်ထိုး၊ဦးခေါင်းကျေမွဒဏ်ရာနဲ့သေဆုံးတာသိရတယ်” ဟု KIO ဗဟိုကော်မတီဝင် ဦးလနန်က မဇ္ဈိမကို ပြောကြားခဲ့သည်။
“တာပိန်ရေအားလျှပ်စစ်စီမံကိန်းအနီးရှိKIAယာယီစခန်းဇွန်လ၁၁ရက်နောက်ဆုံးထားဖယ်ရှားရန် အကြောင်းကြားသော်လည်းဖယ်ရှားခြင်းမရှိသည့်အတွက်အစိုးရတပ်ဇွန်လ၁၂ရက်နေ့ညပိုင်းတွင် တိုက်ခိုက်သိမ်းယူခဲ့သည်’’ ဟု အစိုးရက သတင်းထုတ်ပြန်သည်။
ဗျူဟာမှူးအဆင့်အပါအ၀င်အရာရှိများနှင့်တပ်သားအများအပြားကျဆုံးခဲ့သည်ဟုKIOနှင့် အတိုက်အခံများကပြောကြားသော်လည်းအကျအဆုံးနှင့်စစ်ဘေးရှောင်ဒုက္ခသည်များနှင့်ပတ်သက်၍ အစိုးရက တလုံးတပါဒမျှ ထည့်သွင်းပြောဆိုခြင်း မပြုဘဲထားသည်။
ဇွန်လ ၁၄ ရက်မှသည်၁၆ရက်အတွင်းKIOဘက်က တံတား၂၅ စင်းဖျက်ဆီးခဲ့ရာ သံပေါင် ဘေလီတံတား ၉ စင်း၊သံကူကွန်ကရစ်တံတား၁၀စင်း၊ကွန်ကရစ်တံတား၎စင်း၊သစ်သားတံတား၂စင်းဟု သတင်းထုတ်ပြန်ချက်တွင် ပါသည်။
၁၉၉၄ ခုနှစ်နောက်ပိုင်းအစိုးရ၏အကြီးဆုံးထိုးစစ်ဟုKIOဘက်ကပြောထားသောတိုက်ပွဲများတွင် လက်နက်ကြီးများ သယ်ဆောင်လာမှု မလုပ်နိုင်ရန်အတွက်ဖျက်ပစ်ခဲ့သောတံတားမှာ၁၀ စင်း ရှိသည်ဟု ဇွန်လ၁၆ ရက်နေ့တွင်KIOမှ ဒုဗိုလ်မှူးကြီး ယော်ထုံက မဇ္ဈိမကို တံတားတည်နေရာ အမည်များနှင့်တကွ ပြောကြားခဲ့သည်။



Geen opmerkingen: