မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 16 juni 2011

ကျီးလန့်စာစားဘုရားသုံးဆူကျောင်းများပိတ်

ကွန်းချမ်း ကြာသပတေးနေ့၊ ဇွန်လ ၁၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၉ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။သေနတ်သမားများကစီးပွားရေးအဆောက်အဦးတခုကိုအင်္ဂါနေ့ကဖျက်စီးခဲ့ပြီးနောက် ကရင်ပြည်နယ်ရှိဘုရားသုံးဆူမြို့၌လုံခြုံရေးစိုးရိမ်ရမှုကြောင့်ဒေသအာဏာပိုင်များကကြာသပတေးနေ့ နေ့လည်တွင် စာသင်ကျောင်း အားလုံး ပိတ်ခိုင်းလိုက်သည်။
မြန်မာ-ထိုင်းနယ်စပ်မြို့လည်ရှိလူသိများသောလုပ်ငန်းရှင်ဦးအောင်တင်ဝင်း၏နေအိမ်၊ရွှေဆိုင်နှင့် ကုန်စုံဆိုင်အားဇွန်၁၄ရက်တွင်လက်နက်ကြီးငယ်များဖြင့်လူတစုကပစ်ခတ်ဖျက်ဆီးခဲ့ပြီးနောက်တရက်တွင် ကျောင်းများပိတ်ရန်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတာဝန်ရှိသူများကကျောင်းများသို့သွားရောက်ကာလိုက်လံ ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ဘုရားသုံးဆူတွင်မူလတန်း၎ကျောင်း၊အလယ်တန်း၁ကျောင်းနှင့် အထက်တန်း၁ကျောင်းရှိကာကျောင်းသူ ကျောင်းသား ၅ဝဝဝ ကျော် ပညာသင်ကြားနေသည်။
“တမြို့လုံးကျီးလန့်စာစားနေရသလိုပဲ။ဘာသံမှလည်းမကြားရဘူး”ဟုသုံးဆူမြို့မှစီးပွားရေးလုပ်ငန်းရှင်တဦးက မဇ္ဈိမကို ပြောသည်။
ဥဒေါင်းကန်ဝန်းကျင်တွင်ခလရ၂၈၄နှင့်လွန်ခဲ့သည့်၂ရက်က သုံးဆူမြို့သို့ ရောက်လာသည့် ခမရ ၅၆၆ တို့က တပ်ဖြန့်ထားကြသည်။
မြို့တွင်းနေရာအတော်များများတွင်လည်း စစ်သားများက သဲအိတ်များဖြင့် ကတုတ်ကျင်းများ လုပ်နေသည်။
မြို့တွင်ကျင်းပဆဲပဋ္ဌာန်းပွဲကတော့တပိုင်းတစဖြင့်ရပ်ဆိုင်းသွားခဲ့သည်။“ပဋ္ဌာန်းပွဲက ၁၅ ရက်လောက် လုပ်မယ်ပေါ့။အခုက၇ရက်ပဲရသေးတယ်။ ဆရာတော်တွေကစိတ်ဆိုးပြီးပဋ္ဌာန်းပွဲကို ပိတ်လိုက်တာ”ဟု အကျိုးဆောင်တဦးက မဇ္ဈိမကို ပြောသည်။
နောက်ထပ်တိုက်ပွဲများဖြစ်မှာကိုကြောက်လန့်နေကြသည့်ဘုရားသုံးဆူမြို့ခံ အများအပြား တိမ်းရှောင်မှုများ ရှိနေပြီး မြို့အနောက်ဘက် ၉ မိုင်အကွာရှိ ချောင်းဆုံ လှေဆိပ်တွင် ပြည့်နှက်နေသည်။
ကရင်အမျိုးသားအစည်းအရုံးKNU၊DKBAနှင့်မွန်ပြည်သစ်ပါတီNMSPအဖွဲ့များလှုပ်ရှားရာ ဒေသတခုဖြစ်သောဘုရားသုံးဆူတွင်ဇွန်လ၅ရက်နေ့ကမျက်နှာဖုံးစွပ်လက်နက်ကိုင်၎ဦးက အစိုးရ တပ်စခန်းများကို အလစ်ဝင်ပစ်ခဲ့သည်။
ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၈ ရက်နေ့တွင် အစိုးရပ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် DKBA တပ်ရင်း ၉ဝ၇ တို့ ဘုရားသုံးဆူတွင် တိုက်ပွဲ ဖြစ်ခဲ့သည်။





Geen opmerkingen: