မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 29 juni 2011

ဗုံးခွဲမှုများအတွက်ရှမ်းအမည်နှင့်လူ၃ဦးကိုအစိုးရစွပ်စွဲ

ရန်ပိုင် Wednesday, 29 June 2011 14:37
.နေပြည်တော်၊မန္တလေး၊ပြင်ဦးလွင်တို့တွင်ဖြစ်ပွားခဲ့သည့်ဗုံးပေါက်ကွဲမှုများနှင့်ပတ်သက်၍ရှမ်းအမည်နှင့်လူ ၃ဦးကိုထုတ်ဖော်ပြီး၎င်းတို့ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်းယနေ့ထုတ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ဇွန်လ၂၄ရက်နေ့ကမန္တလေးဈေးချိုဟိုတယ်ရှေ့တွင်ကားဗုံးပေါက်ပြီးနောက်စစ်တပ်ကစစ်ဆေးနေစဉ် (ဓာတ်ပုံ-AP)
ဖောက်ခွဲမှုပြုလုပ်သူများမှာအသက်၂၅နှစ်အရွယ်ခန့်ရှိကြသည့်စိုင်းဆမ်၊စိုင်းအိုက်နှင့် စိုင်းကျော်မြင့်ဦးတို့ဖြစ်ပြီဗုံးများကိုဖောက်ခွဲရန်နေအိမ်များကြိုတင်ငှားရမ်းခြင်း၊လိုင်စင်မဲ့ကား ၀ယ်ယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သတင်းစာတွင် ရေးသားထားပြီး ၎င်းတို့ သုံးဦး၏ ပုံပန်းသဏ္ဍန်များကို ဖော်ပြကာ ဗုံးဖောက်ခွဲခဲ့သည့် တရားခံများ ဖြစ်သည်ဟု စွပ်စွဲရေးသားထားသည်။
မြန်မာနိုင်ငံရှေ့နေများကောင်စီဥက္ကဋ္ဌဦးသိန်းဦးက“တရားရုံးအမိန့်မချခင်တရားခံလို့တော့ဥပဒေမှာ သုံးခွင့်မရှိဘူး။ သံသယရှိ သူလို့ပဲ သုံးရမယ်” ဟု ဆိုသည်။
ယခု သတင်းစာတွင် သုံးနှုန်းထားသည့် တရားခံဆိုသည့် အသုံးအနှုန်းမှာ အဆိုပါ ၃ ဦး၏ မိသားစုများကို စော်ကားသကဲ့သို့ သက်ရောက်ကြောင်း ၎င်းကပြောသည်။
စွပ်စွဲခြင်းခံရသည့်စိုင်းအိုက်နှင့်စိုင်းဆမ်သည်ပြီးခဲ့သည့်ဧပြီလ၂၄ရက်နေ့ကတည်းကနေပြည်တော် ဇမ္ဗူသီရိမြို့နယ်သပြေကုန်းရပ်ကွက်ရှိဗုံးကွဲသည့်ဒေါ်သန်းမြင့်၏နေအိမ်ကို၆လစာပေး၍ ငှားရမ်းခဲ့သည့်အပြင်မေလ၅ရက်နေ့၌ပြင်ဦးလွင်ရှိဒေါ်စောစန္ဒာ၏အိမ်ကိုလည်း၆ လစာပေး ငှားရမ်းခဲ့သည်ဟု သတင်းစာတွင် ဖော်ပြထားသည်။
မန္တလေးမြို့ဈေးချိုတော်ဟိုတယ်ရှေ့ဗုံးဖောက်ခွဲရာတွင်သုံးသည့်လိုင်စင်မဲ့ကားကိုငွေကျပ်သိန်း၆၀ဖြင့် ကားပွဲစားဟာရှင်နှင့်ကျော်ကျော်ထက်တို့ထံမှဝယ်ယူခဲ့ပြီးပြည်သူများထိခိုက်သေကျေစေရန် ရည်ရွယ်ချက်ဖြင့် ကားဗုံးဖောက်ခွဲခြင်းဖြစ်ကြောင်း၊တရားခံများ ဖမ်းဆီးရမိရေးအတွက် မင်္သကာသူများ တွေ့ရှိပါက အမြန်ဆက်သွယ် သတင်းပို့ ရန်လည်းရေးသားထားသည်။
ပြီးခဲ့သည့်ဇွန်လ၂၄ရက်နေ့ကနေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊မန္တလေးတိုင်းဒေသကြီးချမ်းအေးသာဇံနှင့် ပြင်ဦးလွင်မြို့နယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး လူသေဆုံးခြင်းမရှိပေ။
ယခုတလောမြန်မာနိုင်ငံတွင်ဗုံးများမကြာခဏပေါက်ကွဲနေရာမည်သည့်အဖွဲ့အစည်းကမှမိမိတို့ လက်ချက်ဖြစ်သည်ဟု ၀န်ခံပြောကြားခြင်းမရှိသော်လည်း အစိုးရကလည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲရေးသားသည်။
ပြီးခဲ့သည့်မေလနှင့်ဇွန်လကဖြစ်ပွားခဲ့သည့်ရန်ကုန်-မန္တလေးအမှတ်၃အဆန်အမြန်ရထားပေါ်၌ ဗုံးပေါက်ကွဲမှုနှင့် မြို့မဈေးတွင် ဗုံးပေါက်ကွဲမှုတွင်KNU၏ လက်ချက်ဖြစ်ကြောင်းအစိုးရသတင်းစာများတွင် ဖော်ပြခဲ့သော်လည်းပြီးခဲ့သည့်ရက်သတ္တပတ်ကကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုများကိုမူ မည်သူပြုလုပ်သည်ဟု ဖော်ပြခြင်းမရှိပေ။
၂၀၀၅ ခုနှစ်မေလကရန်ကုန်မြို့ပုဇွန်တောင်မြို့နယ်ရှိကုန်သွယ်ရေးဗဟိုဌာန၊ဒဂုံစင်တာနှင့် ၈ မိုင်လမ်းဆုံရှိ Juntion8ကုန်တိုက်များတွင်ဖြစ်ပွားခဲ့သည့်ဗုံးဆက်တိုက်ပေါက်ကွဲမှုများတွင်လည်းတရားခံအား ယခုအချိန်အထိ ဖမ်းဆီးရမိခြင်း မရှိသေးပေ။

Geen opmerkingen: