မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 14 juni 2011

ဘုရားသုံးဆူတွင်ရွှေဆိုင်ကိုပစ်ခတ်၎ဦးဒဏ်ရာရ

ကျော်ခ၊ ကွန်းချမ်း အင်္ဂါနေ့၊ ဇွန်လ ၁၄ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ဘုရားသုံးဆူမြို့ပေါ်တွင်လူသိများသောအောင်တင်ဝင်းအမည်ရရွှေဆိုင်နှင့် ကုန်စုံဆိုင်အားသေနတ်သမားများကအင်္ဂါနေ့တွင်ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့်ထိုင်းနိုင်ငံသား၂ဦးအပါအဝင် လူ၎ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်းမျက်မြင်သက်သေများကပြောသည်။
ကရင်ပြည်နယ်ရှိနယ်စပ်မြို့ဖြစ်ပြီးထိုင်းနိုင်ငံစံခရဘူရီမြို့၏မျက်နှာချင်းဆိုင်၌ရှိသောဘုရားသုံးဆူ၏ မြို့လယ်မှအောင်တင်ဝင်းရွှေဆိုင်ရှေ့သို့မွန်းတည့်ချိန်ကလက်နက်ကိုင်ထားသောသူများက ဟိုင်းလတ်ကားဖြင့်ရောက်လာခဲ့ကာပစ်ခတ်ခဲ့ခြင်းဖြစ်သည်။M16နှင့်RPGလက်နက်များကိုင်ထားသည်ဟု တွေ့မြင်လိုက်ရသူများကပြောသည်။
သေနတ်သမားများပစ်ခတ်သွားသဖြင့်ဦးအောင်တင်ဝင်းနေအိမ်မီးလောင်နေစဉ်တွေ့ရှိရသည့်မြင်ကွင်း (ဓာတ်ပုံ-မဇ္ဈိမ)
ရွှေဆိုင်နဲ့တွဲလျက်ဦးအောင်တင်ဝင်းပင်ပိုင်ဆိုင်သောအဝတ်အထည်၊စားသောက်ကုန်များရောင်းချသော စတိုးဆိုင်လည်းရှိပြီး စားသုံးဆီဂိုဒေါင်တခုလည်းတွဲလျက်တည်ရှိသည်။
“ဆိုင်ကလည်းလမ်းမဘေးဆိုတော့ကားနဲ့ဝင်လာပြီးကားပေါ်ကဓာတ်ဆီပီပါတွေချလာပြီးအထဲကို တွန်းထည့်တယ်။ပြီးတော့ခွဲဖို့မိုင်းတွေထည့်တယ်။အဲဒီအချိန်မှာဆိုင်ထဲရှိတဲ့ဈေးဝယ်တွေရောအကုန်လုံး ထွက်ပြေးကုန်တယ်။ ပြီးတော့RPGနဲ့ပစ်တယ်။ဓာတ်ကြိုးတွေနဲ့ တွဲပြီးမိုင်းတွေလည်းခွဲတယ်”ဟု မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။
ထိုင်းဘက်မှလာရောက်၍အနီးအနားရှိဈေးရောင်းနေသောဈေးကားပေါ်မှထိုင်းလူမျိုးနှစ်ဦးနှင့်ဈေးဝယ်သူ တဦး ဆိုင်ကယ် တက္ကစီမောင်းသူတဦး ဒဏ်ရာရခဲ့သည်။
သေနတ်သမား၆ဦးကကားတစီးဖြင့်ရောက်ရှိလာသည်ဟုမျက်မြင်သက်သေအများအပြားကမဇ္ဈိမကို ပြောကြားသော်လည်းနယ်စပ်စစ်ဘက်သတင်းရပ်ကွက်များကမူမြို့အတွင်းဝင်ရောက်နေခဲ့သော အခြားလက်နက်ကိုင်များလည်း ရှိသေးသည်ဟု ဆိုသည်။
မည်သည့်အဖွဲ့အစည်းကမျှမိမိတို့လက်ချက်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခြင်းမရှိသေးသလိုဒေသတွင်း လှုပ်ရှားနေသောကရင်အမျိုးသားအစည်းအရုံး(KNU)၊တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်(DKBA)နှင့်မွန်ပြည်သစ်ပါတီ(NMSP)တို့က၎င်းတို့လုပ်ဆောင်မှု မဟုတ်ကြောင်း မဇ္ဈိမ၏ မေးမြန်းချက်အပေါ်ငြင်းဆိုကြသည်။
ဆိုင်အတွင်းရှိရွှေအပါအဝင်အခြားသောတန်ဖိုးရှိပစ္စည်းများကိုမယူဆောင်ဘဲဖျက်ဆီးရေးတခုတည်းသာ လုပ်ဆောင်သွားသည်ဟု ဆိုသည်။
“တယောက်ကကားထဲမှာစောင့်နေတယ်။တယောက်ကM-16နဲ့ကားဘေးမှာစောင့်နေတယ်။၎ယောက်က RPGနဲ့အပေါ်ထပ်ကိုအရင်စပစ်တယ်။နောက်အောက်ကဗုံးခွဲတယ်။လူငယ်လေးတွေချည်းပဲ”ဟုမြင်တွေ့ခဲ့ ရသူ တဦးက ပြောသည်။

လက်နက်ကိုင်ထားသူများကဟိုင်းလတ်ကားဖြင့်ရောက်လာရှိကာပစ်ခတ်သွားသဖြင့်ဦးအောင်တင်ဝင်း နေအိမ်မီးလောင်ပျက်စီးခဲ့သည်ကိုမြင်တွေ့ရစဉ်(ဓာတ်ပုံ-မဇ္ဈိမ)
မိနစ်အတန်ကြာတိုက်ခိုက်ပြီးနောက်ကားကိုအရှိန်မြှင့်မောင်းနှင်ကာမြို့၏တောင်ဘက်ခြမ်းတောထဲသို့ ထွက်သွားကြသည်။ထို့နောက်မြို့ပေါ်ရှိခလရ၂၈၄တပ်ရင်းမြို့ခံရဲများရောက်ရှိလာကြပြီးလုံခြုံရေး ယူထားလိုက်ကြသည်။
သတင်းရပ်ကွက်တခုကမူဖိုးဝှီးကား၎စီးဖြင့်အင်အား၃ဝခန့်ရှိအဆိုပါလက်နက်ကိုင်လူအုပ်သည်မြို့၏ အနောက်မြောက်ဘက်မှဝင်ရောက်လာပြီးဦးအောင်တင်ဝင်း၏နေအိမ်ကိုပစ်မှတ်ထားကာ နာရီဝက်ခန့်အကြာ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြီးစီးသည့်အခါပစ်ခတ်သူများကအခြားနေရာများရှိသူတို့လူများကိုပြန်ထွက်ကြရန်လက်ကိုင်စက်ဖြင့် အကြောင်းကြားခဲ့သည်ဟုလည်း ဆိုသည်။
တိုက်ခိုက်မှုကြောင့်၂ထပ်တိုက်တခုလုံးမီးလောင်ကျွမ်းခဲ့ပြီးရွှေဆိုင်၊အဝတ်အထည်၊စားသောက်ကုန်များ၊ ဆိုင်ကယ်၎စီး၊ဟိုင်းလတ်ကား၂စီးနှင့်ဆီဂိုဒေါင်များမီးထဲပါသွားသည်။အခြားနေအိမ်များဘက်မီးမကူးရန် သုံးဆူမြို့မီးသတ်သာမကထိုင်းမီးသတ်ကားများပါ လာရောက် ငြှိမ်းသတ်ခဲ့သည်။
ပစ်ခတ်သူများ၏RPGတလက်နှင့်စိန်ပြောင်းကျည်၎ခု၊၆လက်မခန့်အရှည်ရှိနို့ဆီဗူးသဏ္ဍာန်မိုင်းတလုံးနှင့် ဓာတ်ကြိုးခွေတခွေကျန်ရှိခဲ့ကြောင့် ဘုရားသုံးဆူ မြို့နယ်ရဲစခန်းနှင့် နီးစပ်သူတဦးကပြောသည်။
“သူက(ဦးအောင်တင်ဝင်း)ဒီမြို့မှာအချမ်းသာဆုံး စာရင်းဝင်။ အရင်က သူပုန်တွေကို ဆက်ကြေးပေးတယ်။ အခုအစိုးရသစ်ခေတ်မှာပေးစရာမလိုတော့ဘူးဆိုပြီးနေလို့အပစ်ခံရတာလို့ပြောတာပဲ”ဟု နယ်စပ်အခြေစိုက် လက်နက်ကိုင် အဖွဲ့တဖွဲ့၏ သတင်းရပ်ကွက်တခုက ပြောသည်။
ဘုရားသုံးဆူမြို့ပေါ်၌ပင်ယခုလ၅ရက်နေ့ကမျက်နှာဖုံးစွပ်သေနတ်သမား၃ဦးကဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး၊စစ်ဖက်ရေးရလုံခြုံရေး စရဖရုံးနှင့်ဓမ္မာရုံတို့ကို တနင်္ဂနွေနေ့ညနေ၃နာရီကျော်တွင်၇၉မမ လောင်ချာဖြင့် ပစ်ခတ်ခဲ့သေးသည်။
ယင်းသို့ ပစ်ခတ်မှုကြောင့် စစ်ဘက် ထောက်လှမ်းရေးမှ ဒုတပ်ကြပ် အပါအဝင် လူ ၂ ဦး သေဆုံးခဲ့ပြီး၊ ၃ ဦး ဒဏ်ရာရခဲ့သည်။ ထိုစဉ်ကလည်း အောင်တင်ဝင်း ကုန်စုံဆိုင်သို့ RPG ဖြင့် ပစ်ခတ်ခဲ့သော်လည်း ကျည်မှာ
ပေါက်ကွဲခြင်းမရှိဘဲအိမ်နံရံကြား၌ညပ်နေခဲ့ပြီး မြို့ပေါ်ရှိခလရ၂၈၄ကလာရောက်ထုတ်ယူပေးခဲ့သည်ဟု မြို့ခံမျက်မြင်များက ဆိုသည်။



Geen opmerkingen: