မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 6 juni 2011

မောင်သစ်မင်းကွယ်လွန်

မဇ္ဈိမသတင်းဌာန တနင်္လာနေ့၊ ဇွန်လ ၀၆ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၁၄ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။တေးရေးဆရာမောင်သစ်မင်းသည်ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိSamitivejSrinakarin ဆေးရုံ၌တနင်္ဂနွေနေ့နံနက်ကကင်ဆာရောဂါဝေဒနာဖြင့်ကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်၌၅၈နှစ်ရှိပြီးအမည်ရင်းမှာဦးဒေဝဖြစ်သည်။သူသည်အူမကြီးကင်ဆာရောဂါဝေဒနာကို၂ဝ၁ဝ နိုဝင်ဘာလကတည်းကခံစားခဲ့ရသည်။
                                                                                      တေးရေးဆရာ မောင်သစ်မင်း
ရန်ကုန်မြို့နေအိမ်တွင်ကျန်ရစ်ခဲ့သောအငယ်ဆုံးဖြစ်သူကိုကိတ္တိက“သူတယောက်တည်းနဲ့ရုန်းကန် ခဲ့ရတာပါပဲ၊အဲဒါတွေကျနော်တို့အမေမရှိတော့တဲ့နောက်ပိုင်းမှာပိုသိသာတာပါပဲ၊ကျနော်တို့ဖြစ်ချင်တာတွေ အကုန်လုံးကိုတယောက်ချင်းစီရဲ့ဆန္ဒကိုလိုက်ဖြည့်ဆည်းပေးသွားတာပဲ”ဟုပြောသည်။
“သူ့ကိုလေဆိပ်လိုက်ပို့လိုက်တဲ့အချိန်ဟာသူ့ကိုကျနော်နောက်ဆုံးနှုတ်ဆက်လိုက်ရတဲ့အချိန်ပါပဲ။ကျနော့်အနေနဲ့ အခံစားရဆုံးကနောက်ဆုံး ကျောင်းဆင်းပွဲကို သူမတက်လိုက်ရဘူးပေါ့”
အသက်၂၂အရွယ်ရှိကိုကတ္တိသည်တပ်မတော်စစ်ဆေးတက္ကသိုလ်(MBBS)နောက်ဆုံးနှစ်ဒုတိယပတ်ကို တက်ရောက် နေသူ ဖြစ်သည်။
မောင်သစ်မင်းသည်ကဗျာရေးသားခြင်းကိုဝါသနာထုံခဲ့ပြီးဝတ္ထုများရေးသားရာမှတဆင့် အနုပညာလောကသို့၁၉၇၁ခုနှစ်ကစတင်ဝင်ရောက်ခဲ့သည်။၁၉၇၇ခုနှစ်က“တေးမြုံငှက်”လုံးချင်းဝတ္ထုမှ နောက်ပိုင်းတွင်သီချင်းတပုဒ်ရေးစပ်ခဲ့ရာအဆိုတော်ခိုင်ထူးသီဆိုခဲ့သည့်“တေးမြုံငှက်”သီချင်းမှာထင်ရှား ကျော်ကြားသည်။
လုပ်ဖော်ကိုင်ဖက်တဦးဖြစ်သူဂီတအစည်းအရုံး၏အတွင်းရေးမှူးဦးကိုကိုလွင်က“ခေတ်ဦးမှီတဲ့ တေးရေးဆရာပါ၊သူနာမည်ကြီးတာကစစခြင်းOwntuneသီချင်းတေးမြုံငှက်ရေးခဲ့ပေမယ့်ကော်ပီ သီချင်းတွေရေးတယ်၊“အနီးဆုံးလူ”လိုမျိုးကိုယ်ပိုင်သံစဉ်ရေးပြီးထပေါက်ခဲ့တဲ့သီချင်းတွေပေါ့နော်၊ ကော်ပီသီချင်းတွေဆိုရင်လည်းဦးကျော်ဟိန်းသီချင်းတွေလိုဒဿနပါတဲ့သီချင်းတွေပါ၊တေးရေးဆရာ ထဲမှာဆိုရင်တော့ သူ့ကိုလေးစားရမယ့် ဆရာတယောက်ပါ” ဟု ပြောသည်။
ကွယ်လွန်ချိန်တွင်သား၃ဦးကျန်ရစ်သည်။ကြွင်းကျန်ရစ်သောရုပ်ကလာပ်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့တွင် မီးသဂြုင်္ိဟ်ပြီးအရိုးပြာအိုးကိုမြန်မာနိုင်ငံသို့ပြန်လည်သယ်ဆောင်သွားမှာဖြစ်သည်။





Geen opmerkingen: