မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 juni 2011

အမေရိကန်ကွန်ဂရက်သို့ဒေါ်စုမိန့်ခွန်းပို့

မဇ္ဈိမသတင်းဌာန အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၂၁ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ဗုဒ္ဓဟူးနေ့တွင်ကျင်းပမည့်အမေရိကန်ကွန်ဂရက်အာရှနှင့်ပစိဖိတ်ရေးရာဆပ်ကော်မတီ၏ မြန်မာ့အရေးကြားနာပွဲသို့မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းဗွီဒီယိုကို ပေးပို့မည် ဖြစ်သည်။ အမေရိကန်ကွန်ဂရက်သို့ ပေးပို့မည့် ဒေါ်စု၏ ပထမဆုံး မိန့်ခွန်းဖြစ်ပြီး
မြန်မာနိုင်ငံအတွင်း၌လူ့အခွင့်အရေးချိုးဖောက်နေမှုများနှင့်ပတ်သတ်၍ဒေါ်စုကမှတ်ချက်ပေးမည် ဖြစ်သည်။
ကြိုတင် ရိုက်ကူးထားသည့် ဗွီဒီယိုထဲတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်က၂ဝ၁ဝနိုဝင်ဘာရွေးကောက်ပွဲတွင် အာဏာရလာသည့်မြန်မာနိုင်ငံလက်ရှိသမ္မတဦးသိန်းစိန်၏လက်ထက်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများကို တင်ပြမည် ဖြစ်သည်။ ထိုဗွီဒီယိုခွေကို ဗုဒ္ဓဟူးနေ့ ဝါရှင်တန်တွင် ကျင်းပမည့် ကြားနာပွဲ၌ ပြသမည်ဖြစ်ပြီး
“ လျှို့ဝှက်ကန့်လန်ကာ နောက်ကွယ်သို့ ထိုးထွင်းကြည့်ရှု့ခြင်း” (ဟန်ဆောင် ရွေးကောက်ပွဲ နောက်ကွယ်မှ အမှန်တရားများနှင့် ခက်ခဲသည့် ရှေ့လမ်းခရီး) ဟု ခေါင်းစဉ် ပေးထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်းဗွီဒီယိုကိုအမေရိကန်ကွန်ဂရက်အာရှနှင့်ပစိဖိတ်ရေးရာဆပ်ကော်မတီသို့ ပေးပို့မည်(ဓါတ်ပုံ မဇ္ဈိမ)
မြန်မာအစိုးရအဖွဲ့သစ်အနေဖြင့်နိုင်ငံတကာအထင်အမြင်တွင်ရွေးကောက်ခံအစိုးရအဖြစ်ယင်းတို့ကို ရှု့မြင်လာစေရန် ကြိုးပမ်းနေသော်လည်းယခင်စစ်အစိုးရကနောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ယူဆမှုများ ရှိနေကာ ဝေဖန်မှုများကိုလည်း ဆက်လက် ရင်ဆိုင်နေရဆဲ ဖြစ်သည်။
ကြေညာချက်ထဲတွင်ကွန်ဂရက်လွှတ်တော်အမတ်DonManzulloကမြန်မာ့အရေးကြားနာပွဲတွင် “ ဟန်ဆောင် ရွေးကောက်ပွဲနှင့် ခက်ခဲသည့် မြန်မာ့ရှေ့ခရီးလမ်း”နှင့် ပတ်သတ်သည့် အချက်အလက်များကို ဦးစားပေး ဆွေးနွေးကြလိမ့်မည်ဟုရေးသားထားသည်။
ဆပ်ကော်မတီခေါင်းဆောင်Illinoisပြည်နယ်မှရီပတ်ဘလစ်ကန်လွှတ်တော်အမတ်Manzulloက မြန်မာနိုင်ငံတွင်းရှိတိုင်းရင်းသားအင်အားစုများအပေါ်အစိုးရ၏ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေမှုများ၊မြန်မာနိုင်ငံအတွင်း၌လူ့အခွင့်အရေး ချိုးဖောက်နေမှုများနှင့်ပတ်သတ်၍ ကြားနာဆွေးနွေးမည်ဖြစ်သည့်အတွက် စိတ်လှုပ်ရှားမိသည်ဟု ဆိုသည်။
အန်ဂျီအို အဖွဲ့အစည်း ဖြစ်သည့် USCampaign for Burma က ပြောကြားရာတွင် “ ကြားနာ ဆွေးနွေးပွဲကို အလျင်အမြန်လုပ်ဆောင်ရပါတယ်။ဘာကြောင့်လဲဆိုတော့မြန်မာအစိုးရဟာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ အတွက် ဒုက္ခသည် နှစ်သောင်းလောက်ဟာ တရုတ်-မြန်မာ နယ်စပ်တလျှောက်မှာ တိမ်းရှောင် ပုန်းအောင်းနေရပြီး တချို့လည်း တရုတ်နိုင်ငံထဲကို ထွက်ပြေးသွားရတာမျိုးတွေ ရှိပါတယ်” ဟု ဆိုသည်။
ကြားနာပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဗွီဒီယိုအပြင် US Campaign forBurma ၏ တွဲဖက်တည်ထောင်သူနှင့် အလုပ်အမှုဆောင် ဒါရိုက်တာ ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်ဒင် JohnsHopkins စင်တာ၏ပြည်သူ့ ကျန်းမာရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာနှင့် မြန်မာနိုင်ငံအတွင်း လူထု ကျန်းမာရေးနှင့် လူ့အခွင့်အရေး အခြေအနေ ဆိုင်ရာ ကိစ္စရပ်များကို စာအုပ်တွဲဖက် ရေးသားပြုစုခဲ့သူ ဒေါက်တာ ChrisBeyrer တို့ကလည်း တက်ရောက် ဆွေးနွေးမည်ဟု အန်ဂျီအို အဖွဲ့၏ ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
အသက်၆၆နှစ်အရွယ်ရှိပြီဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်၂၀၁၀ခုနှစ် နိုဝင်ဘာလတွင် နေအိမ် အကျယ်ချုပ်မှလွတ်မြောက်လာပြီးနောက်နိုင်ငံတကာရှိဆွေးနွေးပွဲများသို့သူ၏အမြင်များကို ပြောဆိုဆွေးနွေးထားသည့်သတင်းစကားများပေးပို့လေးရှိပြီးအဆိုပါသတင်းစကားအများစုမှာ ရန်ကုန်မြို့တွင် ရိုက်ကူးထားသည့် ဗွီဒီယို မိန့်ခွန်းများ ဖြစ်ကြသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ကွန်ဂရက်မှ ချီးမြှင့်သည့် ဂုဏ်ပြု ရွှေတံဆိပ်ဆု Congressional GoldMedalကို၂ဝဝ၈ခုနှစ်တွင်ရရှိခဲ့သည်။ဒေါ်အောင်ဆန်းစုကြည်သည်အမေရိကန် ကွန်ဂရက်လွှတ်တော်၏ထောက်ခံမှုကိုများစွာ ရရှိထားသူ ဖြစ်သည်။





Geen opmerkingen: