မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 15 juni 2011

ကျပ်ငွေဈေးအနည်းငယ်ပြန်ဆင်း

ကိုဝိုင်း ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၁၂ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။စံချိန်တင်ဈေးမြင့်တက်သွားခဲ့သောမြန်မာကျပ်ငွေဈေးနှုန်းသည်အင်္ဂါနေ့တွင်အနည်းငယ် ပြန်လည်ကျဆင်းလာပြီးအမေရိကန်ဒေါ်လာနှင့်လဲလှယ်ရာတွင်တဒေါ်လာလျင်ကျပ်၇၈ဝဈေးပေါက်သည်။
တလခန့်ဆက်တိုက်တက်သွားခဲ့သောမြန်မာငွေဈေးမှာအမေရိကန်ဒေါ်လာနှင့်လဲလှယ်ရာတွင် တဒေါ်လာလျှင်၇၅ဝကျပ်အထိပင်မြင့်တက်ခဲ့သည်။ထိုင်းဘတ်ငွေနှင့်မြန်မာငွေလဲလှယ်ရာတွင် ကျပ်ငွေတသိန်းလျှင်ဘတ်၄၂ဝဝအထိဈေးပေါက်သည်။
ကျပ်ငွေဈေးတက်မှုကပို့ကုန်လုပ်ငန်းရှင်များ၊ပြည်ပတွင်အလုပ်လုပ်သူများကိုမှီခိုနေရသော အိမ်ထောင်စုများနှင့်ဒေါ်လာနှင့် ဝင်ငွေရရှိသူများကို ထိခိုက်စေသည်။
ဦးခင်မောင်ညို(ဘောဂဗေဒ)ကသူ၏ဖေ့စ်ဘွတ်စာမျက်နှာတွင်ဗုဒ္ဒဟူးနေ့နံနက်အမေရိကန်ဒေါ်လာဈေးမှ ၇၈ဝ-၇၉ဝကျပ်ဈေးပေါက်ပြီး၊အက်ဖ်အီးစီမှ၇ဝ၅-၇၂ဝကျပ်ဈေးပေါက်သည်ဟု ရေးသားထားသည်။
“ ဒေါ်လာကျတာရပ်သွားပြီးတော့ကုန်ဈေးတွေတက်လာပြန်ပြီ ”ဟုလည်းပါရှိသည်။
ထူးထူးကဲကဲငွေဈေးတက်မှုအပေါ်ဟိုတယ်လုပ်ငန်းရှင်များအသင်းနှင့်မြန်မာ့ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ ဥက္ကဋ္ဌဇေကမ္ဘာကုမ္ပဏီပိုင်ရှင်ဦးခင်ရွှေကကျောက်မျက်ရောင်းရငွေများနှင့်အစိုးရကနိုင်ငံပိုင်လုပ်ငန်းနှင့် မြေယာအဆောက်အဦးများ လေလံရောင်းချမှု၏ အကျိုးဆက်တခုဟု ပြောသည်။
“နံပါတ်တစ်ကတော့ကျောက်မျက်ကပြီးခဲ့တဲ့အပတ်ကသန်း၂ဝဝဝကျော်ကျော်လောက်ရောင်းရတယ်။ အဲဒီထဲက၄ဝရာခိုင်နှုန်းလောက်ဝင်လာတယ်ကြားတာပဲ။ဝင်တော့ဗမာငွေပြန်ဖော်တာပေါ့”ဟု ဦးခင်ရွှေက ပြောသည်။
“နိုင်ငံတော်ကလည်းမြေတွေ၊အဆောက်အဦးတွေလေလံပစ်ထားတာရှိတယ်။ဗမာငွေသွင်းဖို့ရက်တွေက နီးလာပြီ။ရတဲ့ဒေါ်လာကိုရောင်းပြီးတော့ဖော်ရတာပေါ့။ရောင်းလို့ရတဲ့ပမာဏနဲ့ပဲရောင်းသွားတော့ ဈေးကွက်ထဲမှာဒေါ်လာများသွားတယ်။ဗမာငွေနည်းနည်းကျပ်သွားတယ်” ဟု သူကပြောသည်။
ဦးခင်ရွှေကလာမည့်အောက်တိုဘာ၊နိုဝင်ဘာခရီးသွားရာသီကာလတွင်ခရီးသွားလုပ်ငန်များကို ထိခိုက်စေလိမ့်မည်ဟု ဟောကိန်း ထုတ်လိုက်သည်။
“လာမယ့်ရာသီအတွက်ကိုခရီးသွားကုမ္ပဏီတွေကနေတခြားကုမ္ပဏီတွေကိုပုဂံသွားမယ်ဆိုရင်လူတယောက်ကို ဥပမာဒေါ်လာ၅ဝဝကိုအခြေခံက၁ဝဝဝနဲ့တွက်ထားတယ်။ဒိုင်းဆို၈ဝဝကျသွားရင်တဒေါ်လာကို၂ဝဝ ရှုံးတာပေါ့ဗျာ။ဟိုတယ်တွေသာဒေါ်လာနဲ့ပေးရတယ်၊ကျွေးတာမွေးတာကျပ်တွေနဲ့ပေးတဲ့အခါကျတော့ ဒီပြဿနာ ရှိတာပေါ့” ဟု ဦးခင်ရွှေက ပြောသည်။
အစိုးရကငွေလဲနှုန်းစံနှုန်းတခုသတ်မှတ်ပေးမည့်အစီအစဉ်မရှိသေးဟုသူသိထားသော်လည်း“၇ဝဝနှင့်၈ဝဝအကြားဈေးနဲ့ထိန်းလိုက်ရင်ဒီအချိန်အကောင်းဆုံးဖြစ်မယ်”ဟုရန်ကုန်တိုင်းအမျိုးသားလွှတ်တော်အမတ် ဦးခင်ရွှေက ပြောသည်။
နိုင်ငံတွင်အမေရိကန်တဒေါ်လာလျှင်မြန်မာငွေ ၆.၃ ကျပ်နှုန်းအဖြစ်တရားဝင်သတ်မှတ်ထားသော်လည်း အမှန်တကယ် တွင်ကျယ်နေသည်က မှောင်ခိုဈေးကွက် ဖြစ်သည်။



Geen opmerkingen: