မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 14 juni 2011

ထိုးစစ်တွေကိုရပ်လိုက်ပါ”

ဧရာဝတီ Tuesday, 14 June 2011 18:41 အင်တာဗျူး
.မြန်မာ့တပ်မတော်နှင့်ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)တို့အပစ်အခတ်ရပ်စဲပြီး၁၇နှစ်အကြာတွင် နှစ်ဘက် တိုက်ခိုက်မှုများ ပြန်လည် ဖြစ်ပေါ် လာသည်။

                                   ကချင်ပြည်နယ်ဖားကန့်ဒေသတွင်တွေ့ရသောKIAစစ်သားတဦး(ဓာတ်ပုံ-KNG)
လအတန်ကြာစစ်ရေးတင်းမာမှုများနောက်ပိုင်းကချင်ပြည်နယ်၊မိုးမောက်မြို့အနီးလွန်ခဲ့သည့် ရက်ပိုင်းအတွင်းတိုက်ပွဲများပြန်လည်အစပြုခဲ့ပြီး၊KIA၏နိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်သောကချင် လွတ်မြောက်ရေးအဖွဲ့(KIO)၏ဆက်ဆံရေးရုံးတချို့ကို ပိတ်လိုက်ရသည်။
ထိုတိုက်ပွဲအခြေအနေများနှင့်ပတ်သက်ပြီးဧရာဝတီ၏အကြီးတန်းသတင်းထောက်ဝေမိုးကKIO၏တွဲဖက် အထွေထွေအတွင်းရေးမှူးဦးလနန်ကိုတနင်္လာနေ့ကဆက်သွယ်မေးမြန်းထားသည်။
မေး။ ။တိုက်ပွဲတွေဘယ်လိုစပြီးဖြစ်တာလဲ။
ဖြေ။ ။တိုက်ပွဲက၉ရက်နေ့မနက်၃နာရီလောက်ကတည်းကအစိုးရတပ်ဘက်ကလက်နက်ကြီးနဲ့ ပစ်ခွင်းပြီးတော့ကျနော်တို့တပ်ဘက်ကိုချဉ်းကပ်လာတယ်။မနက်၇နာရီလောက်မှာကျနော်တို့ဘက်က ပြန်ပြီးတော့ပစ်ခတ်ကြတာပေါ့။အဲဒီနေ့ကပွဲကတော့ကျနော်တို့ဘက်က၁၁နာရီ၄၅မှာအပစ်ရပ်လိုက်တယ်။ ဒါပေမယ့်သူတို့ဘက်ကတော့၁၂ခွဲလောက်အထိဆက်ပြီးတော့ပစ်နေကြတယ်။၉ရက်နေ့တိုက်ပွဲကတော့ အဲဒီမှာပြီးသွားပြီ။အဲ့ဒါပြီးတော့သူတို့ဘက်ကလိုက်လျောပေးတဲ့အပိုင်းတွေမရှိဘူးပေါ့။သုံ့ပန်းတွေကို ပြန်အပ်ပြီးတဲ့နောက်ပိုင်းမှာသူတို့ပြောတဲ့အချက်တွေကိုလိုက်လျောခြင်းမရှိဘဲနဲ့ပြန်ပြီးတော့ဖိတင်းတဲ့ အခြေအနေ ဖြစ်လာတယ်။ အဲ့ဒီလို ဖိတင်းရင်းနဲ့ ၁၀ ရက်နေ့ ညနေပိုင်း ၃နာရီ၄၅ မိနစ်လောက်မှာသူတို့ ဘက်ကစပြီးတော့ထိုးစစ်ပြန်ဆင်တယ်။အခုချိန်ထိပါပဲ။တပ်ရင်း၁၅ ကိုသူတို့တွေလက်နက်ကြီးနဲ့ အဝေးကနေလှမ်းပစ်တာ။တပ်ရင်း၁၅ဆိုတာကဗန်းမော်ခရိုင်မိုးမောက်မြို့နယ်က တာပိန်မြစ်ရဲ့ မြစ်ဖျားပိုင်း ကျမှာပေါ့။
မေး။ ။နှစ်ဘက်အသေအပျောက်ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။သူတို့ဘက်ကကျသွားတာတော့ဗိုလ်ကြီး၊ဗိုလ်မှူးလို့ပဲပြောရမလားမသိဘူး၊လခစားတာကဗိုလ်မှူးလခ စားတယ်ဆိုတော့၊ဒုတပ်ရင်းမှူးလုပ်ရတော့မယ့်တယောက်ကျတယ်။ရဲဘော်တွေက၃ယောက်ဆိုတော့ သူတို့ဘက်ကစုစုပေါင်း၎ယောက်ကျတယ်။အဲ့ဒီမှာဒဏ်ရာရတာကတော့သူတို့ဘက်က၉ယောက်ပါတယ်။ အဲ့ဒီမှာလည်း ဗိုလ်ကြီးတယောက် ပါသေးတယ်။
၁၀ရက်နေ့ပြန်ပြီးစတဲ့တိုက်ပွဲမှာတော့ကျနော်တို့ဘက်ကကျဆုံးတာ၃ယောက်ရှိသွားပြီ။သူတို့ဘက်က လက်နက်ကြီးနဲ့ပစ်တာဆိုတော့ကျနော်တို့ဘက်ကလည်းဘန်ကာကတုတ်ထဲမှာအောင်းပြီးမှပဲပြန်ပြီး ခုခံရတယ်။အဲ့ဒီမှာလက်နက်ကြီးကျည်တလုံးကကျနော်တို့ဘန်ကာတခုရဲ့အထက်နားမှာရှိတဲ့သစ်ပင်ကို မှန်ပြီးတော့အစတွေဖြာထွက်ပြီးကျနော်တို့ရဲဘော်တွေကျကုန်တာလို့ပြောလို့ရတယ်။တခြားတော့ဘာမှ ထိခိုက်မှု မရှိသေးဘူး။
သူတို့ဘက်ကတော့ဒဏ်ရာရတာတော်တော်များတယ်လို့ကြားတယ်။မိုးမောက်တို့ဗန်းမော်တို့မှာရှိတဲ့ ဆေးရုံတွေကိုသူတို့ရဲ့ဒဏ်ရာရစစ်သားတွေကိုကားနဲ့ခဏခဏခေါ်လာပြီးတော့စစ်သားတွေ၊ အစောင့်တပ်တွေချထားတယ်လို့မြို့သားတွေပြောကြတယ်။သူတို့ပြောတာအရဆိုရင်စဖြစ်တဲ့နေ့မှာ ကတည်းကဆေးရုံကိုခေါ်သွားတာအယောက်၃၀လောက်ရှိတယ်။၁၁ရက်လည်းတနေကုန် ပစ်ခတ်ကြတယ်၊၁၂ရက်လည်းတနေကုန်ပစ်ခတ်ကြတယ်ဆိုတော့ခန့်မှန်းကြည့်တာပေါ့နော်။အဲ့ဒီ၃၀ နှုန်းနဲ့သာဒဏ်ရာရမယ်ဆိုရင်အခုဆိုရင်၁၀၀နီးပါးလောက်ဒဏ်ရာရနိုင်တယ်လို့တော့ခန့်မှန်းလို့ရပါတယ်။ ဒါပေမယ့် အတည်ပြုချက်တော့ မရသေးဘူးဗျ။
မေး။ ။ဒီရက်ပိုင်းအတွင်းKIOရဲ့ဆက်ဆံရေးရုံးတွေကိုအစိုးရတပ်တွေကသိမ်းလိုက်တယ်လို့ကြားတယ်။ ဟုတ်ပါသလား။
ဖြေ။ ။အဲဒီလိုမဟုတ်ဘူးဗျ။ဆန်ဂမ်မှာရှိတဲ့ရေအားလျှပ်စစ်စီမံကိန်းဘေးမှာရှိတဲ့ဆက်ဆံရေးရုံးတခုရှိတယ်။ ၉ရက်နေ့တုန်းကအဲဒီမှာတာဝန်ကျတဲ့ရဲဘော်ကရန်သူရဲ့လက်ထဲမှာအဖမ်းခံရတယ်။အဖမ်းခံရပြီးတော့ ရန်သူရဲ့လက်ထဲမှာပဲရိုက်နှက်ပြီးသတ်ဖြတ်လိုက်တယ်။အလောင်းကိုလည်းရုံးရှေ့မှာတိရစ္ဆာန်အလောင်း ပစ်ထားသလိုပဲပစ်ထားတာပေါ့နော်။၂ရက်တောင်ပစ်ထားတာပေါ့နော်။
တကယ်တော့သံတမန်နည်းလမ်းနဲ့အဖွဲ့၂ဖွဲ့ ကြားမှာဆက်ဆံ ကူးလူးနေတဲ့ အဖွဲ့ပဲနော်။ သံတမန်ရေးတာဝန် ထမ်းဆောင်နေတဲ့ရဲဘော်တွေကိုသူတို့ဖမ်းတယ်၊ရိုက်နှက်တယ်၊သတ်တယ်၊ဆိုတာမျိုးတွေရှိနေတော့ မြစ်ကြီးနားမြို့ပေါ်မှာဖွင့်ထားတဲ့ကျနော်တို့KIOဗဟိုကိုယ်စားလှယ်ရုံးနဲ့ဆက်ဆံရေးရုံးကရဲဘော်တွေကို သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်အတွက် စိုးရိမ်ရတဲ့ အခြေအနေရောက်လာတယ်။အဲဒါကြောင့် ၁၀ ရက်နေ့ ညတွင်းချင်းမှာပဲ သူတို့ကို ဒီဘက် ပြန်ရုပ်လိုက်တာပါ။ အစိုးရက ပိတ်ခိုင်းတာ မဟုတ်ပါဘူး။
ပိတ်တာကမြစ်ကြီးနားဆက်ဆံရေးရုံးပါ၊မိုးမောက်မှာတော့ဆက်ဆံရေးရုံးတွေမရှိပါဘူး။ တိုက်ပွဲဖြစ်တာကတော့မိုးမောက်ခွင်မှာဖြစ်တယ်။ဒါပေမယ့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နဲ့ပြောဆို ဆက်ဆံတာတွေကိုတော့မြစ်ကြီးနားကဗဟိုဆက်ဆံရေးရုံးကနေပဲပြောဆိုပါတယ်။မြစ်ကြီးနားရုံးတွေက သူတို့စည်းထဲမှာရှိတဲ့အတွက်ဆက်ဆံရေးရုံး ပိတ်တယ် ဆိုတာထက် ကျနော်တို့ ဝန်ထမ်းတွေကို ကျနော်တို့ ဌာနချုပ်ဆီကိုပြန်ပြီးခေါ်ယူတယ်ဆိုရင် ပိုသင့်တော်ပါလိမ့်မယ်။ ဆက်ဆံရေးရုံး ဆိုတာကတော့ နောက်ပိုင်း လိုအပ်ရင် လိုအပ်သလို အသက် ပြန်သွင်းသင့်ရင် သွင်းရမှာပဲ။
မေး။ ။မြစ်ကြီးနားမြို့ကိုမီးပေးတာတွေကKIOကပဲတာဝန်ယူထားတဲ့ကိစ္စဆိုတော့ အဲဒီကိစ္စကိုရော ဘယ်လို ဖြေရှင်းမလဲ။
ဖြေ။ ။မီးပေးတာကတော့မြစ်ကြီးနားနဲ့ဝိုင်းမော်မြို့မှာရှိတဲ့ပြည်သူလူထုတွေကို ဦးစားပေးပြီးတော့ ကျနော်တို့ကလျှပ်စစ်ဖြန့်ဖြူးပေးတာပါ။အဲဒီကနေလည်းကျနော်တို့ကဘာအကျိုးအမြတ်မှမရပါဘူး။ အဲဒါကလည်းကျနော်တို့KIOကဖွင့်ထားတဲ့ဘိုခါးကုမ္ပဏီလီမိတက်ဆိုတာရှိတယ်။ အဲဒီရုံးမှာ ရှိတဲ့ ကျနော်တို့ KIOအဖွဲ့တွေကိုပဲ၁၀ရက်နေ့မှာပဲပြန်ခေါ်လိုက်ပါတယ်။ဒါပေမယ့်အဲဒီရုံးကိုလုံးဝပိတ်လိုက်လို့ မရဘူးဖြစ်နေတယ်။ပိတ်လိုက်ရင်မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ပြည်သူ လူထုတွေအတွက် ဒုက္ခအကြီးအကျယ် ရောက်ပါလိမ့်မယ်။
ဦးစီးဦးဆောင်လုပ်နေတဲ့KIOကကျနော်တို့လူကြီးတွေကိုပဲပြန်ပြီးတော့ခေါ်ယူလိုက်တာပါ။အဲဒီမှာရှိတဲ့ နေ့စား၊လခစားဝန်ထမ်းတွေကိုတော့လျှပ်စစ်မီးဆက်လက်ရရှိရေးအတွက်ဆက်လက်တာဝန် ထမ်းဆောင်ခိုင်းထားပါတယ်။သူတို့ကKIOတပ်ဖွဲ့ဝင်တွေ မဟုတ်ဘူး ဆိုတော့သိပ်ပြီးတော့ အန္တရာယ်ရှိမယ် မထင်ဘူးလေ။
မေး။ ။KIOဌာနချုပ်ရှိတဲ့လိုင်ဇာဒေသမှာရောအခြေအနေဘယ်လိုရှိသလဲ။
ဖြေ။ ။အဲဒါပြောမယ်ဆိုရင်ရှေ့ကနည်းနည်းပြောလိုက်ချင်တယ်။ကျနော်တို့တပ်ရင်း၁၅ရှိတဲ့တောင်ကုန်းကို သူတို့ဘက်ကမရမနေဆိုတဲ့သဘောနဲ့ဝိုင်းပြီးမှလုနေတဲ့သဘောရှိတယ်။အဲဒီမှာသူတို့ထိုင်ချင်တဲ့သဘော ရှိတယ်။ ကချင်ပြည်မှာ ရှိသမျှ သူတို့တပ်တွေနဲ့ အဲဒီနေရာကို စုပြုံပြီး ဝင်တိုက်ကြတယ်။ ဝင်တိုက်ကြလည်း ကျနော်တို့ဘက်ကစစ်မက်ဖြစ်ပွားမှုကိုလျော့နည်းသွားစေချင်တယ်။ပျောက်သွားချင်တယ်ဗျာ။ အဲဒါကြောင့်မို့ကျနော်တို့ဘက်ကတပ်ရင်း၁၅ ရဲ့တပ်အင်အားနဲ့ပဲခုခံခိုင်းထားတယ်။တခြားနေရာက တပ်တွေ ဖြည့်တင်းပြီးတိုက်ပွဲကြီးသွားအောင်ကျနော်တို့မလုပ်ခဲ့ဘူး။တပ်ရင်း၂၅ ဆိုရင် အခုဖြစ်တဲ့ တပ်ရင်း ၁၅ နဲ့အနီးဆုံးနေရာ၊လှမ်းပြီးမြင်လို့ရတဲ့နေရာမှာပဲရှိပါတယ်။သူတို့ဘက်ကတော့ တပ်ရင်း ၁၀ ရင်းလောက် ရှိမယ် ထင်တယ်။ တပ်ရင်း ၄၊ ၅ ရင်း တက်လိုက်၊ အကျအဆုံးများတော့ ပြန်ဆုတ်၊ နောက်တရင်းပြန်တက် လုပ်နေတာ။
ကျနော်တို့ဘက်ကတော့အဲဒီလောက်ဖြစ်နေတာနဲ့တင်ပြဿနာကတော်တော်ကြီးနေပြီ။ ကျနော်တို့ဘက်က တပ်တွေထပ်ဖြည့်မယ်ဆိုရင်ကချင်တပြည်လုံးမှာစစ်ပွဲတွေဖြစ်သွားမယ်ဆိုပြီးကျနော်တို့မဖြည့်ခဲ့တာပါ။ ဒါပေမယ့် တိုက်ပွဲတလျှောက်မှာ သူတို့ဘက်က ပိုပြီး ဖြည့်တင်းတာမျိုးတွေကို ကျနော်တို့ တွေ့နေရပါတယ်။
လိုင်ဇာကနေလည်းခရီးကသိပ်မဝေးဘူးဆိုတော့လိုင်ဇာကတပ်တွေထပ်ဖြည့်မှာကို စိုးရိမ်တာလား၊ ဒါမှမဟုတ်သူတို့စီမံကိန်းပဲ ရှိနေတာလားဆိုတာမသိရဘဲသူတို့ဘက်က တပ်တွေ ထပ်ဖြည့်နေတာပါ။ မြစ်ကြီးနားကနေ လက်နက်ကြီးတွေသယ်သွားတာမျိုး၊ ကျနော်တို့အဖွဲ့ရဲ့ ထွက်ပေါက်တွေကို သူတို့အဖွဲ့တွေ ချပြီး ပိတ်ထားတာမျိုးတွေပေါ့။အဲဒါကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ကစစ်မက်မဖြစ်ပွားအောင် ထိန်းသိမ်းနေတယ်ဆိုပေမယ့်လည်းပဲသူတို့ဘက်ကပြန့်ရင်ပြန့်ပါစေဆိုတဲ့အနေအထားမျိုးကို တွေ့နေရပါတယ်။
မေး ။ ။ အပစ်အခတ် ပြန်ရပ်ဖို့ ဖြစ်နိုင်ခြေ ရှိသလား။
ဖြေ။ ။မနေ့ညက၈နာရီ၉နာရီလောက်မှာနေပြည်တော်က ဝန်ကြီးဟောင်းတဦး၊ နာမည်တော့ မပြောတော့ပါဘူး၊သူကကျနော်တို့ဘက်ကပုဂ္ဂိုလ်တဦးကို ဖုန်းဆက်ပြီးတော့ “ခင်ဗျားတို့ဘက်က ထိန်းပေးပါဦး၊ မဟုတ်ရင် တနိုင်ငံလုံးကို စစ်မက် ပြန့်သွားဦးမယ်။ ကျနော်ကလည်း သမ္မတကြီးကို သွားပြီး ဆွေးနွေးကြည့်ပါဦးမယ်”ဆိုပြီး ကျနော်တို့ကိုအလွတ်သဘော ကမ်းလှမ်းလာပါတယ်။ ကျနော်တို့ဘက်က ပြန်ပြောတာက ၂ ရက် ဆိုတာလည်း အများကြီး ပြောင်းလဲသွားနိုင်တယ်။ ဒါကြောင့် ခင်ဗျားတို့ တကယ် ဆန္ဒရှိနေတယ် ဆိုရင် ထိုးစစ်တွေကို ရပ်လိုက်ပါ။ စစ်မက် ပြင်ဆင်မှုတွေကိုလည်း လျှော့လိုက်ပါ ဆိုပြီးမှ ကျနော်တို့ဘက်က အကြောင်းပြန်လိုက်တယ်။ အဲဒီမှာ သူတို့ကလည်း သူတို့ လူကြီးတွေနဲ့ ဒီနေ့မနက်မှာ အစည်းအဝေး ရှိပါတယ်။ အဲဒီမှာ ဆွေးနွေးပြီး ကျနော်တို့ကို ပြန်ပြီး အကြောင်းပြန်ပါမယ် ဆိုတဲ့ အကြောင်း ပြန်ပြောလာတယ်။ ။

Geen opmerkingen: