မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 8 juni 2011

ပြည်ပသို့ အလုပ်သွားလုပ်ခြင်းဟာ အနာဂတ်ဦးနှောက် စီးဝင်မှုဟု သမ္မတ အကြံပေးပြော

မျိုးသန့် ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။သမ္မတဦးသိန်းစိန်၏စီးပွားရေးအကြံပေးအဖွဲ့ဝင်ဖြစ်သည့်ဦးဆက်အောင်ကနိုင်ငံရပ်ခြားသို့ မြန်မာများသွားရောက်အလုပ်လုပ်ကိုင်ခြင်းအပေါ်အကောင်းမြင်ထားပြီးအနာဂတ်၏ဦးနှောက်စီးဝင်မှုဟု ခေါ်ဆိုလိုက်သည်။
မဇ္ဈိမကလက်ခံရရှိထားသည့်ဦးဆက်အောင်၏ “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်စီးပွားရေးတိုးတက်မှုတွင်
တွေ့ရသောအသိအမြင်ကွာဟမှုများနှင့်ပြင်ဆင်သင့်သည့်အချက်များ”ဟူသောခေါင်းစဉ်ဖြင့်စာမျက်နှာ၁၁ မျက်နှာပါစာတမ်းတွင်နိုင်ငံရပ်ခြားသို့ရွှေ့ပြောင်းလုပ်ခြင်းကြောင့်တိုင်းပြည်တွင်းလူအရင်းအမြစ်ဆုံးရှုံးမှု ဖြစ်သည်ဆိုခြင်းကို ငြင်းချက် ထုတ်ထားသည်။
“အိမ်နီးချင်းနိုင်ငံများသို့သွားရောက်နေသောထိုရွှေ့ပြောင်းအလုပ်သမားအများစုမှာUnskilledlabourများ ဖြစ်သည်ကတကြောင်း၎င်းတို့ဒေသဖွံ့ဖြိုးတိုးတက်လာ၍ပြန်လာပါကနိုင်ငံရပ်ခြားတွင်ရရှိခဲ့သော၎င်းတို့၏ အတွေ့အကြုံများကိုထိရောက်စွာအသုံးချနိုင်သောကြောင့်၎င်းဖြစ်စဉ်ကို ဦးနှောက်ယိုစီးမှု(BrainDrain)ဟု မခေါ်တွင်ဘဲအနာဂတ်၏ဦးနှောက်စီးဝင်မှု(FutureBrainGains)များဟုခေါ်ဆိုနိုင်ပါသည်” ဟု ပါရှိသည်။
သမ္မတဦးသိန်းစိန်တက်ရောက်သောနေပြည်တော်တွင်မေ၂ဝမှစတင်၍၃ရက်တာကျင်းပသည့် ဆင်းရဲမှုပပျောက်ရေးဖိုရမ်တွင်အာရှဖွံ့ဖြိုးတိုးတက်ရေးသုတေသနတွင်ဒါရိုက်တာဖြစ်သူဦးဆက်အောင်(ခေါ်)ဝင်စတန်ဆက်အောင်မှစာတမ်းကို ဖတ်ကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသားများအစုလိုက်အပြုံလိုက်ပြည်ပသို့ထွက်ခွာမှုနှင့်အလုပ်သွားရောက်လုပ်ကိုင်မှုသည် အများအားဖြင့်၁၉၈၈ခုနှစ်နောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့ပြီးလက်ရှိတွင်လူဦးရေ၆သန်းအထိရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။
ပြည်ပသို့ရွှေ့ပြောင်းလုပ်ကိုင်မှုများခြင်းနှင့်လူသားအရင်းအမြစ်လျော့ဆင်းလာခြင်းအပေါ်တွင်လည်း စိုးရိမ်မှုများ ရှိနေသည်။
အင်္ဂါနေ့ကရန်ကုန်တွင်ပြုလုပ်သောElevenMediaGroup၏၁၁နှစ်ပြည့်အခမ်းအနားတွင်စီအီးအိုဖြစ်သူ
ဒေါက်တာဦးသန်းထွဋ်အောင်က“တကယ်အလုပ်လုပ်နိုင်တဲ့သူတကယ် အလုပ်လုပ်နိုင်တဲ့WorkingForce တွေဘယ်ရောက်ကုန်လဲ၊အခုလယ်တွေထဲမှာလုပ်သားရှားပါးတဲ့ပြဿနာတွေတွေ့နေပြီ။ အလုပ်ကြမ်းသမား ရှားပါးတဲ့ပြဿနာတွေတွေ့နေပြီ။တောရွာတွေမှာတကယ်အလုပ်လုပ်နိုင်တဲ့အရွယ်ကောင်းတွေ မရှိတော့ဘူး”ဟု ထည့်သွင်း ပြောကြားသွားသည်။
“ဒီပြဿနာဟာသေးတယ်လို့ဆိုရပေမယ့်တကယ်နိုင်ငံကိုကြီးပွားဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်မယ်ဆိုရင် ဒီပြဿနာဟာအရမ်းကြီးပါတယ်။နိုင်ငံခြားကိုရောက်နေတဲ့သူတွေမပြန်လာဘဲနဲ့ကျနော်တို့နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတခုထူထောင်နိုင်ဖို့မလွယ်ပါဘူး”သူကဆက်ပြောသည်။
အလုပ်အကိုင်နှင့်မျှော်လင့်ချက်မဲ့မှုရှည်ကြာခြင်းကနိုင်ငံခြားထွက်လုပ်ကိုင်မှုများဖြစ်ပေါ်စေပြီး ယခုအချိန်ထိတော့ဦးနှောက်ယိုစီးမှုဖြစ်ပြီးငွေပြန်ပို့ခြင်းသာအကျိုးဖြစ်ထွန်းစေသည်ဟုမြန်မာ့စီးပွားရေး ကျွမ်းကျင်သူသြစတြေးလျတက္ကသိုလ်မှရှောင်တာနယ်လ်SeanTurnellကသုံးသပ်သည်။
“ကျန်ခဲ့တဲ့နှစ်အနည်းငယ်ကကောက်ယူမှုတွေအရတော့အလုပ်သမားတယောက်ကတနှစ်ကိုဒေါ်လာ၃၀၀ အိမ်ကိုပြန်ပို့ပါတယ်၊အခုဆိုရင်တော့ဒီပမာဏထက်ပိုနိုင်တယ်လို့ကျနော်တို့ခန့်မှန်းပါတယ်”ဟုမစ္စတာ ရှောင်တာနယ်က မဇ္ဈိမကို ပြောသည်။
ပြည်ပရောက်များက ပြန်ပို့လိုက်သောငွေများမှာရိုးစင်းသောစားဝတ်နေရေးအတွက်သာ အသုံးပြုနေရပြီး (အသေးစားလုပ်ငန်းလေးတွေအတွက်တောင်မှ)ငွေကြေးရင်းနှီးမြုပ်နှံနိုင်မှုအလွန်နည်းပါးနေသည်ဟုသူက ဆက်ပြောသည်။
“ရေရှည်အတွက်ဆိုရင်တော့ပြည်တွင်းစီးပွားရေးနဲ့နိုင်ငံရေးအခြေအနေကောင်းလာရင်မြန်မာအများစုဟာ
ပြည်ပမှာလက်တွေ့ရခဲ့တဲ့နည်းနာတွေကိုနိုင်ငံကိုပြန်လည်သယ်သွားနိုင်ပါလိမ့်မယ်”ဟုမစ္စတာ ရှောင်တာနယ်လ်က ပြောသည်။
သမ္မတအကြံပေးဦးဆက်အောင်ကလက်ရှိအခြေအနေတွင်စရိတ်နည်းသောတရားဝင် ရွှေ့ပြောင်းအလုပ်ကို အထောက်အကူ ဖြစ်စေမည့် မူဝါဒများ ချမှတ်သင့်သည်ဟုလည်း စာတမ်းတွင် တင်ပြထားသည်။
“နိုင်ငံတော်တော်များများတွင်ရွှေ့ပြောင်းအလုပ်ကြောင့်မိသားစုများအဆင်ပြေ၍ဆင်းရဲမှုကိုတစိတ်တဒေသ
လျော့ချပေးနိုင်သည်ကိုငြင်း၍မရနိုင်ပါ။အချို့နိုင်ငံများတွင်ရွှေ့ပြောင်းအလုပ်ကိုအမျိုးသားအဆင့်ဆင်းရဲမှု တိုက်ဖျက်ရေးဗျူဟာတွင်ထည့်သွင်းထားသည်ကိုတွေ့ရှိရပါမည်။ထို့ကြောင့်မြန်မာနိုင်ငံတွင်ရွှေ့ပြောင်း အလုပ်နှင့်ဆင်းရဲမှုလျော့ချရေးကိုတရားဝင်အသိအမှတ်မပြုလျှင်တောင်ရွှေ့ပြောင်းအလုပ်မှရရှိနိုင်မည့် ဆိုးကျိုးများကိုကာကွယ်ပေးနိုင်ရန်ကောင်းမွန်၍လက်တွေ့ကျသောပေါ်လစီ(Pragmaticpolicies)များဖြင့် ချမှတ်သင့်ပါသည်” ဟု ရေးသားထားသည်။
မြန်မာရွှေ့ပြောင်းလုပ်သားအများဆုံးနှင့်ဒုတိယအများဆုံးမှာထိုင်းနှင့်မလေးရှားတွင်ဖြစ်ပြီး၂သန်းနှင့်၅ သိန်းကျော်ရှိမည်ဟုခန့်မှန်းထားကြသည်။အိန္ဒိယနှင့်တရုတ်နိုင်ငံများသို့လည်းသွားရောက်လုပ်ကိုင်မှုများ ရှိသည်။
သို့သော်မြန်မာနိုင်ငံတွင်ယုံကြည်စိတ်ချရသောလူဦးရေသန်းခေါင်စာရင်းကောက်ယူမှုမှာအင်္ဂလိပ်ကိုလိုနီ လက်ထက်ကသာ ဖြစ်သည်ဟု လေ့လာသူများက ထောက်ပြထားသည်။
ဆင်းရဲမွဲတေမှုပပျောက်ရေးဖိုရမ်၏ပထမနေ့တွင်သမ္မတဦးသိန်းစိန်တက်ရောက်ကာပြောကြားခဲ့သော မိန့်ခွန်းတွင်မြန်မာနိုင်ငံ၏ကျေးလက်နေပြည်သူများမှာအလုပ်အကိုင်အခွင့်အလမ်းများ ရှိကြပြီး ယင်းတို့အတွက်အဓိကလိုအပ်သည်မှာငွေအရင်းအနှီးသာဖြစ်သည်ဟုပါရှိသည်။ဦးသိန်းစိန်က ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက်အရေးကြီးသည်မှာအသေးစား ချေးငွေလုပ်ငန်းဖြစ်ပြီးထိုလုပ်ငန်းများ လုပ်ဆောင်ရန် လိုကြောင်းလည်း ပြောကြားသွားသည်။
သို့သော်ဦးဆက်အောင်ကတော့ချေးငွေလုပ်ငန်းများမှချေးငွေပမာဏသည်အိမ်တွင်းအသေးစား အလုပ်ကိုပင်လုပ်ကိုင်နိုင်လောက်သည့်ပမာဏမရှိခြင်းကြောင့်အောင်မြင်မှုမရနိုင်ကြောင်း သူ၏စာတမ်းတွင်ရေးသားထားသည်။
သုံးရက်တာကျင်းပခဲ့သည့်ဆွေးနွေးပွဲများအတွင်းလယ်ယာ၊သားငါးထုတ်လုပ်မှုကဏ္ဍ၊ ကျေးလက် ထုတ်ကုန်၊ အသေးစား ချေးငွေလုပ်ငန်း၊ ကျေးလက် သမဝါယမ လုပ်ငန်း စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင်သမ္မတ၏စီးပွားရေးအကြံပေး အဖွဲ့ဝင်များဖြစ်သည့် ဦးမြင့်၊ ဦးဆက်အောင်၊ ဦးစိန်လှဗိုလ်တို့ အပါအဝင်အခြားပညာရှင်များမှဆင်းရဲနွမ်းပါးမှုလျော့ကျရေးစာတမ်းပေါင်း၂၆စောင်ကို ဖတ်ကြားခဲ့ကြသည်။

Geen opmerkingen: