မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 28 juni 2011

လိုင်ဇာကိုတိုက်ဖို့အစီအစဉ်မရှိဟုဦးမထုနော်အဖွဲ့ပြောပြီ

ဖနိဒါ အင်္ဂါနေ့၊ ဇွန်လ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၇ မိနစ် .
ချင်းမိုင်(မဇ္စျိမ)။ ။ကချင်လွတ်မြောက်ရေးအဖွဲ့KIOဗဟိုဌာနချုပ်လိုင်ဇာမြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် အစီအစဉ်မရှိကြောင်းအစိုးရလိုလားသောပြည်သူ့စစ်တပ်ဖွဲ့တခုဖြစ်သည့်ကောင်းခါးပြည်သူ့စစ်အဖွဲ့ပြန်ကြားရေးအဖွဲ့ဝင် ကိုဒေါင်လွမ်းကယတိပြတ်ငြင်းဆိုလိုက်သည်။
“အစိုးရဘက်ကဘာတွေလုပ်နေလဲတော့မသိဘူး။ကျနော်တို့KDAပြည်သူ့စစ်အနေနဲ့ဒီစစ်ပွဲနဲ့ပတ်သက်လို့ ပစ်တာတွေနည်းနည်းမှမလုပ်ဘူး၊ဘာမှမပတ်သက်ဘူး၊စစ်ရေးပြင်ဆင်တာတွေလည်းမရှိဘူး။ကျနော်တို့က
ကောင်းခါးဒေသကာကွယ်ဖို့ပဲ။တခြားအဖွဲ့တွေနဲ့တွေ့တာလည်းမရှိဘူး”ဟုအဖွဲ့၏ပြန်ကြားရေးအဖွဲ့ဝင် ကိုဒေါင်လွမ်းက မဇ္ဈိမကို ပြောသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့KIOဗဟိုဌာနချုပ်လိုင်ဇာမြို့ကိုအစိုးရကတိုက်ခိုက်သိမ်းပိုက်ရန်အစီအစဉ် မရှိကြောင်းကောင်းခါးပြည်သူ့စစ်အဖွဲ့ပြန်ကြားရေးအဖွဲ့ဝင်ကိုဒေါင်လွမ်းပြော(ဓါတ်ပုံမဇ္ဈိမ)
KIOအခိုင်အမာတပ်စွဲထားသောတရုတ်နိုင်ငံနှင့်နယ်နမိတ်ချင်းထိစပ်နေသည့်လိုင်ဇာကိုတိုက်ခိုက်ရန် ပြင်ဆင်မှုတွင်KDAဟုလူသိများသောကောင်းခါးပြည်သူ့စစ်များပါဝင်သည်ဆိုသောသတင်းများ ထွက်ပေါ်လာခြင်းအပေါ် ပြန်လည်တုံ့ပြန်ခြင်းလည်း ဖြစ်သည်။
“ကျနော်တို့ဘက်ကပါဝင်တာတွေမရှိဘူး။အစိုးရဘက်ကလုပ်နေသလားဆိုတာတော့မသိနိုင်ဘူး။ကျနော်တို့ ကချင်အချင်းချင်းသွေးခွဲသလိုမျိုးဖြစ်လာတော့စိတ်မကောင်းဖြစ်နေတယ်။နဂိုကတည်းကနေတောင် ကွဲနေမှအခုလို ဖြစ်တော့ပိုပြီးသွေးခွဲသလိုဖြစ်လာတယ်” ဟုကိုဒေါင်လွမ်းကဆိုသည်။
အင်အား၁ဝဝဝနီးပါးရှိကောင်းခါးပြည်သူ့စစ်ဟုအမည်ပေးထားသောဦးမထုနော်ဦးဆောင်သည့်ယခင် ကချင်ကာကွယ်ရေးတပ်KDAအဖွဲ့မှာရှမ်းပြည်မြောက်ပိုင်းကွတ်ခိုင်မြို့နယ်အတွင်းအခြေစိုက်သည်။ ယမန်နှစ်ကပြည်သူ့စစ်အသွင်ပြောင်းလဲခဲ့ပြီးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ကွတ်ခိုင်ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးကျော်သူက တိုက်ရိုက်ကွပ်ကဲထားသည်။
ဦးမထုနော်နှင့်အဖွဲ့သည်၁၉၉ဝပြည့်နှစ်တွင်းKIOမှခွဲထွက်သွားပြီး၁၉၉၁နှစ်ဆန်းပိုင်းတွင်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့သည်။
KIOကိုတိုက်နိုင်ရေးအတွက်တရုတ်နယ်ကိုဖြတ်သန်းခွင့်အတွက်တရုတ်အစိုးရက ခွင့်ပြုပြီးဖြစ်သည်ဆိုသော သတင်းများနှင့်ပတ်သက်၍ “ဒီလိုအင်အားကြီးတရုတ်နိုင်ငံကဒီလိုလက်နက်ကိုင်တပ်ဖွဲ့သေးသေးလေးကို တိုက်ခိုက်သိမ်းပိုက်ဖို့ခွင့်ပြုလိုက်တယ်ဆိုရင်တော့သူတို့နိုင်ငံလည်းသိက္ခာရှိမှာမဟုတ်ဘူး။ခွင့်ပြုမယ်လို့ မထင်ဘူး” ဟုKIOဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူးဦးလနန်ကမဇ္စျိမကိုပြောသည်။
ယူနန်ပြည်နယ်ရင်ချန်း၊ရွှေလီ၊မန်ရှီစသည့်ဒေသများတွင်အဓိကတရုတ်ပြည်မှကချင်လူမျိုးများသာ အများအားဖြင့် နေထိုင်နေသည်ဆိုသည့် အချက်ကိုလည်း စဉ်းစားသင့်သည်ဟု သူက ဆိုသည်။
သို့သော်လည်းKIOအနေဖြင့်စစ်ရေးပြင်ဆင်မှုများအမြဲအသင့်ရှိနေပြီး၊ဇွန်လ၉ရက်နေ့မှယနေ့ထိ၃ ပတ်ကျော်ကြာ တိုက်ပွဲငယ်များ ဖြစ်ပွားနေသည်။
တနင်္လာနေ့ညနေတွင်လည်းကားမိုင်းမြို့နယ်လွယ်ဆိုင်းကျေးရွာနှင့်မအူပင်ကြားမှ ဂျန်မိုင်တောင်ကုန်းပေါ်၌
အစိုးရတပ်ရင်း၂၉၇နှင့်KIOတပ်ရင်း၆တပ်ဖွဲ့အကြား တိုက်ပွဲများ ဆက်လက်ရှိနေသေးသည်ဟုဆိုသည်။





Geen opmerkingen: