မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 29 juni 2011

ဂျပန်ကမြန်မာ့ဒီမိုကရေစီရေးဆက်ကူညီမည်

လင်းသန့် Wednesday, 29 June 2011 18:50
.မြန်မာ့ဒီမိုကရေစီတိုးတက်ဖြစ်ထွန်းရေးအတွက်ဂျပန်နိုင်ငံကဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံပါလီမန်ဆိုင်ရာဒုနိုင်ငံခြားရေးဝန်ကြီးမစ္စမခိကိုခိခုတနှင့်ကိုယ်စားလှယ်အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)သို့ယနေ့လာရောက်တွေ့ဆုံစဉ် ပြောဆိုသည်။
ပါကစ္စတန်နိုင်ငံအစ္စလာမ်မာဘက်မြို့၌၂၀၁၀နိုဝင်ဘာအတွင်းကကျင်းပသောဖွံ့ဖြိုးရေးဖိုရမ်တွင် ပြောဆိုရှင်လင်းနေသည့်မစ္စမခိကိုခိခုတ(ဓာတ်ပုံ-uk.emb-japan.go.jp)
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င်NLDခေါင်းဆောင်များနှင့်မစ္စမခိကိုခိခုတတို့သည်ရန်ကုန်မြို့ရှိNLD ရုံးချုပ်၌နေ့လယ်၁နာရီခန့်က၄၅မိနစ်ကျော်ကြာ တွေ့ဆုံခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့သီးခြားတွေ့တယ်။ကျနော်တို့NLDထိပ်ပိုင်းခေါင်းဆောင်တွေနဲ့လည်း တွေ့တယ်”ဟု NLD လူငယ် ခေါင်းဆောင်တဦးဖြစ်သူ ကိုရာဇာ က ဧရာဝတီကို ပြောသည်။
ဂျပန် ဒု နိုင်ငံခြားဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်နှင့် NLDသို့ လာရောက်တွေ့ဆုံချိန်သည် ယနေ့ထုတ် အစိုးရသတင်းစာတွင်ပါရှိသည့်NLDလုပ်ဆောင်နေသောလုပ်ငန်းများကိုရပ်တန့်ရန် သတိပေးထားချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာတွင်ဆောင်းပါးရှင်ပြည့်စုံအောင်၏“ရွေးချယ်ခွင့်က လက်ထဲမှာ”ဆောင်းပါးတွင်ဒေါ်အောင်ဆန်းစုကြည် နယ်ခရီးထွက်မည်ဆိုသည့်အပေါ်“မည်သို့ပင်ဆိုစေ ဒေါ်အောင်ဆန်းစုကြည်နယ်ထွက်လာလျှင်မြောက်မြားလှစွာသောယခင့်ယခင်သာဓကများနည်းတူ ရုတ်ရုတ်သဲသဲလှုပ်လှုပ်ရှားရှားတွေဖြစ်လာမှာကိုကျနော်တို့စိုးရိမ်မိသည်။စိုးရိမ်လောက်စရာ အကြောင်းတွေလည်း အခိုင်အမာပင်ရှိနေသည်”ဟု ဖော်ပြထားချိန်လည်းဖြစ်သည်။
“ဂျပန် ဒု ၀န်ကြီးနဲ့ အဖွဲ့ လာသွားပြီး ဘာတွေ ဆွေးနွေးတယ်ဆိုတာ သတင်းထောက်တွေကိုလည်း ဂျပန်ဝန်ကြီးက ဘာမှ မပြောသွားဘူး၊ ဒီနေ့က အောက်မြန်မာနိုင်ငံ လူငယ်တွေနဲ့ ဆွေးနွေးပွဲလည်း လုပ်နေတယ်။ နောက်လူငယ်ဆွေးနွေးပွဲမှာလည်းလူငယ်တယောက်ကပါတီဆက်လက်ရပ်တည်ရေး မေးတယ်။ ဒီနေ့ သတင်းစာထဲမှာ ပြည်ထဲရေး ၀န်ကြီးက စာပို့ထားတာကို အန်တီက စာပို့သူဆီကို ပြန်စာ အကြောင်းကြားဖို့ တာဝန်ရှိတယ်။ ဒီ မတိုင်ခင်မှာတော့ အသေးစိပ် မပြောလို သေးဘူးလို့ အန်တီက ပြန်ဖြေလိုက်တယ်”ဟု ကိုရာဇာ က ဆက်လက် ပြောပြသည်။
ယနေ့ညနေ၅နာရီတွင်ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးသည်၂၀၁၀ပြည့်နှစ်ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီတချို့မှ ကိုယ်စား လှယ်များနှင့် ရန်ကုန်ရှိ ဂျပန်သံရုံးတွင် တွေ့ဆုံကြမည်ဖြစ်သည်။
“ဆွေးနွေးဖြစ်မှာတွေ ကတော့ ဂျပန်နိုင်ငံအနေနဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အကောင်းဘက် ဖြစ်ပေါ်တိုးတက်မှုတွေဖြစ်ဖို့ဂျပန်ကအကူအညီပေးမှုဆိုင်တာတွေလည်းဆွေးနွေးဖြစ်ကြမယ်”ဟု အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)ပါတီ ခေါင်းဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဧရာဝတီကိုပြောသည်။
ဂျပန်ပါလီမန်သို့သွားရောက်လေ့လာရန် အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ် ၁၀ ဦး၊NDFပါတီ၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ(တစည)အပါအ၀င် တိုင်းရင်းသား ၅ ပါတီတို့မှအသက်၃၅ နှစ်အောက်နိုင်ငံရေးပါတီကိုယ်စားလှယ်၂ ဦးစီနှင့် စုစုပေါင်း ဂျပန်ပါလီမန်လေ့လာရေး ကိုယ်စားလှယ်အဖွဲ့ဝင်၂၀ တို့ကိစ္စလည်း ဆွေးနွေးသွားကြမည်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီးမစ္စမခိကိုခိခုတသည်နေပြည်တော်တွင်ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးနန္ဒကျော်စွာ နှင့် လည်း ယမန်နေ့က တွေ့ဆုံခဲ့သေးသည်။
ထို့အပြင်နေပြည်တော်နယ်စပ်ရေးရာဝန်ကြီးဌာနတွင်ကျင်းပသောကုလသမဂ္ဂကမ္ဘာ့ စားနပ်ရိက္ခာ အစီအစဉ် သို့ ထောက်ပံ့ကူညီသည့်စားနပ်ရိက္ခာများလွှဲပြောင်းပွဲသို့လည်းမစ္စ မခိကို ခိခုတ တက်ရောက်ပြီး နယ်စပ်နှင့် မြန်မာ့ စက်မှု ဖွံ့ဖြိုး ရေး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးနှင့်လည်း တွေ့ဆုံခဲ့သည်။

Geen opmerkingen: