မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 10 juni 2011

KIAကမြန်မာတပ်အရာရှိ၂ဦးပြန်လွှတ်ပေး

သဲသဲ သောကြာနေ့၊ ဇွန်လ ၁၀ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၂၆ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။နှစ်ဖက်ဖမ်းဆီးထားသူများလဲလှယ်ရေးသဘောတူကာကချင်လွတ်မြောက်ရေးတပ် KIAကမြန်မာတပ်အရာရှိ၂ဦးနှင့်တပ်သားတဦးကိုကြာသပတေးနေ့ညနေပိုင်းတွင်လွှတ်ပေးလိုက်ကြောင်း စောင့်ကြည့်အကဲခတ်နေသောတရုတ်-မြန်မာနယ်စပ်နေစစ်ရေးလေ့လာသူဦးအောင်ကျော်ဇောက ပြောသည်။
မေလ၉ရက်တွင်ဖြစ်ပွားခဲ့သည့်နှစ်ဖက်ပစ်ခတ်မှုအပြီးညနေပိုင်းတွင်ယခင်ဖမ်းဆီးထားသည့် မြန်မာစစ်တပ်မှခလရခြေလျင်တပ်ရင်း၄၃၇မှဗိုလ်ကြီးကိုကိုဝင်း၊ဗိုလ်မြတ်ကိုကိုနှင့်တပ်သားတဦးကို KIA က ပြန်လွှတ်ပေးခြင်းဖြစ်သည်။
သို့သော်မြန်မာစစ်တပ်ဘက်ကဖမ်းဆီးထားသည့်KIAဝန်ထမ်းအချို့အနက်မည်ရွေ့မည်မျှလွတ်လာပြီကို မသိသေးကြောင်း ဦးအောင်ကျော်ဇောက ပြောသည်။
“ဖမ်းထားတဲ့မြန်မာတပ်၄၃၇ကအရာရှိ၂ယောက်နဲ့တပ်သား၁ယောက်ကိုလွှတ်ဖို့၊KIAဘက်မှာလည်း မြို့ပေါ်မှာအရင်တုန်းက ဖမ်းထားတဲ့KIAကလူတွေနဲ့လဲဖို့ သဘောတူပြီး ညနေ ၅ နာရီလောက်မှာ KIA က သူတို့ဖမ်းထားတဲ့ မြန်မာစစ်တပ်က လူတွေကို လွှတ်ပေးလိုက်တယ်” ဟု သူက ဆိုသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့KIO၏ပြောခွင့်ရဂျိမ်းစ်လွန်ဒေါင်းကမူ၉ရက်နေ့တိုက်ပွဲတွင်ဖမ်းဆီးခဲ့သူများ ပြန်လွှတ်ရေးကို ၎င်းတို့ အဖွဲ့ခေါင်းဆောင်များအကြား ဆွေးနွေးခဲ့သည်ဟုပြောသည်။

“ခေါင်းဆောင်တွေညှိနှိုင်းကြပါတယ်။ဒီကိစ္စကပြေလည်သွားမှာပါ။ဘာလို့လဲဆိုတော့အပစ်အခတ် ရပ်စဲထားတဲ့အချိန်ကကတိထားတဲ့အတိုင်းပဲ၊ကျနော်တို့ကလုပ်လာကြတာပါ” ဟု သူက ဆိုသည်။
သို့သော်လည်း အသေးစိတ်ကိုပြောကြားရန် သူက ငြင်းဆန်သည်။
မေလ ၈ ရက်နေ့ ညနေတွင်KIAနယ်မြေအတွင်းအစိုးရတပ်သားများဝင်လာသဖြင့် KIAက ဖမ်းဆီးလိုက်ပြီး၊
နောက်ရက်တွင် တာပိန် ရေအားလျှပ်စစ် စီမံကိန်းအနီးတွင် KIAတပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ နှင့်၎င်းနယ်မြေကပ်လျက်တပ်စွဲထားသည့်ခလရ၄၃၇တို့မနက်၇နာရီခန့်မှနေ့လယ်ပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ပြီး
နှစ်ဖက်အကျအဆုံး ရှိခဲ့သည်။
အစိုးရတပ်မှ အင်အား ၂ဝဝ ခန့်ရှိကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်းနှင့် ဗိုလ်မှူးတဦး အပါအဝင် ၃ ဦး ကျဆုံးကာ ၆ ဦး ဒဏ်ရာရခဲ့သည်ဟု ဦးအောင်ကျော်ဇော အဆိုအရ သိရသည်။
ဂျိန်းစ်လွန်ဒေါင်းက“အထက်အမိန့်မရလို့ပြန်မလွှတ်ပေးသေးတဲ့အချိန်ပေါ့ဗျာ။မနက်ပိုင်းကလူအင်အား အများကြီးနဲ့ လာတိုက်တယ်။ နှစ်ဖက် အကျအဆုံးရှိတယ်။ အတိအကျ ကျနော်မပြောချင်ဘူး” ဟု ဆိုသည်။
မဇ္ဈိမမှ စုဆောင်းရရှိသည့် သတင်းများအရမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ကKIOဘက်မှ ဖားကန့်ခရိုင် တပ်ရင်း ၆ နယ်မြေမှ ဝန်ထမ်း၂ ဦးဖြစ်သည့် ဦးဘရန်မိုင်နှင့် ကိုလဆိုင်း၊ တရုတ်နယ်စပ် ဆန်ပိုင်အခြေစိုက် တပ်ရင်း ၃ မှ ဝန်ထမ်း ဦးဇော်နန်နှင့် တပ်ရင်း ၁၁ မှ ဝန်ထမ်း ဦးယော်ဘောမ်တို့ကို ၂ဝ၁၁ မတ်လအတွင်း ဖမ်းဆီးခဲ့သည်။
အစိုးရတပ်များကKIAထိန်းချုပ်ရာ တပ်ရင်း ၅ ဒေသတွင်း ဝင်ရောက်လှုပ်ရှားနေမှုကြောင့် မြောက်ပိုင်းတိုင်း စစ်ဌာချုပ်ကို မေလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ တပ်များရုပ်သိမ်းပေးရန် သတိပေးခဲ့သေးသည်။
“ရှေ့လျှောက်ပြီးဒီလိုပဲဆက်လုပ်လာမယ်ဆိုရင်တော့၊လူကြီးတွေကရှေ့တန်းကလူတွေကို မင်းတို့ ကြိုက်ရာလုပ်ဆိုတဲ့ပုံစံမျိုးပေါ်လာတယ်ဆိုရင်တော့ မကောင်းတော့ဘူးဗျာ”ဟုဂျိမ်းစ်လွန်ဒေါင်းက ဆိုသည်။
ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် လက်နက်ကိုင် တော်လှန်ခဲ့သောKIOသည် ၁၉၉၄ ခုနှစ်တွင် အပစ်ရပ်ခဲ့သည်။ သို့သော် နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် KIOက လက်မခံသဖြင့် စစ်အစိုးရက ပြီးခဲ့သည့်နှစ် စက်တင်ဘာ ကတည်းက KIO ၏ ခရီးသွားလာခွင့်ကို ထိန်းချုပ်ခဲ့သည်။
ထို့အပြင်၂ဝ၁ဝအောက်တိုဘာတွင်KIAကိုသောင်းကျန်းသူဟုအစိုးရသတင်းစာ၌ ပြန်လည် သုံးနှုန်းခဲ့သည်။
နိုဝင်ဘာလထဲတွင်KIO၏ဆက်ဆံရေးရုံးများပိတ်သိမ်းရန်ညွှန်ကြားလာခဲ့ပြီးနောက်နှစ်ဖက်ကြား ဆက်ဆံရေး တင်းမာနေခဲ့သည်။





Geen opmerkingen: