မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 juni 2011

ဒန်ကလေအမှုဇွန်၃ဝစီရင်ချက်ချမည်

သဲသဲ အင်္ဂါနေ့၊ ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၇ မိနစ် .
နယူးဒေလီ(မဇ္ဈိမ)။ ။သြစတြေးလျနိုင်ငံသားရောစ့်ဒန်ကလေ၏အမှုကိုဇွန်လ၃ဝရက်နေ့တွင်စီရင်ချက်ချရန် တရားရုံးက ချိန်းဆိုလိုက်ကြောင်း သူ၏ အမှုလိုက်ရှေ့နေက ပြောသည်။
ကမာရွတ်မြို့နယ်တရားရုံး၏အင်္ဂါနေ့တရားခွင်တွင်နှစ်ဘက်ရှေ့နေများကအပြန်အလှန်ချေပမှုနောက်ဆုံး အကြိမ်ပြုလုပ်ခဲ့ပြီးနောက်လေးလခန့်ကြာမြင့်ခဲ့ပြီဖြစ်သောအမှု၏စီရင်ချက်ချမည့်ရက်ကို သတ်မှတ်လိုက်ခြင်းဖြစ်သည်။
              တရားရုံးကဇွတ်လ၃၀ရက်နေ့တွင်ရော့စ်ဒန်ကလေအမှုကိုစီရင်ချက်ချရင်ချိန်းဆို(ဓါတ်ပုံ မဇ္ဈိမ)
“ကျနော်တို့ကအပြီးသတ်လျှောက်လဲချက်(FinalAgrument)ပေးပြီးပြီဆိုတော့ကျနော်တို့ဘက်က ဘာမှဆက်လုပ်ဖို့မရှိတော့ဘူးတရားရုံးအမိန့်ချဖို့ပဲရှိတော့ပါတယ်”ဟုမစ္စတာဒန်ကလေ၏ရှေ့နေ ဦးအောင်သန်းစိုးက ပြောသည်။
တရားရုံး၌တရားသူကြီးဦးအောင်မင်းကနေ့လည်၁၂နာရီခန့်မှစတင်ကာတနာရီနီးပါး ကြာနားမှုပြုလုပ်ခဲ့သည်။အမှုကိုပြန်လည်ရုပ်သိမ်းလိုကြောင်းနှစ်ကြိမ်တိုင်တိုင်ရုံးတော်သို့ လျှောက်ထားခဲ့ဖူးသူ မခိုင်ဇာလင်းမှာ တရားခွင်သို့ လာရောက်ခြင်း မရှိပေ။
မစ္စတာဒန်ကလေကိုလူဝင်မှုကြီးကြပ်ရေးအရေးပေါ်ပြဋ္ဌာန်းချက်ပုဒ်မ၁၃(၁)၊မခိုင်ဇာလင်းကို နာကျင်အောင် ပြုလုပ်မှုပုဒ်မ၃၂၃၊နာကျင်စေရန်ကြံရွယ်ချက်ဖြင့်မူးယစ်ဆေးဝါးတိုက်ကျွေးခြင်းပုဒ်မ၃၂၈၊ ကိုယ်ထိလက်ရောက်ပြုခြင်းပုဒ်မ၃၅၂ နှင့်သွားလာပိုင်ခွင့်ရှိသည့်နေရာသို့မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ဖြင့် တရားစွဲထားသည်။
မခိုင်ဇာလင်းကိုနေအိမ်သို့ခေါ်သွားကြောင်းဝန်ခံသည်မှအပပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း မြန်မာတိုင်းမ်ဂျာနယ် ထုတ်ဝေသော ကုမ္ပဏီ၏ စီအီးအိုဟောင်းက ထွက်ဆိုထားသည်။
မစ္စတာဒန်ကလေကိုဖေဖော်ဝါရီလ၁ဝရက်နေ့တွင်ရဲကဖမ်းဆီးပြီး၊နောက်တရက်တွင်အင်းစိန်ထောင်သို့ ပို့ဆောင်ချုပ်နှောင်ခဲ့သည်။ထို့နောက်MyanmarConsolidatedMediaGroupLtd(MCM)၏ စီအီးအို ရာထူးကို အစုရှယ်ယာဝင် တဦးဖြစ်သော ဒေါက်တာတင်ထွန်းဦးသို့ လွှဲပြောင်းခဲ့သည်။
MCMသည်Crimeအပတ်စဉ်မှုခင်းသတင်းဂျာနယ်၊Nowအပတ်စဉ်ဖက်ရှင်မဂ္ဂဇင်းများကိုလည်း ထုတ်ဝေသည်။



Geen opmerkingen: