မိုးစက် Friday, April 02, 2010
.ရထား ပို့ဆောင်ရေး ၀န်ကြီးဌာန လက်အောက်ရှိ မြန်မာ့ မီးရထားဌာနမှ ရန်ကုန်-မန္တလေး မီးရထား လမ်းပိုင်းနှင့် မန္တလေး-မြစ်ကြီးနား လမ်းပိုင်း များအား ပုဂ္ဂလိကသို့ လွှဲပြောင်း ပြေးဆွဲခွင့်ပြုရန် ဆွေးနွေးနေကြောင်း နေပြည်တော် ရှိ မီးရထား ဌာနမှ သိရှိရသည်။
“အဓိကက ထူးကုမ္ပဏီ နဲ့ မက်စ် မြန်မာကုမ္ပဏီတို့က ရန်ကုန်-မန္တလေးရထားလမ်းကို လိုချင်တယ်၊ သူတို့က အဆင့်မြင့်ရထားတွေဝယ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်မယ်လို့ တင်ပြကြတယ်၊ ၀န်ကြီးကလည်း ၀န်ထုပ်ဝန်ပိုးဖြစ်နေတဲ့ ရန်ကုန်မြို့ပတ်ရထားလိုင်းကိုပါ တွဲပြီးယူစေချင်တယ်”ဟု မြန်မာ့မီးရထား ဌာန အကြီး တန်း အရာရှိ တဦးက ပြောသည်။
လွှဲပြောင်းရန်ဆွေးနွေးရာတွင် နှစ် အကန့်အသတ်ဖြင့်ငှားရမ်းရန် ဆွေးနွေးခြင်းဖြစ်ပြီး ရထား လမ်းပိုင်းများမှာ ရန်ကုန်မြို့ပတ်၊ ရန်ကုန်-မန္တလေး ၊ ရန်ကုန်-မြစ်ကြီးနား၊ မန္တလေး - လာရှိုး-မူဆယ် (တရုတ်နယ်စပ်) ဖောက်လုပ် ဆဲ ရထားလမ်းပိုင်း ၊ သာစည်-ရွှေညောင် ရထားလမ်းတို့ ဖြစ်ကြောင်း သိရသည်။
နေပြည်တော်မှ အရာရှိတဦးက“ကုမ္ပဏီတွေ လိုချင်တဲ့ မီးရထားလမ်းပိုင်းတွေကို ၀န်ကြီးကမပေးချင်ဘူး၊ အဓိက ငွေဝင်တဲ့ ရန်ကုန်-မန္တလေး လမ်းပိုင်းတွေက အမြတ်တွေလည်းရနေတယ်၊ ဒါပေမယ့် အသစ်ဖွင့်ထားတဲ့ လမ်းပိုင်း တွေက အရှုံးခံပြေးနေ တော့ မီးရထားအနေနဲ့ ရှုံးနေတယ်၊ ရန်ကုန်-မန္တလေး လမ်းပိုင်းလည်း အဆင့်မြင့် လမ်း ပိုင်း လုပ်ထားပြီးတော့ အနည်းဆုံး တနာရီကို ကီလိုမီတာ ၆၀ လောက် တော့ပြေးဆွဲနိုင်တယ်၊ ဒါပေမယ့် ထူးလို ကုမ္ပဏီက လိုချင်တယ် ဆိုတော့ ၀န်ကြီးလည်း အရှုံးပေးရမလိုဖြစ်နေတယ်”ဟု ဆိုသည်။
ယင်း ရထားလမ်းပိုင်းများ ပုဂ္ဂလိက သို့ လွှဲပြောင်းပြီးပါက ဘူတာရုံ လုပ်ငန်းများကိုလည်း လွှဲပြောင်းရရှိသည့် ကုမ္ပဏီကပင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း၊ ရထားစီးခ နှုန်းထားများသည်လည်း ယခင်ထက် ပိုမိုလာဖွယ်ရှိ ကြောင်း သိရသည်။
မြန်မာ့မီးရထားတွင် လက်ရှိအသုံးပြုနေသော မီးရထားစက်ခေါင်းများနှင့် တွဲဆိုင်းများအပါအ၀င် အင်းစိန် ရထား စက်ခေါင်း စက်ရုံကိုပါ လွှဲပြောင်းလုပ်ကိုင်ခွင့်ပေးရန် ဆွေးနွေးနေသည်ဟုလည်း အထက်ပါ မြန်မာ့မီးရထား ဌာန အကြီးတန်း အရာရှိက ဆိုသည်။
အင်းစိန် ရထားစက်ခေါင်း စက်ရုံတည်ဆောက်ရန် မြေနေရာရွေးချယ် သတ်မှတ်ထားကြောင်း၊ ပြီးခဲ့သော လပိုင်း များက အဆိုပါ စက်ခေါင်းစက်ရုံသစ်အတွက် စက်ပစ္စည်းများ တပ်ဆင်ရန် တရုတ်ကုမ္ပဏီတခုမှ တင်ဒါ အောင် ထားကြောင်း အင်းစိန်စက်ခေါင်းစက်ရုံ တာဝန်ရှိသူတဦးက ပြောသည်။
၂၀၀၉ ခုနှစ်အတွင်း အင်းစိန်စက်ခေါင်းစက်ရုံမှ ရထားခေါင်း အဟောင်း ၂၀ အား မြင်းကောင် ရေအား ၁၂၀၀ ရှိ သော တရုတ်စက်ခေါင်းများဖြင့်အစားထိုး မွမ်းမံ၍ လမ်းပိုင်းအသီးသီးတွင် ပြေးဆွဲနေကြောင်း၊ အင်ဂျင်တလုံး လျှင် ကုမ္ပဏီဈေး ဒေါ်လာ ၁၂၀၀၀၀ ကျကြောင်း စက်ခေါင်းစက်ရုံက ပြောသည်။
မြန်မာ့မီးရထားအနေနှင့် ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်အတွင်း ဘားချက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ ရ ရှိ ခဲ့ ကြောင်း၊ ၂၀၀၉ -၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် အမေရိကန် ဒေါ်လာ သန်း ၈၀၀ တိုးတက်သုံးစွဲခွင့်ရခဲ့ကြောင်း သိရှိ ရ သည်။
လက်ရှိ မီးရထားဝန်ကြီး ဗိုလ်ချုပ်အောင်မင်းမှာ ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ ယုံကြည်အားကိုးမှုကို ခံရသူဖြစ်ပြီး မကြာမီ ဖြစ်ပေါ်လာမည့် အစိုးရအဖွဲ့တွင်လည်း မီးရထားဝန်ကြီးအဖြစ် ဆက်လက် တာဝန်ထမ်းဆောင် ဦးမည် ဖြစ် ကြောင်း၊ အရပ်ဘက်ပြောင်းပြီး ပါတီထောင်မည့် သူများတွင် မပါဝင်ကြောင်း နေပြည်တော် သတင်းများ က ဆိုသည်။
vrijdag 2 april 2010
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten