မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 2 april 2010

ဗိုလ်အောင်ကျော် ဆိပ်ကမ်း ဦးပိုင်သို့လွှဲ

နရီလင်းလက် Friday, April 02, 2010
.ဗိုလ်အောင်ကျော် ဆိပ်ကမ်းနှင့် ဆိပ်ကမ်း ၀န်ဆောင်မှုများကို ပြီးခဲ့သည့် တပတ်က မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်မှ တရားဝင် လွှဲပြောင်းရယူ လိုက်ပြီး ဆိပ်ကမ်း ရှင်းလင်းရေး လုပ်ငန်းများ စတင် ဆောင်ရွက်နေကြောင်း သိရသည်။
ပန်းဆိုးတန်းနှင့် ဗိုလ်တထောင် ဆိပ်ကမ်းအကြား ကုန်တင်ကုန်ချ ဆိပ်ကမ်းတခု မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
ဗိုလ်အောင်ကျော် ဆိပ်ကမ်း အပါအဝင် ဆိပ်ကမ်းများနှင့် ယင်းတို့၏ ဆိပ်ကမ်း ၀န်ဆောင်မှု လုပ်ငန်းများကို ပုဂ္ဂလိက လုပ်ငန်း ရှင်များသို့ လွှဲပြောင်း ပေးမည်ဟု မတ်လ အတွင်းက နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြ ပြီးနောက် ပထမဆုံး အဖြစ် ဗိုလ်အောင်ကျော် ဆိပ်ကမ်းကို စတင် လွှဲပြောင်း ပေးလိုက်ခြင်း ဖြစ်သည်။
ဦးပိုင် လီမိတက်တွင် ဆိပ်ကမ်း လုပ်ငန်း ကျွမ်းကျွင်သူ ၀န်ထမ်းများ မရှိသေး သောကြောင့် လက်ရှိ ၀န်ထမ်းများကို ဆက်လက် ခန့်ထားမည် ဖြစ်ပြီး လစာတိုးပေး ရန်လည်း စီစဉ်နေသည်ဟု ကြားရကြောင်း ဗိုလ်အောင်ကျော်ဆိပ်ကမ်းမှ ၀န်ထမ်းတဦးက ဧရာဝတီသို့ ပြောသည်။
ပို့ကုန်လုပ်ငန်းရှင်တဦးက“အားလုံးလွှဲယူတာမဟုတ်သေးပါဘူး၊လောလောဆယ်တော့ တွဲလုပ်နေတဲ့သဘောပါ၊ ဦးပိုင်က ၀န်ထမ်းတွေ ကျွမ်းကျင်သွားရင်တော့ အပြည့်အ၀ လွှဲပါလိမ့်မယ်''ဟု ပြောသည်။
မြန်မာ့ စီးပွားရေး ဦးပိုင် လီမိတက်က လွှဲပြောင်း ရယူလိုက်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းတွင် တံတားအမှတ် ၁၊ ၂ နှင့် ၃ တို့ ပါဝင်ပြီး စုစုပေါင်း ၄၅၇ မီတာ ရှည်သည်။
ဦးပိုင်က လွှဲပြောင်း ယူလိုက်ပြီးနောက် စည်းကမ်းချက်များ ပြောင်းခြင်း၊ ဝန်ဆောင်ခ တိုးကောက်ခြင်း စသည့် အပြောင်းအလဲများ ထပ်ဖြစ်လာမည်ကို စိုးရိမ်နေရသည်ဟု လုပ်ငန်းရှင်တဦးက ဆိုသည်။
“ကျနော်တို့ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကတော့ဘယ်သူနဲ့လုပ်ရလုပ်ရပြဿနာမရှိပါဘူး၊ ဆိပ်ကမ်းလုပ်ငန်းတွေသွက်လက်မြန်ဆန်မယ်၊မျှတတဲ့ဝန်ဆောင်မှုဖြစ်ရင်ပြီးတာပါပဲ”ဟု ယင်းလုပ်ငန်းရှင်က ပြောသည်။
ဦးပိုင်က လွှဲပြောင်းယူလိုက်သော်လည်း ဆိပ်ကမ်းလုပ်ငန်းများ စွမ်းအားပြည့် ဆောင်ရွက်နိုင် ရေး ကော်မတီ၏ ကြီးကြပ် ကိုင်တွယ်မှုအတိုင်း သွင်းကုန် ထုတ်ကုန်ပစ္စည်းများကို စည်းကမ်းချက်များနှင့်အညီ စစ်ဆေးမှုများ ပုံမှန်ပြုလုပ်နေကြောင်း ဆိပ်ကမ်းအသိုင်းအ၀ိုင်းက ပြောသည်။
မြန်မာ့သွင်းကုန် ထုတ်ကုန် လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကို ဝန်ဆောင်မှု ပေးနေသည့် အလုံဆိပ်ကမ်းနှင့် သီလ၀ါ ဆိပ်ကမ်းကို လော်စစ်ဟန်၏သား ဦးထွန်းမြင့်နိုင် ပိုင်သည့် အေးရှားဝေါ ကုမ္ပဏီနှင့် ဟောင်ကောင် အခြေစိုက် Myanmar International Terminal Thilawa ကုမ္ပဏီတို့က အသီးသီး လုပ်ကိုင် နေကြသည်။
မြန်မာ့ စီးပွားရေးဦးပိုင် လီမိတက်သည် သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ သင်္ဘောလိုင်း လုပ်ငန်း၊ ဆိပ်ကမ်းလုပ်ငန်းများ အပါအ၀င် ပြည်သူပိုင်လုပ်ငန်း အများအပြားဖြင့် စစ်တပ်ရန်ပုံငွေ ရှာပေးနေသော စီးပွားရေး အစုအဖွဲ့ဖြစ်သည်။

Geen opmerkingen: