မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 5 april 2010

ပါတီပိုင် ပစ္စည်းများ စီမံခန့်ခွဲရေး ကော်မတီ NLD ဖွဲ့စည်း

ကိုထွေး Monday, April 05, 2010
.အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကတရားဝင်ပါတီအဖြစ်မှဖျက်သိမ်းခြင်းခံရပါကပါတီပိုင် ပစ္စည်းများနှင့် ပတ်သက်၍လိုအပ်သည်များဆောင်ရွက်နိုင်ရန်အတွက်စီမံခန့်ခွဲရေးကော်မတီကို ယနေ့ ဖွဲ့စည်းလိုက်သည်။
NLDသည်မေလ၇ရက်နေ့မတိုင်မီရွေးကောက်ပွဲကော်မရှင်ထံတွင်မှတ်ပုံတင်ခြင်းမပြုဟု ဆုံးဖြတ်ထားသဖြင့် တရားဝင်ပါတီ အဖြစ်မှ ဖျက်သိမ်းခံရပါက ပါတီပိုင်ပစ္စည်းများကို စီမံခန့်ခွဲနိုင်ရန် ယင်းအဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်သည်ဟု ဆိုသည်။
ယင်းအဖွဲ့ကို ဒုဥက္ကဋ္ဌ ဦးတင်ဦးက ဦးဆောင်၍ အဖွဲ့ဝင် ၁၇ ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။
NLDခေါင်းဆောင်တဦးဖြစ်သူ ဦးဝင်းတင်က“ပါတီက မှတ်ပုံ မတင်ဘူးဆိုတဲ့ အနေအထားရောက်တယ်ဆိုရင် ပါတီက တရားဝင် ရပ်တည်နိုင်တဲ့ အနေအထားတော့ ရှိမှာ မဟုတ်တော့ဘူး၊ အဲသလို မရှိဘူး ဆိုရင် ရုံးတို့ ဘာတို့ အနေအထားက ပိတ်ရင် လည်း ပိတ်မယ်ပေါ့။ အဲဒါက သူတို့ အပေါ်မှာတည်မှာပဲ၊ မတော်တဆ ပိတ်လိုက်ရင် ပါတီမှာ စာရင်းတွေ ရှိတယ်၊ အဲဒါတွေ အကုန်လုံး အတွက် အဆင်သင့် ဖြစ်အောင် လုပ်တာပါ” ဟု ပြောသည်။
NLDကရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်မည်မဟုတ်ဟုဆုံးဖြတ်ထားသော်လည်းရွှေဂုံတိုင် ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အတိုင်း ပြည်သူလူထု၊ ဒီမိုကရေစီအရေးတောပုံကို ကျောခိုင်းသွားမည် မဟုတ်ကြောင်း၊ ပြည်သူလူထုနှင့် တသားတည်းရှိနေပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြု၍ ဒီမိုကရေစီရည်ရွယ်ချက်များ အောင်မြင်သည် အထိ စနစ်တကျ ငြိမ်းချမ်းစွာ ကြိုးပမ်းသွားမည်ဟု ယနေ့ အစည်းအဝေးတွင် ဆုံးဖြတ်ကြကြောင်း သိရသည်။
NLD ခေါင်းဆောင်များနှင့် နိုင်ငံတ၀န်းရှိ ဗဟိုဦးစီး အဖွဲ့ဝင် ၁၁၃ဦးတို့သည် ပြီးခဲ့သည့် သတင်းပတ်က ကျင်းပသည့် ဆွေးနွေးပွဲတွင် ပါတီ ပြန်လည် မှတ်ပုံတင်ခြင်း မပြုရန်နှင့် ရွေးကောက်ပွဲ မ၀င်ရန် ဆုံးဖြတ်ခဲ့ကြသည်။

Geen opmerkingen: