သန်းထိုက်ဦး Monday, April 05, 2010
.ဧပြီ ၂၂ ရက်နေ့ မတိုင်မီ နယ်ခြားစောင့် တပ်အဖြစ် အသွင် ပြောင်းခြင်း မပြုပါက အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ ဖြစ်သော ဝပြည် သွေးစည်း ညီညွှတ်ရေး တပ်မတော် UWSAကို မတရား အသင်းအဖြစ် ကြေညာမည် ဟု အစိုးရက ခြိမ်းခြောက် လိုက်ကြောင်း သိရသည်။
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ၏ တပ်ဖွဲ့ဝင်တဦ (ဓာတ်ပုံ - Ryan Libre)
ပြီးခဲ့သည့်တပတ်အတွင်းကUWSAနှင့်စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်တို့ ရှမ်းပြည်နယ်တန့်ယန်းမြို့တွင်တွေ့ဆုံစဉ်ထိုသို့ခြိမ်းခြောက် ခဲ့ခြင်း ဖြစ်ကြောင်း တရုတ်-မြန်မာ နယ်စပ်အရေးကို လေ့လာ စောင့်ကြည့်နေသူ ဦးအောင်ကျော်ဇော်က ဧရာဝတီသို့ ပြောသည်။
“လက်နက်ကိုင် အဖွဲ့တွေကို မတရားအသင်း ကြေညာ ပြီးရင်တော့ စစ်အစိုးရက အပစ်ရပ် အဖွဲ့တွေနဲ့ ဆွေးနွေး ညှိနှိုင်းတော့မှာ မဟုတ်ဘူးလို့ ပြောတယ်” ဟု ဦးအောင်ကျော်ဇော်က ရှင်းပြသည်။
UWSA သည် ရှမ်းပြည်နယ် အရှေ့ပိုင်း ဒေသတွင် အခြေစိုက် လှုပ်ရှားလျက်ရှိသည်။ စစ်အစိုးရ၏ အခြေခံ ဥပဒေ တွင်လည်း ဝ ဒေသကို ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ထည့်သွင်း ပြဋ္ဌာန်းထားပြီး ဖြစ်သည်။
အခြေခံဥပဒေတွင် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်းခမ်း) စသည့် မြို့နယ်များကိုခရိုင်၂ ခရိုင် ဖွဲ့ပြီး “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း”အဖြစ် ဖော်ပြထားသည်။ သံလွင်မြစ် အရှေ့ဘက်ခြမ်းမှ ထို မြို့နယ် ၆ ခုမှာ တရုတ် မြန်မာ နယ်စပ်တွင် တည်ရှိသည်။
ဤအတောအတွင်း စစ်အစိုးရသည် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)နှင့် မြစ်ကြီး နားမြို့တွင် နယ်ခြားစောင့်တပ် အရေး ဆွေးနွေးကြသည်ဟု KIO ၏ ဒုတိယ နိုင်ငံခြားရေး တာဝန်ခံ ဂျိမ်းစ်လွမ်းဒေါင်က ဧရာဝတီကို ပြောသည်။ ယမန်နေ့က ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ၏ အခြေအနေများကို သူက ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
ဤအတောအတွင်းကချင်နိုင်ငံရေးသမား တချို့ကလည်းKIOတပ်များကိုကို အစိုးရ ညွှန်ကြားထားသည့်အတိုင်း နယ်ခြားစောင့်တပ်များ အဖြစ် အသွင် ပြောင်းရန် အကြံပေးလျက်ရှိသည်ဟု ထိုင်းနိုင်ငံအခြေစိုက် ကချင် သတင်းစဉ်မှ အယ်ဒီတာ လဖိုင်နော်ဒင်းက ပြောသည်။
အစိုးရကဖိအားပေးတိုက်တွန်းသဖြင့်ထိုသို့အကြံပေးခြင်းဖြစ်မည်ဟုKIOအရာရှိတချို့က ယူဆနေကြကြောင်း လဖိုင်နော်ဒင်းက ပြောသည်။
စစ်အစိုးရသည် ယခုနှစ် ပြုလုပ်မည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲ မတိုင်မီ အပစ်ရပ် အဖွဲ့များကို နယ်ခြားစောင့် တပ်များ အဖြစ် အသွင် ပြောင်းလဲရေးကို လိုလားနေကြောင်း သိရသည်။ ဤအတောအတွင်းတပ်မတော် ခေါင်းဆောင်များက အပစ်ရပ် အဖွဲ့များနှင့် ဆက်တိုက် တွေ့ဆုံနေကြသည်။
ယခု အချိန်အထိ အပစ်ရပ် အဖွဲ့ ၃ ဖွဲ့က အသွင်ပြောင်းပြီး ဖြစ်သည်။
အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၇ ဖွဲ့ ရှိသည်။

Geen opmerkingen:
Een reactie posten