မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 april 2010

အဲပုဂံက ခရီးစဉ် တိုးချဲ့မည်

အောင်သက်ဝိုင်း Wednesday, April 07, 2010
.အဲပုဂံလေကြောင်းလိုင်းသည်မကြာသေးမီက၀ယ်ယူထားပြီးဖြစ်သောလေယာဉ်သစ်များဖြင့်ပြည်တွင်း ပြည်ပခရီးစဉ်များကိုတိုးချဲ့ပျံသန်းမည်ဟုသိရသည်။
လေယာဉ်သစ်၃စီးထက်မနည်းဝယ်ယူထားရာထိုအထဲတွင် A-320၁ စီး၊ ATR 72-500 ၂ စီး ပါဝင်ကြောင်း အဲပုဂံလေယာဉ်မှူးကြီးတဦးကပြောသည်။
      ဗိုလ်ချုပ်ကြီးများနှင့်အတူ တွေ့ရသော အဲပုဂံလေကြောင်းလိုင်း ပိုင်ရှင် ဦးတေဇ (ဓာတ်ပုံ - Lotus)
ထိုလေယာဉ်သစ်များဖြင့်ပြည်ပခရီးစဉ်တိုးချဲ့မည်ဟုအဲပုဂံလေကြောင်းလိုင်းဒါရိုက်တာအဖွဲ့ဝင်တဦးက အတည်ပြု ပြောသည်။
“ဒီနှစ်ကုန်ပိုင်းလောက်ကျရင်ထိုင်း၊စင်ကာပူ၊မလေးရှားနဲ့အခြားအာဆီယံနိုင်ငံတွေကိုခရီးစဉ်သစ်တွေ ထပ်ပြီး ပျံသန်းဖို့ ရှိတယ်။ပြည်တွင်းမှာလည်း ခရီးစဉ်တွေ ဖြန့်ကြက် ပျံသန်းဖို့ ရှိတယ်”ဟုသူက ရှင်းပြသည်။
အဲပုဂံတွင် စုစုပေါင်း လေယာဉ် ၈ စီး ရှိသည်။ လေယာဉ် အမျိုးအစား များမှာ A310 ၂ စီး၊ F-100 ၂ စီး၊ ATR-72 ၂ စီး၊ ATR-42 ၂ စီးတို့ ဖြစ်သည်ဟု အဲပုဂံ၏ ဖေဖော်ဝါရီလထုတ် Lotus စာစောင်တွင် ဖော်ပြထားသည်။ လေယာဉ်သစ်များ ထပ်မံ ရောက်ရှိ လာပါက လေယာဉ် စုစုပေါင်း ၁၀ စီးကျော် ရှိလာမည် ဖြစ်သည်။
ယခုအခါ မြန်မာပြည်တွင်း ၁၆ မြို့၊ အာရှ ၇ နိုင်ငံသို့ ပြေးဆွဲနေသည်ဟု သိရသည်။
သက်တမ်း၅နှစ်ကျော်လာပြီဖြစ်သည့်အဲပုဂံ၏ခရီးစဉ်များမှာအောင်မြင်မှုရရှိ နေကြောင်းရန်ကုန်မှခရီးသွား အေဂျင်စီများက ပြောသည်။
“အဲပုဂံကပြေးနေတဲ့ပြည်တွင်းပြည်ပခရီးစဉ်တွေအားလုံးရဲ့လေယာဉ်လက်မှတ်ကဘွတ်ကင်တွေ အပြည့်ပါပဲ။ မေ၊ဇွန်လောက်ထိကို ပြည့်နေတာပါ”ဟု ရန်ကုန်မှ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် တဦးက ပြောသည်။
အဲပုဂံပိုင်ရှင်ဦးတေဇသည်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏စီးပွားရေးလူယုံဖြစ်သည်ဟုရန်ကုန်မှ လုပ်ငန်းရှင်များက ယူဆကြသည်။
အဲပုဂံနှင့်ပြိုင်ဘက်ဖြစ်နေသောလေကြောင်းလိုင်းတခုမှာအပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း(MAI) ဖြစ်သည်။
MAI ကို ကမ္ဘောဇဘဏ်က ၈၀ ရာခိုင်နှုန်း ပိုင်ဆိုင်တော့မည်ဟု ရန်ကုန်အခြေစိုက် 7 DAYS ဂျာနယ်က ဖေဖော်ဝါရီလဆန်းတွင် ရေးသားခဲ့သည်။ ထိုဘဏ်၏ ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းသည် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ စီးပွားရေး လူယုံ ဖြစ်သည်ဟု သိရသည်။
အဲပုဂံ နှင့် MAIတို့ လေကြောင်း ခရီးစဉ်များ အပြိုင် ပြေးဆွဲနေသောကြောင့် စစ်အစိုးရ ခေါင်းဆောင် နှစ်ဦး၏ လူယုံနှစ်ဦး အကြား စီးပွားရေး ပြိုင်ဆိုင်မှု အမြင့်ဆုံး ရောက်နေသည်ဟု ဆိုနိုင်ကြောင်း ရန်ကုန်မှ စီးပွားရေးသမားတချို့က သုံးသပ်ကြသည်။
လေကြောင်းလိုင်း ၂ ခုလုံး၏ အာရှနိုင်ငံ ခရီးစဉ် အများအပြား တူညီနေကြောင်း တွေ့ရသည်။

Geen opmerkingen: