မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 april 2010

“ ဘ၀လမ်း ”



ရပ်တန့်နေလို့မရဘူ့း့ 
ခရီးတွေဆုံးအောင်အထိဆက်ရအုံးမယ်
ဘ၀ဆိုတာမျိုးကရှည်လျှားတယ်
ထွေပြားတယ်၊ဒုက္ခအခက်အခဲတွေလည်းများတယ်
ရိုးရိုးသားသားနဲ့ခရီးဆက်ချင်လည်း
တခါတလေမှာကြုံလာရမယ့်
အခက်အခဲတွေအတွက်
ခံနိုင်ရည်အင်အားတွေရှိရမယ်
မယုတ်မာပဲ
အန္တရာယ်ကိုလှည့်စားတတ်တဲ့
မာယာပရိယာယ်တွေသုံးတတ်ရမယ့့်  ။
အတိတ်ဆိုတာမျိုးက့ 
ကိုယ်သွားလေရာမှာအရိပ်လိုလိုက်နေလို့
ခြောက်ပြစ်ကင်းတွေမဟုတ်ကြပေမယ့်
ရာဇ၀င်ဆိုးတွေသမိုင်းမှာမကျန်ခဲ့အောင်
ကိုယ်ပိုင်အသိတရားနဲ့
ရေရှည်အတွက်တွေးကာ
စဉ်းစားဆင်ခြင်လုပ်ဆောင်သင့်တယ့့်  ။
အတွေးအခေါ်တချက်မှားကာ့ 
လက်တွေ့လုပ်ရပ်ပါမှားသွားခဲ့ရင်တော့
ကိုယ်အမှားပြုခဲ့တဲ့အမှု
သောကရဲ့နောက်ကွယ်က
ဗျာဗါဒတွေပါဆက်ဝင်လာတတ်တယ့့်  ။



ဇာနည်မောင်





Geen opmerkingen: