မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 7 april 2010

ယဉ်ကျေးမှုဇုန်နှင့် ပြတိုက်များတွင် ကြိုတင်ငွေ ကောက်ခံမည်

မျိုးချစ်သူ/ ၇ ဧပြီ ၂ဝ၁ဝ
မြန်မာနိုင်ငံရှိယဉ်ကျေးမှုဇုန်နှင့်ပြတိုက်များတွင်ကြိုတင်ငွေပေးစနစ်ဖြင့်ဝင်ကြေးကောက်ခံတော့မည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူက ပြောသည်။
အဆိုပါစနစ်ကို ပထမဆုံးအကြိမ် ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံခြားသားဧည့်သည်များ၊TourAgentများ၊ ခရီးသည်များအနေဖြင့်ဇုန်ဝင်ကြေးပေးဆောင်ရာတွင်အဆင်ပြေလွယ်ကူစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
အွန်လိုင်းမှကြိုတင်ငွေပေးစနစ်ဖြင့်ရောင်းချနိုင်ရန်တာဝန်ယူဆောင်ရွက်ရသည့် ၀င်းနားကွန်ပျူတာကုမ္ပဏီမှတာဝန်ရှိသူတဦးက“PrepaidCardပုံစံအမျိုးအစားကPlasticဖြစ်ပြီး အရွယ်အစားက(8.5cmx5.5cm) ဖြစ်ပါတယ်။နိုင်ငံခြားသားတွေလာတဲ့အခါအဲဒီကတ်ကို တိုးကုမ္ပဏီတွေဆီက ၀ယ်ရမှာပါ။ Card တွေကို ကြိုတင်ရောင်းချထားဖို့ စီစဉ်ထားပါတယ်”ဟု ရှင်းပြသည်။
အဆိုပါ Card များအား ဇုန်ဝင်ကြေးကောက်ခံသည့်ဂိတ်တွင် ပြသရမည်ဖြစ်ပြီးCardမှSerialNoနှင့် Pin Noတို့ကိုတိုက်ဆိုင်စစ်ဆေးကာနိုင်ငံခြားသားအမည်၊PassportNo၊နိုင်ငံသားစသည်တို့ကိုထည့်သွင်း၍ သတ်မှတ်ထားသော ကာလအလိုက် Card ကို Activate ပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါအစီအစဉ်ကို မေလဆန်းတွင် စတင်မည်ဖြစ်သည်ဟု ရှေးဟောင်းသုတေသနမှ တာဝန်ရှိသူက ပြောသည်။
၎င်းက “Cardမ၀ယ်ရသေးတဲ့နိုင်ငံခြားသားတွေကိုအ၀င်အထွက်မှာပဲရောင်းချနိုင်အောင်လုပ်ပါမယ်။ Activateလုပ်ပေးနိုင်အောင်စီစဉ်ထားပါတယ်။နေ့စဉ်ဝင်ရောက်တဲ့အချက်အလက်တွေကိုနေ့စဉ်သိရှိနိုင်ဖို့ Report တွေကိုလည်း စီစဉ်ဆောင်ရွက်ထားရှိပါတယ်” ဟု ပြောသည်။
ဝါရင့်ဧည့်လမ်းညွှန်းများ၊အတွေ့အကြုံရခရီးသွားကုမ္ပဏီများကမူအဆိုပါcardကိုစစ်ဆေးမှုများ ပြုလုပ်ရာတွင် အချိန်ကြာနိုင်ကြောင်း ပြောသည်။
ကျနော်တို့အတွေ့အကြုံအရတော့ဧည့်သည်တွေက ရှေးဟောင်းပြတိုက်တခုကို ရောက်သွားပြီဆိုရင် တန်းပြီးတော့ဝင်ကြတာ၊အပေါက်ဝမှာစောင့်နေတာမျိုးမကြိုက်ဘူး။အခုcardစနစ်ကတော့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအတွက်ငွေယိုပေါက်တွေမရှိအောင်လုပ်တာပါ။ ခရီးသည်တွေအတွက်တော့ အနှောင့်အယှက်ဖြစ်မှာ အမှန်ပဲ” ဟု ၀ါရင့်ဧည့်လမ်းညွှန်တဦးက ပြောသည်။
ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ တာဝန်ရှိသူကမူ ရှေးဟောင်းဇုန်များကို လာရောက်သည့် နိုင်ငံခြားသားများ ၀င်ကြေးအဖြစ်ပေးသော ဒေါ်လာများမှာ စုတ်ပြဲ ဟောင်းနွမ်း စွန်းထင်းမှုများရှိကြောင်း၊ ထိုငွေများကို မြန်မာ့စီးပွားရေးဘဏ်က လဲမပေးသည့်အတွက် ငွေကြေးကိစ္စအရှုပ်အရှင်းရှိရကြောင်း၊ ယခုကဲ့သို့ ကြိုတင်ငွေပေးသွင်း ကတ်စနစ်ကြောင့် ယင်းပြဿနာ ရှင်းသွားနိုင်မည်ဖြစ်ကြောင်း ပြောသည်။
မြန်မာတနိုင်ငံလုံးတွင်ပုဂံ၊မြောက်ဦး၊ပဲခူးအပါအ၀င်ရှေးဟောင်းဒေသအဖြစ်သတ်မှတ်ထားသည့် ဒေသနေရာ(၃၁)နေရာရှိပြီးရှေးဟောင်းသုတေသနပြတိုက်(၁၃)ခုနှင့်ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် (၉) ခုရှိကြောင်း ယဉ်ကျေးမှု ၀န်ကြီးဌာန စာရင်းများအရ သိရသည်။





Geen opmerkingen: